နေမကောင်းခဏခဏဖြစ်နေရတာကို စိတ်ညစ်နေပြီလား။ ကျန်းမာရေးကအဖိုးမဖြတ်နိုင်တဲ့အရာပါ။ လူတစ်ယောက်မှာ ကျန်းမာမှ အရာရာကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အမြဲကျန်းမာအောင်နေနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းကတော့ မဖျားအောင်ကြိုတင်ကာကွယ်တာပါ။ ကိုယ်ခံအားကောင်းနေစေဖို့က ကိုယ်တိုင်လုပ်ဆောင်လို့ရတဲ့အရာတစ်ခုပါ။ ကိုယ်ခံအားကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးပြောပြမယ်နော်။