backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hypopharynx Cancer (လည်မျိုကင်ဆာ)


Thin Myat Sandi Cho မှ ရေးသားသည်။ · 14/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hypopharynx Cancer (လည်မျိုကင်ဆာ) ကဘာလဲ။

လည်ချောင်းအောက်ခြေဖြစ်ပါတယ်။ နှာခေါင်းနောက်ပိုင်း၊ လည်ပင်းတစ်လျှောက်နဲ့ လေပြွန်နဲ့ အစာရေမျိုပြွန်မှာ အဆုံးသတ်သွားတဲ့ ၅လက်မလောက်ရှည်တဲ့ အခေါင်းပါပြွန်ကို လည်မျိုလို့ခေါ်ပါတယ်။ အစာနဲ့လေဟာ လည်မျိုကနေတစ်ဆင့် လေပြွန်သို့ အစာရေမျိုပြွန်ထဲကို သွားပါတယ်။ လည်မျိုကင်ဆာဆိုတာက လည်မျိုတစ်ရှူးတွေက ကင်ဆာဆဲလ်တွေအဖြစ်ပြောင်းသွားခြင်းကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဦးခေါင်းနဲ့လည်ချောင်းကင်ဆာအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

Hypopharynx Cancer (လည်မျိုကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Hypopharynx Cancer (လည်မျိုကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လည်မျိုကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • လည်ချောင်းနာခြင်း (မသက်သာခြင်း)
  • နားကိုက်ခြင်း
  • လည်ပင်းအဖုထွက်ခြင်း
  • မျိုချရခက်ခြင်း
  • အသံပြောင်းခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်နိုင်ခြေများ

Hypopharynx Cancer (လည်မျိုကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဘယ်အရာတွေက လည်မျိုကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

လည်မျိုကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-

  • ဆေးရွက်ကြီးအသုံးပြုခြင်း ( ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြိးဝါးခြင်း)
  • အရက်အလွန်အကျွံသောက်ခြင်း
  • အာဟာရမပြည့်ဝခြင်း
  • Plummer-Vinson syndrome ( သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါဆက်နွှယ်ရောဂါ)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hypopharynx Cancer (လည်မျိုကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါစမ်းသပ်စစ်ဆေးခြင်းတွေကို လုပ်ဆောင်သင့်ပါတယ်။

လည်ချောင်းကို စစ်ဆေးခြင်း- လည်ချောင်းမှာရှိတဲ့ပြန်ရည်ကျိတ်တွေရောင်မရောင်စမ်းသပ်ပေးပြီး ပုံမှန်မဟုတ်တဲ့နေရာတွေကိုကြည့်ဖို့အတွက် လည်ချောင်းတစ်လျှောက်မှန်အသုံးပြုကြည့်ခြင်း

စီတီစကန်- ခန္ဓါကိုယ်အတွင်း နေရာတွေကို ပုံရိပ်တွေကိုပြုလုပ်တဲ့နည်းလမ်းဖြစ်ပြီး ရှူထောင့်အသီးသီးကနေရိုက်ထားခြင်းဖြစ်ပါတယ်။ ပုံရိပ်တွေကို ဓါတ်မှန်ရိုက်တဲ့စက်နဲ့တွဲထားတဲ့ ကွန်ပြူတာမှာဖော်ပေးပါတယ်။ သွေးပြန်ကြောအတွင်းကိုဆိုးဆေးထိုးထည့်ခြင်း သို့ အင်္ဂါအစိတ်အပိင်းနဲ့တစ်ရူးတွေ ပိုပြီးထင်ထင်ရှားရှားပြတ်ပြတ်သားသားပြနိုင်ဖို့ မျိုချခိုင်ခြင်းတို့ဖြစ်ပါတယ်။

ပီအီတီစကန် – ခန္ဓါကိုယ်အတွင်း ကင်ဆာကျိတ်တွေကို ရှာရာမှာ သုံးပါတယ်။ ဂလူးကို့စ်အနည်းငယ်ကို သွေးပြန်ကြောထဲသွင်းပြီး ပီအီတီစကင်ကို ခန္ဓါကိုယ်တစ်ခုလုံးအနှံ့သွားစေပြီး ဂလူးကို့စ်ကိုအသုံးပြုတဲ့ကိုယ်တွင်းအင်္ဂါကို ပုံဖော်ပေးပါလိမ့်မယ်။ ကင်ဆာကျိတ်တွေက အခြားပုံမှန်ဆဲလ်တွေထက် ဂလူးကို့စ်ကိုပိုသုံးတာကြောင့် ပုံရိပ်ပုံထင်ပါလိမ့်မယ်။ ပီအီတီစကင်နဲ့စီတီစကင်န်ကို တစ်ပြိုင်တည်းလုပ်နိုငပါတယ်။

အမ်အာအိုင်- သံလိုက်၊ ရောင်ခြည်လှိုင်းတွေနဲ့ ကွန်ပြူတာကို အသုံးပြုပြီး ခန္ဓါကိုယ်အတွင်းပိုင်းနေရာတွေကို ပုံရိပ်ဖော်ခြင်းဖြစ်ပါတယ်။

အရိုးစကန်ဖတ်ခြင်း – အရိုးမှာ ကင်ဆာလိုမျိုး အလွန်လျင်မြန်စွာ ပွားများနေတဲ့ဆဲလ်တွေ ရှိမရှိစစ်ဆေးကြည့်ခြင်းဖြစ်ပါတယ်။ ရေဒီယိုသတ္တိကြွပစ္စည်းကို သွေးပြန်ကြောထဲမှတစ်ဆင့် ထိုးသွင်းပြီး သွေးစီးကြောင်းတစ်လျှေက်သွားစေပါတယ်။ အရိုးမှာပုံသွားပြီး စကင်ဖတ်ကြည့်လို့ရပါတယ်။

ဘေရီယမ်အသုံးပြု အစာရေမျိုပြွန်ဓါတ်မှန်ရိုက်ခြင်း – အစာရေမျိုပြွန်ကို ဓါတ်မှန်ရိုက်ခြင်းဖြစ်ပါတယ်။ လူနာကို ဘေရီယမ်ပါတဲ့အရည်ကို သောက်ခိုင်းပါတယ်။ အရည်က အစာရေမျိုပြွန်ကို လွှမ်းသွားတဲ့အခါမှာ ဓါတ်မှန်ရိုက်ကြ ည့်လို့ရပါတယ်။

မှန်ပြောင်းကြည့်ခြင်း – လည်မျိုကိုအပေါ်ယံစမ်းသပ်လို့ မရနိုင်တဲ့အခါမျိုးမှာ လည်မျိုအတွင်းကိုကြည်နိုင်ပါတယ်။ မှန်ပြောင်းသေးသေးပိန်ပိန်လေးကို ပါးစပ်ဒါမှမဟုတ်နှာခေါင်းကနေ ထိုးသွင်းလိုက်ပြီး ပုံမှန်မဟုတ်တဲ့အရာတွေရှိမရှိ စမ်းသပ်ကြည့်ခြင်းဖြစ်ပါတယ်။ အသားစယူပြီး စစ်ဆေးလို့လည်း ရနိုင်ပါတယ်။

အစာရေမျိုပြွန်မှန်ပြောင်းကြည့်ခြင်း – အစာရေမျိုပြွန်အတွင်း ပုံမှန်မဟုတ်တဲ့နေရာတွေကို စမ်းသပ်ကြည့်ဖို့ သုံးပါတယ်။ နှာခေါင်းသို့ခံတွင်းကနေ လည်ချောင်းတစ်လျှောက် အစာရေမျိုပြွန်အတွင်းရောက်တဲံအထိ ထည့်လိုက်ပါတယ်။ တစ်ရှူးအသားစယူပြီးလည်း စစ်နိုင်ပါတယ်။

လေပြွန်မှန်ပြောင်းကြည့်ခြင်း- လေပြွန်အတွင်း ပုံမှန်မဟုတ်တဲ့နေရာတွေကို စစ်ဆေးခြင်းဖြစ်ပါတယ်။ နှာခေါင်းသို့ခံတွင်းကနေတစ်ဆင့် လေပြွန်တွေထဲကို မှန်ပြောင်းကိုထိုးသွင်းလိုက်ပါတယ်။ တစ်ရှူးအသားစစစ်ဆေးခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

အသားစစစ်ဆေးခြင်း- ဆဲလ်နဲ့တစ်ရှူးတွေကို ကင်ဆာလက္ခဏာတွေရှိမရှိ အနုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးကြည့်ခြင်းဖြစ်ပါတယ်။

Hypopharynx Cancer (လည်မျိုကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုက အောက်ပါအခြေအေနေတွေအပေါ် မူတည်နေပါတယ်။

ကင်ဆာအဆင့်သတ်မှတ်ချက်

ပုံမှန်အတိုင်း ပြောနိုင်၊ စားနိုင်၊ အသက်ရှူနေနိုင်ခြင်း

လူနာရဲ့ အထွေထွေကျန်းမာရေး

လည်မျိုကင်ဆာဝေဒနာသည်တွေမှာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာဖြစ်နိုင်ချေများပါတယ်။

ဂရုစိုက်ဖို့အရေးကြီးပါတယ်။

အဆင့်၁- လည်မျိုအစိတ်အပိုင်းနဲ့ လည်ပင်းမှာရှိတဲ့အကျိတ်နဲ့ အခြားတစ်ရှူးတွေကို ဖယ်ထုတ်ပစ်ခြင်းဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ကုထုံးကို လည်ပင်းအကျိတ်တွေဖယ်ထုတ်ထားတဲ့လူနာတွေမှာ အသုံးပြုနိုင်ပါတယ်။ ရောင်ခြည်ကုထုံးသက်သက်လည်း ပေးနိုင်ပါတယ်။

အဆင့်၂- ကုသမှုအဆင့်၂

လေပြွန်လည်မျိုနဲ့ လည်ပင်းအကျိတ်နဲ့တစ်ရှူးတွေကို ဖယ်ထုတတ်ခြင်းဖြစ်ပါတယ်။ ခွဲစိတ်ပြီးလည်ပင်းအကျိတ်ဖယ်ထားတဲ့လ ူတွေမှာ ရောင်ခြည်ကုထုံးပေးနိုင်ပါတယ်။ ဓါတ်ကင်နေတုန်းမှာလည်း ဓါတုကုထုံးပေးနိုင်ပါတယ်။ ဓါတုကုထုံးအပေါ်အကျိတ်ရဲ့တုန့်ပြန်မှုကို ကြည့်ပြီး ဓါတုကုထုံးပေးပြီးမှ ခွဲစိတ်ကုသခြင်း၊ ဓါတ်ကင်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

အဆင့်၃နှင့်အဆင့်၄

ကုသမှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဓါတုကုထုံးနဲ့တွဲပြီးဒါမှမဟုတ်မတွဲဘဲ ခွဲစိတ်မှုအပြီးသို့မလုပ်ခင်မှာ ဓါတ်ကင်ခြင်း

ဓါတုကုထုံးပေးပြီးနောက် ခွဲစိတ်ကုသခြင်း ဓါတ်ကင်ခြင်း

ဓတုကုထုံးနဲ့ဓါတ်ကင်ခြင်းကို တစ်ပြိုင်တည်းပေးခြင်း

ခွဲစိတ်ကုသပြီးနောက် ဓါတ်ကင်ခြင်းနဲ့ဓါတုကုထုံးတစ်ပြိုင်တည်း ပေးခြင်း

လည်မျိုတစ်စိတ်တစ်ပိုင်းသို့ တစ်ခုလုံးကို အစားစားခြင်း၊ အသက်ရှူခြင်းနဲ့ စကားပြောနိုင်ဖို့အတွက် ခွဲစိတ်ပြုပြင်ပေးခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လည်မျိုကင်ဆာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကျန်းမာရေးနဲ့အညီနေထိုင်ခြင်း- အစားကောင်းကောင်းစားခြင်း၊ လေ့ကျင့်ခန်းလုပ်ြခ်ငး၊ အရက်ဖြတ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှုနည်းအောင်နေခြင်းတွေကလည်း အကူအညီပေးနိုင်ပါတယ်။

အစာသင့်တင့်မျှတအောင်စားခြင်း

အနားယူခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း- အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းတွေက ကင်ဆာအတွက်ကုသမှုခံယူနေရတဲ့လူနာတွေမှာ အဖြစ်များပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက မောပန်းနွမ်းနယ်ခြင်းကို လျှော့ချပေးနိုငပါတယ်။ တစ်ခုခုကိုစမလုပ်ခင်မှာ ကျန်းမာရေးစောင့်ရှောက်မှုအသင်းကို ပြောသင့်ပါတယ်။ သင့်လေ့ကျင့်ခန်းအစီအစဉ်နဲ့ပတ်သက်ပြီး သူတို့ရဲ့အထင်အမြင်ကိုယူသင့်ပါတယ်။ လေ့ကျင့်ခန်းအတူလုပ်ဖော်ကိုလည်း ရှာပါ။ လေ့ကျင့်ခန်းစစပြုချင်းမျာ သူငယ်ချင်းနဲ့မိသားစုဝင်တွေကို အတူပါဝင်စေခြင်းက သင့်အတွက်ခွန်အားဖြစ်စေပါလိမ့်မယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Thin Myat Sandi Cho မှ ရေးသားသည်။ · 14/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement