backup og meta

ထိုင်ထလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော် ။ ။

ထိုင်ထလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော် ။ ။

တင်ပါးက ပြားနေလို့၊ တင်းပါးဘေးက ချိုင့်နေလို့၊ တင်ကျနေလို့ဆိုပြီး စိတ်ညစ်နေကြတဲ့ ချိမတို့ရှိလား။ မိန်းကလေးပဲလေ။ အခြားနေရာတွေ မကိတ်ရင်နေပါစေ။ တင်ပါးလေးမှာတော့ ကိတ်ချင်ကြတာပေါ့နော်။ ဒါပေမယ့် ကိုယ်က နဂိုတည်းက ကိတ်တဲ့သူမဟုတ်တော့ တင်ပါးဝိုင်းပြည့်ပြည့်လေးရဖို့ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုရင် ထိုင်ထလေ့ကျင့်ခန်း ကို ပြေးမြင်မိမှာပေါ့နော်။

စိတ်ကူးထဲက တင်ပါးဝိုင်းဝိုင်းလေးရဖို့ ကြိုးစားနေကြတဲ့ မမတိုင်း ဒါလေးတွေသိသင့်ပါတယ်။ ။

လေ့ကျင့်ခန်းအားလုံးမှာ အရေးအကြီးဆုံးကတော့ ဘယ်လောက်ပုံမှန်လုပ်ဖြစ်လဲ ( frequency ) ဆိုတာနဲ့ လုပ်တဲ့အချိန် စိုက်ထုတ်တဲ့အား( intensity ) ပါပဲ။ ဒီတော့ တင်ပါးလေ့ကျင့်ခန်း ထိုင်ထ လုပ်တဲ့နေရာမှာလည်း သိသင့်တဲ့ အခြေခံအချက်တွေ အတိုင်း လိုက်နာမယ်ဆိုရင် ပြောင်းလဲလာမယ့် သင့်တင်ပါးလေးကို ၁၂ပတ်အတွင်း မြင်ရမှာပါ။ ကဲ ဆက်ကြည့်လိုက်ရအောင်။ ။

ဘယ်လောက်ပြင်းပြင်းထန်ထန်လုပ်ရမလဲ ။ ။ ( Intensity)

ထိုင်ထ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် တင်ပါးမှာ ရှိတဲ့ ကြွက်သားတွေကို ထိအောင် လုပ်ဖို့ လိုပါတယ်။ မဟုတ်ရင်  ပေါင်က ကြွက်သားတွေကိုပဲ လေ့ကျင့်မိသလို ဖြစ်နေမှာပါ။ ထိုင်ထလေ့ကျင့်ခန်းမှာလည်း အမျိုးမျိုး ရှိပါတယ်။ ဥပမာ Back squat, Sumo squat, Lateral squat စသဖြင့်။

  • လေ့ကျင့်ခန်း တစ်မျိုးကို တစ်ကြိမ်မှာ ၅-၁၅ကြိမ် အနည်းဆုံး ၃ခါလောက် ပြန်ကျော့ကျော့ပြီး လုပ်ပေးပါ။
  • အချိန်သိပ်မပေးရတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေမှာ အလေးချိန်များတဲ့ ဝိတ်တုံးတွေကိုသုံးပြီး အချိန်နည်းနည်းကြာမယ်ထင်တဲ့ လေ့ကျင့်ခန်းတွေမှာတော့ ဝိတ်တုံးပေ့ါတာလေးတွေ သုံးပြီး လုပ်ပါ။ ဒီလို အလေးတွေ ညှိလိုက်မှ ကြွက်သားနဲ့ အလေးတွေ အားမျှသွားလို့ ကိုယ်လုပ်တဲ့လေ့ကျင့်ခန်းတွေက ထိရောက်မှုရှိမှာဖြစ်ပါတယ်။
  • လုပ်ရင်းလုပ်ရင်းနဲ့ ကြွက်သားအားမရှိသလိုဖြစ်သွားရင် ခဏနားပြီးမှ ပြန်လုပ်ပါ၊

တစ်ပတ်ကို ဘယ်နှစ်ကြိမ်လောက်ပုံမှန် လုပ်ပေးရမှာလဲ ။ ။

တစ်ပတ်အတွင်းလုပ်တဲ့ လေ့ကျင့်ခန်း အကြိမ်ရေကလည်း ကိုယ်လိုချင်တဲ့ ကိုယ်ခန္ဓာကို ပြောင်းလဲတဲ့နေရာမှာ အရေးကြီးတဲ့ အရာတစ်ခုပါ။

  • တင်ပါးဝိုင်းဝိုင်းလေး မြန်မြန်ရဖို့ဆိုရင်  high intensity ထိုင်ထလေ့ကျင့်ခန်း ကို တစ်ပတ် ၂ ကြိမ်လုပ်ပေးပါ။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားထဲမှာ အနည်းဆုံး ၃ ရက်လောက်ခြားပေးပါ။ ဒါမှ ကြွက်သားတက်ဖို့ အချိန်ပေးသလိုဖြစ်မှာကြောင့်ပါ။

ထိုင်ထလေ့ကျင့်ခန်း တစ်မျိုးတည်းနဲ့ မလုံလောက်သေးပါဘူး။

တင်ပါးလေ့ကျင့်ခန်းမှာ အရေးအကြီးဆုံးက ထိုင်ထဆိုတာမှန်ပေမယ့် တင်ပါးဝိုင်းဝိုင်းပြည့်ပြည့်လေးရဖို့ ထိုင်ထ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒီတော့ အခြား တင်ပါးလေ့ကျင့်ခန်းတွေလုပ်ပေးဖို့လည်းလိုပါသေးတယ်။ ဘယ်လိုအမျိုးအစားတွေ လုပ်ပေးရမလဲဆိုတာသိချင်ရင် You Tube မှာ Butt toning Workout videos တွေရှာလို့ရသလို google မှာ butt workout ဆိုပြီး ရိုက်ရှာကြည့်လို့ရပါတယ်။

ဘယ်လေ့ကျင့်ခန်းပဲလုပ်လုပ် ကျန်းမာရေးကို ထိခိုက်မှု မရှိစေဖို့က အရေးအကြီးဆုံးဖြစ်တာကြောင့်

  • တင်ပါးလေ့ကျင့်ခန်းတွေ မလုပ်ခင် ကိုယ့်ရဲ့ ကြံ့ခိုင်မှုကို အရင်ဆုံး စစ်ဆေးပါ။
  • ဝိတ်တုံးအလေးကြီးတွေ မ မခင် သွေးပူအောင် ထိုင်ထ အခါ ၂၀ ကို ဝိတ်တုံးအပေ့ါလေးတွေ နဲ့ လုပ်ပေးပါ။
  • လေ့ကျင့်ခန်းတစ်ခုမှာ သွေးပူလေ့ကျင့်ခန်း အရေးကြီးသလို လေ့ကျင့်ခန်းလုပ်ပြီး အကြောပြန်လျှော့ဖို့ကလည်း အဓိကျကတဲ့ အရာတစ်ခုပါ။

သိကိုသိထားရမယ့် အချက်တွေကတော့

  • ထိုင်ထလုပ်ချိန်မှာ ခါးကို အားမပြုဘဲ ကိုယ့်တင်ပါးကြွက်သားတွေကို အားပြုဖို့ပါ။
  • ထိုင်ထလုပ်နေချိန် ဒူးခေါင်းတွေ ပေါင်တွေ နာလာခဲ့ရင် လုပ်နေတာကို ချက်ချင်းရပ်လိုက်ပါ။

လှပတဲ့ ကိုယ်ခန္ဓာတစ်ခုကို တည်ဆောက်တဲ့နေရာမှာ လေ့ကျင့်ခန်းတင်မဟုတ် အစားအသောက်ကလည်းအရေးကြီးတာကြောင့် ကိုယ့်တင်ကို ကြီးပြီး ကိတ်စေမယ့် အစားအသောက်တွေ ရွေးစားပေးဖို့လည်း လိုပါသေးတယ် ။ ။ ကိုယ်လုပ်ရင်လုပ်သလောက် ကိုယ်ခန္ဓာက ပြောင်းလဲလာမှာ ဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူး။ ကဲ ဒီနေ့က စပြီး ကြိုးစားလိုက်ရအောင် ။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.livestrong.com/article/335802-how-many-squats-must-you-do-for-a-great-butt/

Accessed Date 26.6.2019

https://www.runtastic.com/blog/en/the-6-best-exercises-for-a-better-butt/

Accessed Date 26.6.2019

ယခုပုံစံ

17/08/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပြားချပ်ချပ် တင်ပါးလေးကို ဘယ်လိုပုံပြန်သွင်းမလဲ

တင်ပါးဆုံနှင့် ပေါင်သားရှိအဆီခဲများကို အဆီကျ သက်သာစေရန် နည်းလမ်း ၅သွယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement