backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အလုပ်လုပ်နေရင်းနဲ့လည်း ကိုယ်အလေးချိန် ထိန်းသိမ်းကြမယ်


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အလုပ်လုပ်နေရင်းနဲ့လည်း ကိုယ်အလေးချိန် ထိန်းသိမ်းကြမယ်

အလုပ်လုပ်နေတဲ့ လေဒီတို့အနေနဲ့ တစ်နေကုန်အလုပ်စားပွဲမှာ အထိုင်များတာကတကြောင်း၊ လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေကြောင့် အစားတွေ ပိုမိုစားမိတာက တစ်ကြောင်းနဲ့ တစ်နေ့တစ်ခြား ဝလာတတ်ကြပါတယ်။ သင့်အနေနဲ့ အဝမလွန်ခင်မှာ ထိန်းသိမ်းဖို့သင့်တယ်နော်။ အလုပ်တစ်ဖက်နဲ့ ဘယ်လိုထိန်းသိမ်းမလဲလို့ ဆင်ခြင်ပေးမယ့် ပျိူမေတွေအတွက် ရုံးမှာအလုပ်လုပ်နေရင်းနဲ့လည်း ဝိတ်ချနိုင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးမှာမို့လို့ ဆက်လက်ဖတ်ရှုပေးပါနော်။

(ကိုယ်နဲ့ သင့်တော်နဲ့ အလေးချိန် ရှိမရှိကို BMI တွက်ကြည့်လို့ ရပါတယ်။)

(၁) ရေများများသောက်ပါ

အမေရိကန်နိုင်ငံရှိ ကိုယ်ကာယအဖွဲ့ရဲ့ ညွန်ကြားချက်အရ တစ်နေ့ကို အနည်းဆုံး ရေ ၂.၇လီတာသောက်သုံးရမှာဖြစ်ပါတယ်။ ရေများများသောက်ခြင်းဖြင့် ပင်ပန်းမှုတွေကို ပြေပျောက်စေတဲ့အပြင် ဗိုက်ပြည့်စေလို့ အစာတွေတဇွတ်ဇွတ်စားခြင်းကို တားဆီးပေးပါသေးတယ်။

(၂) ပီကေဝါးပါ

အလုပ်လုပ်နေရင်း ပီကေဝါးခြင်းဖြင့် သင့်ကိုနိုးကြားစေမယ့်အပြင် စိတ်ဖိစီးမှုကို လျော့စေပါတယ်။ ကော်တီဇောဟော်မုန်း ထုတ်လုပ်တာကို နည်းစေလို့ ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီစုခြင်းကို ကာကွယ်ပေးပါတယ်။

(၃) မိမိအိမ်ကနေ ထမင်းဘူးထည့်လာပါ

နေ့လည်စာစားချိန်မှာ အသင့်စားအစာများ၊ ဆိုင်က အစာများက အဆီနဲ့ ကယ်လိုရီတွေများများ ပါတတ်ပြီး ဝဖြိုးစေပါလိမ့်မယ်။ ဒါကြောင့် မိမိအိမ်ကနေ ကျန်းမာရေးနဲ့အညီ ချက်ပြုတ်ထားသောအစားအစာတွေကို ထည့်လာဖို့ အကြံပေးလိုပါတယ်။

(၄) ရေနွေးကြမ်း သောက်ပါ

မနက်တိုင်း အလုပ်ခွင်ကို ရောက်တာနဲ့ လူတော်တော်များများဟာ ကော်ဖီသောက်လေ့ရှိပါတယ်။ ကော်ဖီထက်စာရင် ရေနွေးကြမ်းသောက်ခြင်းက သင့်အဆီတွေကို ပိုမိုလောင်ကျွမ်းစေတာ သင်သိပါသလား။ သူ့မှာ အဆီတွေကိုလောင်ကျွမ်းဖို့ကိုအားပေးတဲ့ catechins ပါဝင်တာမို့ ပိန်ချင်သူတွေ သောက်ပေးဖို့မမေ့နဲ့နော်။

(၅) ဓာတ်လှေကားအစား ခြေထောက်အသုံးပြုပါ

ဝိတ်ကျလိုသူများအနေနဲ့ လှုပ်ရှားမှုများများပြုလုပ်သင့်တယ်မလား။ ဒါကြောင့် အပေါ်တက်အောက်ဆင်းပြုလုပ်တိုင်း လှေကားကိုသာအသုံးပြုသင့်ပါတယ်။

(၆)  အခါအားလျော်စွာ မတ်တပ်ရပ်ပါ

လေ့လာချက်များအရ စားပွဲမှာတစ်ချိန်လုံးထိုင်ခြင်းထက် ထမင်းစားပြီးချိန်နှင့် အချိူတွေစားပြီးချိန်မှာ ခဏလောက် မတ်တပ်ရပ်ခြင်းဖြင့် အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။တစ်နာရီမတ်တပ်ရပ်ခြင်းက ထိုင်ခြင်းထက် ကယ်လိုရီ၅၀လောင်ကျွမ်းစေမှာပါ။

(၇) တစ်နာရီကြာတိုင်း ၂မိနစ်လမ်းလျှောက်ပါ

တစ်နာရီကြာအောင် အလုပ်စားပွဲမှာ ထိုင်ပြီးတာနဲ့ ရုံးထဲမှာ၂မိနစ်စာ လမ်းလျှောက်တာမျိူး လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောတာမျိူး ပြုလုပ်ပေးပါ။

ပျိူမေတို့ရေ အထက်ပါ နည်းလေးတွေကို နေ့စဉ်လိုက်နာရုံနဲ့တင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ နေ့လည်ဘက် အဆာပြေ စားတဲ့အခါမှာလည်း အသင့်စားအစာတွေအစား သစ်သီးနဲ့အသီးအရွက်များသာစားခြင်း၊ အချိူလျှော့စားခြင်းတို့ကိုလည်း ပြုလုပ်ပေးဖို့မမေ့နဲ့နော်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရေးသားသူ-Dr. Rose

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement