backup og meta

ဟင်းနုနွယ် ကပေးတဲ့ အသားအရေ လှပခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟင်းနုနွယ် ကပေးတဲ့ အသားအရေ လှပခြင်း

    ဟင်းနုနွယ် လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်း မျက်လုံးထဲမှာ မြင်ကြမယ်ထင်ပါတယ်။ ဟင်းနုနွယ်က စားလို့ ကောင်းသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များပါတယ်။ ဒီတစ်ခေါက်တော့ ဟင်းနုနွယ် စားပေးတာက ကျန်းမာရေးအတွက်တင် မဟုတ်ဘဲ အသားအရေကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ဟင်းနုနွယ်မှာ ဘာတွေ ပါလဲ။

    အစိမ်းရောင် ရင့်ရင့်နဲ့ ဟင်းနုနွယ်ရွက်ကလေးမှာ

    ဟင်းနုနွယ် ကပေးတဲ့ အသားအရေ လှပခြင်း

    ဟင်းနုနွယ် ကပေးတဲ့ အသားအရေ လှပခြင်း

    အစိမ်းရင့်ရောင် ရှိတဲ့ ဟင်းနုနွယ်ရွက်က နည်းနည်းလေး ခါးသက်သက် ဖြစ်ပေမယ့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရ များစွာကို ပိုင်ဆိုင်ထားတဲ့ ဟင်းနုနွယ်ရွက်ကို အသားအရေ ကျန်းမာလှပစေဖို့အတွက် အသုံးပြုကြပါတယ်။

    ကဲ …. ဟင်းနုနွယ်ရွက်လေးက အသားအရေ လှပမှုအတွက် ဘယ်လိုတွေ ထောက်ကူပေးနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ……..

    ဝက်ခြံ သက်သာစေနိုင်တယ်

    ဟင်းနုနွယ်က ဝက်ခြံတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အရေပြားပေါ်က အဆီတွေ၊ ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

    ဝက်ခြံ သက်သာစေဖို့ ဟင်းနုနွယ်ရွက်ကို စားပေးလို့ ရသလို အရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ကို ဝက်ခြံပေါ်မှာ အသုံးပြုပေးလို့ ရပါတယ်။

    နေလောင်ဒဏ်ကနေ ကာကွယ်ပေးတယ်

    ဟင်းနုနွယ်ရွက်မှာ ဗီတာမင် B ပါဝင်နေတာကြောင့် အရေပြားကို ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးပြီး အရေပြား အရောင်မညီတာ၊ အရေပြားကင်ဆာလိုမျိုး အရေပြား ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    အရွယ်တင်စေနိုင်တယ်

    ဟင်းနုနွယ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွေကို ထိထိရောက်ရောက် တိုက်ဖျက်ပေးပါတယ်။ အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရွယ်တင်စေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသားအရေလေး တင်းရင်းနေစေဖို့ ဟင်းနုနွယ်ရွက်ကို စားပေးလို့ ရပါတယ်။

    အသားအရေကို ကြည်လင်စေနိုင်တယ်

    ဟင်းနုနွယ်မှာ ဗီတာမင် K နဲ့ ဖောလိတ် ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်လှပစေနိုင်ပါတယ်။ ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးသလို ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ဝက်ခြံ အမာရွတ်နဲ့ အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။ အရေပြား ယားယံတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    အရေပြားကို အသစ်ဖြစ်ပေါ်စေနိုင်တယ်

    ဟင်းနုနွယ်ရွက်မှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် အရေပြားကို ကြည်လင်ဝင်းပစေနိုင်သလို ဗီတာမင် C က ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေနိုင်ပါတယ်။ အသားအရေကို ကြည်လင်လှပစေပြီး အရွယ်တင် နုပျိုစေနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် အရေပြားပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဟင်းနုနွယ်ကို စားပေးတာ၊ အရေပြားမှာ အသုံးပြုပေးတာက အခုလိုအကျိုးကျေးဇူးတွေ ရရှိစေမှာပါ။ အရေပြားမှာ အသုံးပြုမယ်ဆိုရင်တော့ Skin testလုပ်ဖို့ လိုပါတယ်။

    ကဲ ….. ဟင်းနုနွယ်ရွက်လေးကို စားသုံးပေးတာက အသားအရေကို အခုလိုလေး လှပစေမှာပါ။ ဘယ်လိုလဲ အသားအရေ လှပစေဖို့ ဟင်းနုနွယ်ကို စားမယ်ဟုတ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement