ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် တိုးလာတာအပြင် တခြား ခန္ဓာကိုယ်ပြောင်းလဲမှုတွေလည်း ရှိနိုင်ပါတယ်။
-သွေးလည်ပတ်မှု ကောင်းတာကြောင့် ပန်းဆီရောင်သန်းတာ၊ ခေါင်းမူးတာ
-သားအိမ်ကြီးလာတာကြောင့် ဗိုက်ဖောင်းလာတာ
-နို့တိုက်ဖို့အတွက် ရင်သားပြောင်းလဲမှုတွေ ဖြစ်လာတာ
-ဝမ်းချုပ်တာ၊ ရင်ပူတာ
သားအိမ်ထဲမှာ ကလေးလေး ကျန်းမာပြီး အန္တရာယ်ကင်းကင်းနဲ့ ကြီးထွားလာစေဖို့ မိခင်ရဲ့ ခန္ဓာကိုယ်က ပြောင်းလဲမှုတွေ လုပ်ပေးရပါတယ်။