backup og meta

6

မျှဝေပါ။

သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော်

သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော် …. သွေးပေါင်ကျတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အကြောင်းရင်းပေါ် မူတည်ပြီး အရေးကြီးလား၊ အရေးမကြီးဘူးလားဆိုတာက ကွာသွားပါတယ်။ ဒါပေမယ့် ရောဂါအခံတစ်ခုခုရှိမယ်ဆိုရင်တော့ အမြန်ဆုံးကုသမှုခံယူတာ အကောင်းဆုံးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ သွေးပေါင်ကျတဲ့အခါမှာဖြစ်ဖြစ်၊ သွေးပေါင်ကျတတ်ရင်ဖြစ်ဖြစ် ဘာတွေစားသင့်လဲဆိုတာကို ဆွေးနွေးပြောပြပေးပါရစေ။

သွေးပေါင်ကျရင် ဘာတွေခံစားရနိုင်လဲ

ခန္ဓာကိုယ်က ဝေဒနာတစ်ခုခုကို ခံစားရတဲ့အခါ လက္ခဏာလေးတွေ ပြတတ်ပါတယ်။ ဒီလိုပါပဲ။သွေးပေါင်ကျတဲ့အခါ မှာ အခုလိုမျိုး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော်

သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော် ဆိုတော့ ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။

သကြားမုန်လာမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာပါဝင်နေသလို နိုက်ထရိတ်ဒြပ်ပေါင်း ပါဝင်တာကြောင့် ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှုကို တိုးစေနိုင်ပါတယ်။ အဆိုပါ နိုက်ထရိတ်ဒြပ်ပေါင်းက သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေပြီး သွေးတွင်းအောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကို တိုးစေနိုင်တာကြောင့် သွေးပေါင်ကျတာကို သက်သာစေနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် တာဝန်ယူလုပ်ဆောင်ပေးတဲ့ ဘီတာကယ်လ်ရိုတင်းကြွယ်ဝစွာ ပါဝင်နေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အပင်ထွက်ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ glutathione လည်း ကြွယ်ဝပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်အနှံ့သွေးစီးဆင်းရောက်ရှိမှုကို ကောင်းစေနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။ မနက်ခင်းဘာမှမစားခင်မှာ မုန်လာဥနီဖျော်ရည်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီးသောက်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်သောက်ပေးမယ်ဆိုရင် သွေးပေါင်ကျတာ သက်သာစေမှာပါ။

သံပရိုသီးက သွေးတိုးတာအတွက်ရော၊ သွေးပေါင်ကျတာအတွက်ပါ အသုံးတည့်တဲ့ သဘာဝအသီးအနှံတစ်ခုပါ။ ကိုယ်တွင်းမှာ ရေဓာတ်နည်းသွားတဲ့အခါသွေးပေါင်ကျတာဖြစ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ သံပရိုသီး၊ သကြားအနည်းငယ်နဲ့ ဆားအနည်းငယ်ကို ရောစပ်ပြီး ထည့်သွင်းစားသုံးမယ်ဆိုရင် အသည်းလုပ်ဆောင်မှုကို ကောင်းစေပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို ခန္ဓာကိုယ်မှာ သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေနိုင်ပါတယ်။

ရွှေညိုရောင်သန်းနေတဲ့ အခွံမာသီးတစ်မျိုးဖြစ်တဲ့ အယ်လ်မွန်စေ့က သွေးပေါင်ကျတာကို သက်သာစေနိုင်သလို နှလုံးကျန်းမာစေနိုင်ပါတယ်။ အယ်လ်မွန်စေ့မှာ biotin၊ ဗီတာမင် E၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ဖလေဗာနွိုက်တို့ ပါဝင်နေပြီး သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်သလို နှလုံးကျန်းမာစေပြီး ကိုယ်တွင်းသွေးစီးဆင်းရောက်ရှိမှုကို ကောင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အားပြည့်စေပြီး သွေးပေါင်မကျအောင် ထိန်းညှိပေးပါတယ်။

ပင်လယ်စာတွေဖြစ်ကြတဲ့ မက်ကာရယ်ငါး၊ ငါးခူ၊ ငါးရှဉ့် တို့လိုမျိုးငါးတွေမှာ ဆိုဒီယမ်ပါဝင်နေပြီး သွေးပေါင်ကျတာကို သက်သာစေနိုင်ပါတယ်။ သွေးကြောနံရံများအတွင်းက ဖိအားကို တိုးစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို ဆဲလ်တွေတဝိုက်ကရေပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးများတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။ အအေးမိ ချောင်းဆိုးတာကနေစလို့ သွေးတွင်းကိုလက်စထရောများတာနဲ့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေအတွက် အသုံးတည့်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေသလို ရောင်ရမ်းနာကျင်မှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

ဗီတာမင် C၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ကျတတ်သူတွေအနေနဲ့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ပင်စိမ်းရွက်ကို ၆ ရွက် ကနေ ၇ ရွက်လောက်အထိကို ရေစင်စင်ဆေးပြီး အတို့အမြှုပ်အဖြစ်စားပေးလို့ရပါတယ်။ သွေးပေါင်ကျတာအပြင် ခန္ဓာကိုယ်ကိုပါကျန်းမာနေစေမှာ အသေအချာပါ။

ကော်ဖီပူပူလေးတစ်ခွက်က သွေးပေါင်ကျတတ်သူတွေအတွက်တော့ ဆေးတစ်လက်ပါ။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သွေးတွေစီးဆင်းမှုကို ကောင်းမွန်စေပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဒါပေမယ့် တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်တာလောက်ပဲ အသင့်တော်ဆုံးဖြစ်မှာပါ။ ကဖင်းဓာတ်အရမ်းများတဲ့အခါကျရင် ခန္ဓာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်။

  • နွယ်ချိုရေနွေးကြမ်း

သွေးပေါင်ကျနေသူတွေအတွက် သင့်တော်တဲ့ သောက်စရာတစ်ခုပါ။ ဆေးဖက်ဝင်တဲ့အရာတစ်ခုအဖြစ် နွယ်ချိုကို သိထားကြပါတယ်။ ဒါကြောင့်သွေးပေါင်ကျတတ်တယ်ဆိုရင်တော့ နွယ်ချိုရေနွေးကြမ်းကို တစ်နေ့နှစ်ခွက်လောက်သောက်ပေးပါ။

ရေဓာတ်နည်းမှုက ကိုယ်တွင်းသွေးပမာဏကို ကျဆင်းစေနိုင်ပြီး သွေးပေါင်ကျစေရတဲ့ အဓိကအကြောင်းအရင်းပါ။ ဒါကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင်ထားပါ။ ရေများများသောက်တာ ဒါမှမဟုတ် အုန်းရည်ေသာက်တာမျိုးလုပ်ပေးပါ။ ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး သွေးပေါင်ကျတာကို သက်သာစေနိုင်ပါတယ်။

သွေးပေါင်ကျတဲ့ လူတော်တော်များများက ဗီတာမင် B12 ချို့တဲ့နေတတ်ကြပါတယ်။ ဗီတာမင် B12 နည်းတာက သွေးအားနည်းရောဂါကိုဖြစ်စေနိုင်ပြီးသွေးပေါင်ကျစေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် B12 ကြွယ်ဝတဲ့ ကြက်ဥ၊ ဘဲဥတို့ကို ပြုတ်စားတာဖြစ်ဖြစ်၊ ကြော်စားတာဖြစ်ဖြစ် စားပေးပါ။

ဗီတာမင် E၊ သံဓာတ် နဲ့ ကော့ပါးလိုမျိုးဓာတ်တွေ ပါဝင်နေတဲ့အပြင် ဆားဓာတ်အနည်းငယ်ပါဝင်နေတာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီးသွေးပေါင်ကျတာကို သက်သာစေနိုင်ပါတယ်။

ဒီအစားအစာတွေက အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ သွေးပေါင်ကျတတ်သူတွေအတွက် အထောက်အကူဖြစ်မှာပါ။ တကယ်လို့ ရုတ်တရက် သွေးပေါင်ကျသွားတယ်။ မကြာခဏ သွေးပေါင်ကျတတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Foods To Have For Those Who Have Low Blood Pressurehttps://food.ndtv.com/food-drinks/6-foods-to-have-for-those-who-have-low-blood-pressure-1842647 Accessed Date 4 February 2019

Low Blood Pressure: 8 Foods That Can Help Fight Hypotensionhttps://www.epainassist.com/diet-and-nutrition/8-foods-that-can-help-fight-hypotension Accessed Date 4 February 2019

Nine ways to raise blood pressurehttps://www.medicalnewstoday.com/articles/319506.php Accessed Date 4 February 2019

ယခုပုံစံ

14/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/12/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement