backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကင်ဆာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 15/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကင်ဆာ

ကင်ဆာ ဆိုတာ ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကွဲပွားမှုကြောင့်ဖြစ်လာတဲ့ ရောဂါအမျိုးအစားပါ။ ဆဲလ်တွေ အဆမတန် ကွဲပွားလာတဲ့အခါ တစ်ရှူးတွေကို ဖျက်ဆီးတာ၊ လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကင်ဆာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကင်ဆာအမျိုးအစားကွဲပေါင်း ၂၀၀ လောက်ကိုရှိပါတယ်။

အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတွေကတော့ အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာ၊ အူမကြီးကင်ဆာ နဲ့ မှဲ့ကင်ဆာတို့ပါ။ ကင်ဆာက အမျိုးအစားအပေါ်လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ ကုသနည်းကလည်း အခြေအနေကိုလိုက်ပြီး ခွဲစိတ်ကုသတာ၊ ဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပြ ကုသတာ၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးဆိုပြီး အမျိုးမျိုး ရှိပါတယ်။

အမျိုးသား ၂ ဦးမှာ ၁ ဦးနှုန်း၊ အမျိုးသမီး ၃ ဦးမှာ တစ်ဦးနှုန်းလောက်ဟာ ကင်ဆာရောဂါကို ခံစားနေရပါတယ်။

ကင်ဆာ အမျိုးအစားများ

ကင်ဆာဆဲလ် စတင်ဖြစ်ပွားတဲ့ တစ်ရှူးအမျိုးအစား၊ အင်္ဂါအစိတ်အပိုင်းပေါ်မူတည်ပြီး ကင်ဆာရဲ့ အမည်နာမတွေ ကွာခြားနိုင်ပါတယ်။ အချို့သောကင်ဆာတွေက ဖြစ်ခဲပေမယ့် အချို့သောကင်ဆာတွေကတော့ အတော်လေးကို အဖြစ်များပါတယ်။

အမျိုးသားရော အမျိုးသမီးတွေမှာပါ အဖြစ်များတဲ့ ကင်ဆာတွေက

ဒီကင်ဆာတွေအပြင် ခံတွင်းကင်ဆာလည်မျိုကင်ဆာတို့က အမျိုးသားတွေမှာ အဖြစ်များသလို အမျိုးသမီးတွေမှာဆိုရင် သားအိမ်ကင်ဆာက အဖြစ်များတဲ့ကင်ဆာတစ်မျိုးပါ။ ပန်ကရိယကင်ဆာကတော့ အမျိုးသားရော အမျိုးသမီးတွေမှာပါ အဖြစ်များတဲ့ ကင်ဆာတစ်ခုပါ။

ကင်ဆာ လက္ခဏာများ

ကင်ဆာရောဂါမှာ သတိထားမိနိုင်တဲ့ လက္ခဏာတွေရှိပါတယ်။ အခုပြောပြမယ့် လက္ခဏာတွေထဲက တစ်ခုခုကို ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါမယ်။

ကင်ဆာဖြစ်နေပြီဆိုရင်

  • အဆက်မပြတ် ချောင်းဆိုးမယ်
  • မှဲ့က ပြောင်းလဲမှုတွေဖြစ်မယ်
  • နာတာရှည် နာကျင်မှုကို ခံစားရမယ်
  • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်မယ်
  • ခေါင်းထဲကနာမယ်။ ခါးနာမယ်။ ဗိုက်ထဲက နာမယ်။ ဆီးခုံက နာမယ်။ ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ နာကျင်မှုတွေ ခံစားရမယ်
  • ပင်ပန်းနွမ်းနယ်မယ်
  • အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျမယ်
  • အသံပြောင်းလာတာမျိုး ဖြစ်မယ်
  • ညဘက်မှာ ချွေးတွေထွက်မယ်
  • မျိုချရ ခက်ခဲမယ်
  • ရင်ပူမယ်
  • အဖု၊ အကျိတ်တွေဖြစ်မယ်
  • ချိုင်းကြား၊ ပေါင်ခြံတို့က ပြန်ရည်ကျိတ်လေးတွ ရောင်မယ်၊ ကြီးလာမယ်
  • လေပွတာ၊ ဗိုက်မကောင်းတာမျိုး ခံစားရမယ်
  • ဆီးထဲ သွေးပါမယ်
  • ဝမ်းထဲ သွေးပါမယ် စတာတွေခံစားရနိုင်ပါတယ်။

ဒီလက္ခဏာတွေ ပြလာပြီဆိုရင် ကိုယ့်သဘောအတိုင်း ဆေးမြီးတိုတွေနဲ့ ကုသတာမျိုး မလုပ်ဘဲ တတ်သိနားလည်သူတွေနဲ့ သေချာပြပါ။ ကင်ဆာကနေ ရှင်သန်ခဲ့ကြသူတွေက ရောဂါလက္ခဏာတွေ တွေ့ပြီဆိုတာနဲ့ လိုအပ်တဲ့ ကုသမှုတွေကို အမြန်ဆုံး ခံယူခဲ့လို့ပါ။

ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းများ

သာမန်ဆဲလ်တစ်ခုကနေ ကင်ဆာဆဲလ်ဖြစ်လာဖို့ ပြောင်းလဲရမှုတွေက အဆင့်ဆင့်ပါ။ ဒီလို အဆင့်ဆင့် ပြောင်းလဲမှုမှာ –

DNA (မျိုးဗီဇဆဲလ်) ထိခိုက်ပျက်စီးတာ – အချို့သော အရာဝတ္ထုတွေနဲ့ တိုက်ရိုက်ထိတွေ့မှုက ဆဲလ်တွေထဲမှာ ရှိတဲ့ မျိုးဗီဇဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။ ဥပမာပြောပြရရင် ဓာတ်ရောင်ခြည်တွေနဲ့ ထိတွေ့မှု၊ ပတ်ဝန်းကျင်က ကာစီနိုဂျင်တွေနဲ့ ထိတွေ့မှုကြောင့် ကင်ဆာဖြစ်နိုင်ပါတယ်။

နာတာရှည် နာကျင်ရောင်ရမ်းမှု – ဆဲလ်တွေထဲက မျိုးဗီဇ ပြောင်းတာအပြင် ဆေးလိပ်သောက်တာကြောင့် အသက်ရှူ လမ်းကြောင်း၊ အစာရေမျိုပြွန်တွေ အမြဲလိုလို ရောင်ရမ်းမှုကလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။

နေထိုင်မှု ပုံစံ – ဆေးလိပ်သောက်တာက ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ခုပေါ့။ဆေးလိပ်သောက်တာက အမျိုးမျိုးသော ကင်ဆာတွေကိုဖြစ်စေနိုင်သလို ကင်ဆာကြောင့် အသက်ဆုံးရှုံးသည်အထိလည်း ဖြစ်စေပါတယ်။ ဆေးလိပ်သောက်တာနဲ့ ဆေးလိပ်ငွေ့အပြင် အဝလွန်တာ၊ အရက် အလွန်အကျွံသောက်သုံးတာတွေကလည်း ကင်ဆာဖြစ်စေနိုင်တဲ့ နေထိုင်မှု ပုံစံတွေပါ။

ပတ်ဝန်းကျင်က ထိတွေ့မိတဲ့အရာတွေ -ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို ထိတွေ့မိနေတဲ့အရာတွေကလည်း ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ နေအိမ်ထဲမှာ ရှိနေတဲ့ ဓာတ်ငွေ့တွေက အဆုတ်ကင်ဆာကို ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်သလို လုပ်ငန်းခွင်တွေမှာ ရှိနေတဲ့ ကာစီနိုဂျင်လိုမျိုး ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေကလည်း ကင်ဆာဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။

မျိုးရိုး – မိဘမျိုးရိုးမှာ ကင်ဆာရောဂါဖြစ်ဖူးမယ်ဆိုရင် မိဘဆီကနေ ကင်ဆာကို လက်ဆင့်ကမ်း ရရှိတာမျိုးလည်း ရှိနိုင်ပါတယ်။

ဗိုင်းရပ်စ် နဲ့ အခြားသောအရာတွေ – ​ဗိုင်းရပ်စ်တွေကလည်း ကင်ဆာ ဖြစ်စေတဲ့ အရာတွေပါ။ ကင်ဆာဖြစ်ပွားမှုတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာပါ။ ဥပမာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့ human papillomavirus (HPV) နဲ့ အစာအိမ်ကင်ဆာကို ဖြစ်စေတဲ့ H. pylori ဗိုင်းရပ်စ်တွေကြောင့်လည်း ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

ကင်ဆာဖြစ်တဲ့အခါ အရေးကြီးတဲ့အချက်က primary( မူလအရင်းခံ)ကင်ဆာဆိုတာ ရှိသလို secondary (တဆင့်ခံ) ကင်ဆာဆိုတာလည်း ရှိပါတယ်။ ဥပမာ ကင်ဆာစဖြစ်တဲ့နေရာက အဆုတ်မှာ အဆုတ်က မူလအရင်းခံ ကင်ဆာဖြစ်တဲ့နေရာ၊ အဆုတ်မှာဖြစ်တဲ့ ကင်ဆာဆဲလ်တွေက ရင်သားကို ပြန့်သွားလို့ ရင်သားကင်ဆာဖြစ်တာက တဆင့်ခံ ဖြစ်တဲ့ ကင်ဆာပါ။ ဒီကင်ဆာ နှစ်ခုရဲ့ ကင်ဆာဆဲလ်တွေက မတူနိုင်ပါဘူး။

ဘယ်လို စစ်ဆေးမလဲ

ကင်ဆာရှိနေလားဆိုတာကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

Screening tests (ကင်ဆာ စစ်ဆေးခြင်း) – ဒီကင်ဆာ စစ်ဆေးနည်းက ကင်ဆာ အမျိုးအစားတော်တော်များများကို စစ်ဆေးရာမှာ အသုံးများတဲ့ နည်းလမ်းတစ်ခုပါ။ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာလိုမျိုး ကင်ဆာတွေကို စစ်ဆေးရာမှာ အသုံးပြုကြပါတယ်။ ကင်ဆာလို့ ယူဆရတဲ့ လက္ခဏာတွေ့ပြီဆိုရင် အရင်ဆုံး လုပ်ဆောင်တဲ့ စစ်ဆေးမှု တစ်ရပ်ပါ။

နောက်တဆင့် စစ်ဆေးမှုကတော့ ဒီစစ်ဆေးမှုကနေ ထွက်လာမယ့် ကင်ဆာ အမျိုးအစားပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ သွေးစစ်တာ၊ ဆီးစစ်တာတွေက အခြားကျန်းမာရေး အခြေအနေတွေကို ဖော်ပြနိုင်သလို သွေးထဲက အချို့သောအရာဝတ္ထုတွေရဲ့ ပမာဏ အနည်းအများကို ကြည့်ပြီး သွေးကင်ဆာ နဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်အခြေအနေတွေ ရှိနေလားဆိုတာကို သိရှိနိုင်ပါတယ်။

Imaging studies (ပုံရိပ်ဖော် စစ်ဆေးခြင်း) – ဒီစစ်ဆေးနည်းက အကျိတ်တွေကို စစ်ဆေးတဲ့နည်းလမ်းပါ။ ဒီစစ်ဆေးနည်းမှာ X-rays၊ CT scans၊ ultrasound၊ MRI၊ PET scans နဲ့ nuclear scans တို့ ပါဝင်မှာပါ။

အကျိတ်ရှိပြီဆိုရင် အရင်ဆုံး အကျိတ်က ရိုးရိုးကျိတ်လား၊ ကင်ဆာကျိတ်လားဆိုတာကို သိနိုင်စေဖို့ အသားစယူ စစ်ဆေးတာ (biopsy)ကို အရင်လုပ်ဆောင်မှာဖြစ်ပါတယ်။

ကင်ဆာအမျိုးအစား၊ အခြေအနေကို လိုက်ပြီး ကုသမှုက ကွဲပြားနိုင်ပါတယ်။ ကင်ဆာအခြေအနေနဲ့ ကိုက်ညီတဲ့ အကောင်းဆုံးသော ကုသမှု နည်းလမ်းကိုလုပ်ဆောင်မှသာ ထိရောက်မှု ရှိမှာဖြစ်ပါတယ်။
ကင်ဆာကုသနည်းကို အဓိကအနေနဲ့ အမျိုးအစား (၂) ခုခွဲပါမယ်။

Local treatments  –  ဒီကုသမှု နည်းလမ်းမှာ ခွဲစိတ်ကုသမှု နည်းလမ်းရယ်၊ ဓာတ်ရောင်ခြည်ပြတဲ့ နည်းလမ်းရယ်ဆိုပြီး ပါဝင်မယ်။ ဒါပေမယ့် ကင်ဆာဆဲလ်တွေက သွေးကြောတွေ၊ ပြန်ရည်ကြောစနစ်တွေထဲကနေ ပြန့်နှံပနေပြိဆိုရင်တော့ ဒီနည်းက ထိရောက်မှု အားနည်းနိုင်ပါတယ်။ ကင်ဆာကို စောစောသိမယ်ဆိုရင်တော့ ဒီကုသမှုက ကင်ဆာကို အထိရောက်ဆုံး ကုသပေးနိုင်မှာပါ။

Systemic treatments – ဒီကုသမှုမှာတော့ ဆေးသွင်းကုထုံး၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ targeted therapies၊ ဟော်မုန်းအစားထိုး ကုထုံး၊ ကိယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပေးတဲ့ ကုထုံးဆိုပြီးရှိပါမယ်။ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့က ကင်ဆာဆဲလ်တွေကို ကုသပေးနိုင်ပါတယ်။ ဒီကုသမှုနည်းလမ်းကို သွေးနဲ့ဆိုင်တဲ့ ကင်ဆာ အမျိုးအစားတွေနဲ့ ကင်ဆာဆဲလ်တွေ ပြန့်နှံ့နေတဲ့ အခြေအနေမျိုးမှာ အသုံးပြုပါတယ်။

ကင်ဆာတွေရဲ့ molecular levelက မတူပါဘူး။ လူနှစ်ယောက်က ကင်ဆာ အမျိုးအစား တစ်ခုတည်းကို အဆင့်တစ်ခုတည်း ခံစားနေရရင်တောင်မှ ကုသမှုကို တုံ့ပြန်တဲ့ ပုံစံချင်းက မတူနိုင်ပါဘူး။

သိထားသင့်တဲ့ ကင်ဆာ ကုထုံးများ

ကင်ဆာကုထုံးလို့ ဆိုလိုက်ရင် ဒီကုထုံးတွေ အားလုံး ပါဝင်ပါတယ်။

Surgery (ခွဲစိတ်ကုသမှု) – အကျိတ်တွေကို ဖယ်ရှားဖို့အသုံးပြုတဲ့ ကုထုံးတစ်ရပ်ပါ။ ခွဲစိတ်ကုသတာက တစ်ခါတလေမှာ အထိရောက်ဆုံး ကင်ဆာ ကုထုံးတစ်ရပ်လည်း ဖြစ်ပါတယ်။

Chemotherapy (ဆေးသွင်းကုထုံး) – ဆေးသွင်းကုထုံးဆိုတာက ကင်ဆာဆဲလ်တွေကို သတ်ပစ်ဖို့ ဆေးရည်ထိုးသွင်းတဲ့ ကုထုံးတစ်ရပ်ပါ။

Radiation therapy (ဓာတ်ရောင်ခြည် ကုထုံး) – ဒီကုထုံးမှာတော့ ကင်ဆာဆဲလ်တွေကို သတ်ပစ်ဖို့ စွမ်းအားမြင့် ရောင်ခြည်ကို အသုံးပြုထားပါတယ်။

Targeted therapies (ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး) – ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ။

Immunotherapy(ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ ကုထုံး) – ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်စေဖို့ လှုံ့ဆော်ပေးတဲ့ ကုထုံးတစ်ရပ်ပါ။

Hormonal therapies (ဟော်မုန်းကုထုံး) – အချို့သော ကင်ဆာတွေမှာ ခန္ဓာကိုယ်က ထုတ်လိုက်တဲ့ ဟော်မုန်းတွေက ကင်ဆာဆဲလ်တွေ ကြီးထွားစေဖို့ လှုံ့ဆော်ပါတယ်။ ဒီကုထုံးကတော့ ထွက်လာမယ့် ဟော်မုန်းတွေကို ဟန့်တားပေးပြီးကင်ဆာဆဲလ်တွေကို မကြီးထွားစေဖို့ လုပ်ပေးတဲ့ ကုထုံးပါ။

Stem cell transplant (ပင်မဆဲလ် အစားထိုးကုထုံး) –  ဒီကုထုံးက ရိုးတွင်းခြင်ဆီထဲက သွေးဆဲလ်တွေကို အစားထိုးကုသဖို့ ဆေးသွင်းကုထုံးတွေ၊ ဓာတ်ရောင်ခြည့်ပြတဲ့ ကုထုံးတွေ အသုံးပြုပြီးတဲ့နောက်မှာ ပင်မဆဲလ်တွေကို အစားထိုးတဲ့ ကုထုံးပါ။

Takeaways

ကင်ဆာက စောစောသိ စောစောကုသရင် အထိရောက်ဆုံး ကုသနိုင်မှာပါ။ ဒါကြောင့် ကင်ဆာလက္ခဏာလို့ယူဆရတဲ့ လက္ခဏာတစ်ခုခု တွေ့ရပြီဆိုရင် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပြီး ကုသမှုခံယူပါ။ ကင်ဆာက စောစောသိ စောစောကုသမှုခံယူရင် သက်တမ်းစေ့စေ့နေနိုင်မှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 15/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement