backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Kidney Cancer (ကျောက်ကပ်ကင်ဆာ )


Dr.Nyan Linn မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Kidney Cancer (ကျောက်ကပ်ကင်ဆာ ) ကဘာလဲ။

ကျောက်ကပ်ကင်ဆာဆိုသည်မှာ ကျောက်ကပ်နှစ်ခုတွင်ဖြစ်ပွား

သောကင်ဆာဖြစ်သည်။ သင့်ကျောက်ကပ်များသည် ပဲစေ့ပုံစံရှိကြပြီး သင့်လက်သီးဆုပ်၏တစ်ခုစာလောက်ရှိကြ

သည်။ သင့်ဝမ်းဗိုက်တွင်းရှိကလီစာများ၏အနောက်တွင်တည်ရှိကြ

ပြီး သင့်ကျောရိုး၏တဘက်တချက်တွင် ရှိကြသည်။ ကျောက်ကပ်ကင်ဆာဖြစ်ပွားမှုသည်ပိုမိုများပြားလာဖွယ်

ရှိနေသည်။ ဖြစ်နိုင်သောအကြောင်းအရင်းတစ်ခုမှာ ကွန်ပြူတာဓါတ်မှန်များအသုံးများလာ၍ဖြစ်နိုင်သည်။ ထိုဓါတ်မှန်

များကြောင့်လည်း ကျောက်ကပ်ကင်ဆာဖြစ်နေကြောင်းကိုအမှတ်

တမဲ့တွေ့ရှိသွားနိုင်သေးသည်။

Kidney Cancer (ကျောက်ကပ်ကင်ဆာ ) က ဘယ်လောက်အဖြစ်များသလဲ

အမေရိကန်နိုင်ငံရှိအမျိုးသားကင်ဆာတက္ကသိုလ်၏ခန့်မှန်းလေ့လာ

ချက်များအရ 2015ခုနှစ်တွင် ကျောက်ကပ်ကင်ဆာအသစ် ဖြစ်ပွားသူပေါင်း61000ကျော်ရှိနေသည်။ အရွယ်ရောက်ပြီးသူများ

တွင်အဖြစ်အများဆုံးကျောက်ကပ်ကင်ဆာမှာ Renal cell carcinomaပင်ဖြစ်သည်။ အခြားသောအဖြစ်နည်းသည့် ကျောက်ကပ်ကင်ဆာအမျိုးအစားများလည်း ဖြစ်ပွားနိုင်ပါသေးသည်။ ကလေးငယ်များသည် Wilms’ tumour ဟုခေါ်သော ကျောက်ကပ်ကင်ဆာတစ်မျိုးပို၍ဖြစ်ပွားနိုင်သည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Kidney Cancer (ကျောက်ကပ်ကင်ဆာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကျောက်ကပ်ကင်ဆာ၏လက္ခဏာများသည် ဖြစ်ပွားနေသောရောဂါ

အဆင့်ပေါ်မူတည်၍ကွဲပြားပါသည်။ ကျောက်ကပ်ကင်ဆာသည် ကနဦးအဆင့်များတွင် မည်သည့်လက္ခဏာကိုမျှမဖြစ်ပွားစေနိုင်ပါ။

ကင်ဆာဖြစ်ပွားမှုအဆင့်မြင့်လာသောအခါအောက်ပါလက္ခဏာများ

ဖြစ်ပွားလာတတ်ပါသည်။

  • ကျောတောက်လျှောက်အောင့်နေခြင်း အထူးသဖြင့်နံရိုးအောက်နားတွင်ဖြစ်သည်
  • ဆီးထဲတွင်သွေးပါခြင်း
  • ဗိုက်အောင့်ခြင်း
  • ဗိုက်ပူခြင်း၊ဖောင်းခြင်း
  • ဗိုက်တွင် အသားလုံးတခု၊အကျိတ်တခုထွက်လာခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဗိုက်သားများနာကျင်ကိုက်ခဲခြင်း
  • အဖျားခဏဏတက်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ဝမ်းချုပ်ခြင်း
  • အသားရောင်ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
  • အအေးဓါတ်မခံနိုင်ခြင်း
  • အမြင်ပိုင်းဆိုင်ရာပြဿနာများဖြစ်ပွားလာခြင်း
  • အမျိုးသမီးများတွင်အလွန်အမင်းအမွှေးထူလာခြင်

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Kidney Cancer (ကျောက်ကပ်ကင်ဆာ ) ကိုဘာတွေကဖြစ်စေသလဲ

ကျောက်ကပ်ကင်ဆာအားမည်သည့်အရာကဖြစ်ပွားစေကြောင်းကို

ယခုအချိန်အထိမည်သူမျှတိတိကျကျမသိကြချေ။ ကျောက်ကပ်ကင်ဆာသည် အချို့သောကျောက်ကပ်ဆဲလ်များမျိုးရိုးဗီဇပြောင်းလဲရာ

မှဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုဆရာဝန်များသိကြသည်။ ထိုပြောင်းလဲမှုများသည် ဆဲလ်များကိုလျင်မြန်စွာကြီးထွားပွားများစေသည်။ စုပုံ

နေသောပုံမှန်မဟုတ်သည့်ဆဲလ်များသည်ကျောက်ကပ် အားဖောက်ထွက်ပြန့်နှံ့နိုင်သော အသားလုံးအကျိတ်တခုကိုဖြစ်

ပွားစေသည်။ အချို့သောဆဲလ်များသည် အဝေးရှိကိုယ်အစိတ်အပိုင်းများအထိ ပြန့်နှံ့သွားနိုင်ကြသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Kidney Cancer (ကျောက်ကပ်ကင်ဆာ ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကျောက်ကပ်ကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်အရွယ်ကြီးရင့်ခြင်း
  • အမျိုးသားဖြစ်နေခြင်း
  • ဆေးလိပ်ကာလကြာရှည်စွာသောက်သုံးခဲ့သူဖြစ်ခြင်း
  • သွေးတိုးရှိခြင်း
  • ကျောက်ကပ်ပျက်စီးမှုကြောင့် ကာလကြာရှည်စွာ ကျောက်ကပ်ဆေးဖူးခြင်း
  • အဝလွန်ခြင်း
  • မြင်းခွာပုံစံကျောက်ကပ်ပုံစံရှိခြင်း။ မွေးရာပါချို့ယွင်းချက်တခုဖြစ်သည်။
  • အရည်အိတ်များစွာရှိသောမွေးရာပါကျောက်ကပ်ရောဂါရှိ

ခြင်း

  • အလုပ်ခွင်တွင် အဆိပ်အတောက်များကို ထိတွေ့ဖူးခြင်းစသည်ဖြင့်ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Kidney Cancer (ကျောက်ကပ်ကင်ဆာ ) ကို ဘယ်လိုအတည်ပြုပါသလဲ

အကယ်၍သင့်ဆရာဝန်သည်သင့်တွင်ကျောက်ကပ်ကင်ဆာဖြစ်နေသည်ဟုသံသယရှိပါက ကြည့်ရှူကိုင်တွယ်စမ်းသပ်ပြီး အခြားသော

စစ်ဆေးမှုများကိုလည်းပြုလုပ်ခိုင်းတတ်ပါသည်။ ကျောက်ကပ်ကင်ဆာအားရှာဖွေအတည်ပြုရန်သုံးသည့် စစ်ဆေးမှုများမှာ-

သွေးနှင့်ဆီးစစ်ဆေးမှုများ

သင့်သွေးနှင့်ဆီးများအားစစ်ဆေးခြင်းသည် သင့်ရောဂါလက္ခဏာများအားဖြစ်စေသည့်အကြောင်းအရင်းကို အရိပ်အမြွက်ပေးနိုင်ပါသည်။

ဓါတ်မှန်ရိုက်ခြင်း

ဓါတ်မှန်ရိုက်ခြင်းသည် ကျောက်ကပ်အကျိတ်လုံး(သို့)မူမမှန်မူတခုအား သင့်ဆရာဝန်မှ

ကြည့်ရှူစေနိုင်သည်။ ထိုဓါတ်မှန်စစ်ဆေးမှုများတွင် အယ်ထရာဆောင်းရိုက်ခြင်း၊ကွန်ပျူတာဓါတ်မှန်၊သံလိုက်ဓါတ်မှန်တို့ပါဝင်သည်။

ကျောက်ကပ်တစ်ရှူးအသားစကို နမူနာယူခြင်း

ရှားပါးအခြေအနေများတွင် သင့်ဆရာဝန်သည်ဆဲလ်နမူနာငယ်များ

ကိုသင့်ကျောက်ကပ်ရှိ သံသယရှိသောနေရာများမှ ထုတ်ယူစစ်ဆေးတတ်သည်။ ထိုနမူနာအားဓါတ်ခွဲခန်းတွင် စစ်ဆေး

ကာကင်ဆာ၏လက္ခဏာရပ်များကိုရှာဖွေရတတ်သည်။

ကျောက်ကပ်ရှိအနာတခုအား ကျောက်ကပ်ကင်ဆာဟုသင့်ဆရာ

ဝန်မှ အတည်ပြုပြီးပါက နောက်ထပ်ခြေလှမ်းတစ်ခုမှာ ကင်ဆာ၏

အဆင့်ကို သတ်မှတ်ဆုံးဖြတ်ရန်ဖြစ်သည်။ ကျောက်ကပ်အဆင့်ခွဲရာ

တွင် ကွန်ပြူတာဓါတ်မှန်(သို့)အခြားသောသင့်တော်သည့်ဓါတ်

မှန်စစ်ဆေးမှုများပါဝင်သည်။

ထို့နောက်သင့်ဆရာဝန်သည်သင့်ကင်ဆာကိုနံပါတ်ဖြင့်

အဆင့်သတ်မှတ်ပေးပါလိမ့်မည်။ ကျောက်ကပ်ကင်ဆာတွင် အဓိက

အဆင့်4ဆင့်ရှိပါသည်။ အောက်ပါအတိုင်းဖြစ်သည်။

အဆင့် 1

ယခုအဆင့်တွင် အကျိတ်လုံးသည် 2၊3၊4 လက်မအထိ အချင်းအနေဖြင့်ရှိနိုင်ပြီးကျောက်ကပ်တွင်သာ အကျိတ်လုံးကို

တွေ့ရသည်။

အဆင့် 2

အဆင့်2ကင်ဆာသည် အဆင့်1ကင်ဆာထက်ကြီးမားသော်လည်း

ကျောက်ကပ်တွင်သာ အကျိတ်လုံးအားတွေ့ရှိရသေးသည်။

အဆင့် 3

ယခုအဆင့်တွင် အကျိတ်လုံးသည် ကျောက်ကပ်ကို ကျော်လွန်၍ ဘေးပတ်လည်ရှိတစ်ရှူးသို့ရောက်ရှိပြီး နီးစပ်ရာပြန်ရည်ကြောအ

ကျိတ်တခုသို့လည်း ပြန့်နေနိုင်သည်။

အဆင့် 4

ကင်ဆာသည် ကျောက်ကပ်အပြင်ဘက်သို့ပြန့်ထွက်ပြီး များပြားလှသော ပြန်ရည်ကြောကျိတ်များ(သို့)ကျောက်ကပ်နှင့်ဝေး

ရာကိုယ်အစိတ်အပိုင်းများ ဥပမာ အရိုးများ၊အသည်(သို့)အဆုတ်

များ ကိုရောက်ရှိပြန့်နှံ့တတ်သည်။

Kidney Cancer (ကျောက်ကပ်ကင်ဆာ ) ကို ဘယ်လိုကုသပါသလဲ

ကျောက်ကပ်ကင်ဆာအားကုသမှုသည် သင့်ကိုယ်မှ အကျိတ်လုံး

အားဖြတ်ထုတ်ရန်သာ အဓိကထားသည်။ ခွဲစိတ်မှုဖြင့်အများအားဖြင့်

ပြုလုပ်တတ်သည်။ ခွဲစိတ်မှုသည် ကျောက်ကပ်တစ်ပိုင်းတစ်စသာ(သို့)အမြစ်ပြတ်

ပျောက်ကင်းနိုင်ရန်ကျောက်ကပ်တစ်ခုလုံးကို ဖြတ်ထုတ်ကုသခြင်း

ဟူ၍နှစ်မျိုးဖြစ်နိုင်သည်။ သင့်ဆရာဝန်မှထောက်

ခံပေးနိုင်သည့်အချို့သောကုသမှုပုံစံများမှာ

အောက်ပါအတိုင်းဖြစ်သည်။

Radical Nephretomy ကျောက်ကပ်တစ်ခုလုံး အားဖြတ်ထုတ်ကုသခြင်း

ကျောက်ကပ်အား ဖြတ်ထုတ်သော ခွဲစိတ်မှုတစ်ခုဖြစ်သည်။

ကျောက်ကပ်တစ်ခုလုံးနှင့်ဘေးပတ်ဝန်းကျင်ရှိတစ်ရှူးများနှင့် ပြန်ရည်ကြောကျိတ်များအား ဖြတ်ထုတ်ခြင်းဖြစ်သည်။ ကျောက်ကပ်

ပေါ်ရှိ အက်ဒရီနယ်ဂလင်းကိုလည်းဖြတ်ထုတ်ရနိုင်သည်။ ခွဲစိတ်မှု

အားမှန်ပြောင်းတခု(သို့)ကြီးမှားလှသော ဓါးရာတခုမှ ပြုလုပ်ရ

တတ်သည်။

Conservative Nephrectomy ကျောက်ကပ်တစ်ပိုင်းတစ်စအားဖြတ်ထုတ်ကုသခြင်း

ယခုခွဲစိတ်မှုတွင်ကား ကင်ဆာအကျိတ်လုံးနှင့်ဘေးပတ်လည်ရှိကျောက်ကပ်အသားစများ၊ပြန်ရည်ကြောအိတ်များကိုသာ ဖြတ်ထုတ်သည်။ ထို့ကြောင့်လည်း

ကျောက်ကပ်တစ်ပိုင်းတစ်စသာဖြတ်ထုတ်ကုသခြင်းဟုခေါ်သည်။

အကျိတ်လုံး၏ဆဲလ်များကို cryosurgeryဟုခေါ်သော အေးခဲကာ

သတ်ပစ်ခြင်း(သို့)အပူပေး၍ ကုသမှုradiofrequency ablationတို့ကို အသုံးပြုတတ်သည်။

အဆင့်မြင့်ပျံ့နှံ့နေသောကျောက်ကပ်ကင်ဆာအား ခွဲစိတ်မှုတခုတည်းနှင့် ကုသ၍မရနိုင်ပါ။ အကျိတ်လုံးများအား

ရနိုင်သလောက်ဖြတ်ထုတ်အပြီးတွင် အခြားကုသမှုများလည်းလိုအပ်ပါသည်။ ခုခံအားစနစ်ကိုပြောင်းလဲပြုပြင်ကုသခြင်း၊ပစ်မှတ်ထားကုသခြင်းနှင့် ဓါတ်ရောင်ခြည်ကုသမှု

တို့ပါဝင်သည်။ ထိုကုသမှုများသည် ဘေးထွက်ဆိုးကျိုးများရနိုင်သည်။

ခုခံအားစနစ်ကို ပြောင်းလဲပြုပြင်ကုသခြင်း

ခုခံအားစနစ်ကို ပြောင်းလဲပေးနိုင်သော ကိုယ်တွင်းရှိဓါတုပစ္စည်းများပုံစံ ဖန်တီးပြုလုပ်ထားသည့်အရာများ

ကိုအသုံးပြုသည်။Interferonနှင့် aldesleukinတို့သည် ယခုကုသမှုတွင်သုံးသောဥပမာဆေးများပင်ဖြစ်သည်။

ပစ်မှတ်ထားကုသသောဆေးများ

ပစ်မှတ်ထားကုသသောဆေးများသည် အချို့သောကျောက်ကပ်ကင်ဆာဆဲလ်များရှိ ပုံမှန်မဟုတ်သည့်

သတင်းပို့လွှတ်မှုများကိုပိတ်ဆို့ပေးကာ ကင်ဆာဆဲလ်များအား

အာဟာရထောက်ပံ့ပေးသောသွေးကြောအသစ်များဖြစ်ပေါ်မူအား

ရပ်တန့်စေသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကျောက်ကပ်ကင်ဆာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကျောက်ကပ်ကင်ဆာ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း
  • ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်း
  • ကိုယ်အလေးချိန်ထိန်းခြင်း
  • အလုပ်ခွင်ရှိဓါတုအဆိပ်အတောက်များမှ သင့်ကိုယ်သင်

ကာကွယ်ခြင်း

  • သွေးပေါင်ချိန်အားထိန်းညှိခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Nyan Linn မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement