ကြားဖူးကြလား အကျိုးပြုဘက်တီးရီးယား ( Probiotics ) ဆိုတဲ့ စကားလုံးလေးကို။ ကြားဖူးတယ်ဆိုရင် ထပ်မေးကြည့်ချင်တာက ဒီစကားလုံးလေး ဘယ်လိုစဖြစ်ပေါ်လာတာလဲဆိုတာကိုရော သိပြီးပြီလား။ မသိသေးရင်တော့ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်နော်။
ထွက်မှာ သေချာပြီလား။
ကြားဖူးကြလား အကျိုးပြုဘက်တီးရီးယား ( Probiotics ) ဆိုတဲ့ စကားလုံးလေးကို။ ကြားဖူးတယ်ဆိုရင် ထပ်မေးကြည့်ချင်တာက ဒီစကားလုံးလေး ဘယ်လိုစဖြစ်ပေါ်လာတာလဲဆိုတာကိုရော သိပြီးပြီလား။ မသိသေးရင်တော့ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်နော်။
ဒီစကားလုံးက ဂရိစကားလုံးပါ။ Pro ဆိုတာက promoting (မြှင့်တင်ခြင်း) လို့ အဓိပ္ပါယ်ရပြီး biotic ဆိုတာကတော့ (ရှင်သန်ခြင်း) လို့အဓိပ္ပါယ်ရပါတယ်။ ၂၀ ရာစုနှစ်အစောပိုင်းက ပေါ်ပေါက်လာခဲ့တဲ့ စကားလုံးလေးတစ်ခုပေါ့။ ဒီစကားလုံးလေးကိုမွေးထုတ်ပေးခဲ့သူကတော့ father of probiotics လို့သိကြတဲ့ ဘူဂေးရီးယားနိုင်ငံသား Elie Metchnikoff ပါ။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေကို ဒိန်ချဉ်လိုမျိုးအချဉ်ဖောက်ထားတဲ့အရာတွေမှာ တွေ့ရှိရပြီး ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
ခန္ဓာကိုယ်ရဲ့ အစာခြေစနစ် ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ကျန်းမာရေးအတွက်ပါအကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ကျန်းမာပျော်ရွှင်နေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။
Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။ Probiotics အမျိုးအစားတွေက –
Lactobacillus –ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။
Bifidobacterium – ဒီProbiotic အမျိုးအစားကိုတော့ နို့ထွက်ပစ္စည်းတွေမှာတွေ့ရတာများပါတယ်။irritable bowel syndrome (IBS) (နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု) လက္ခဏာတွေနဲ့ အခြားအစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။
Saccharomyces boulardii– ဒါကတော့probiotics ထဲမှာတွေ့ရတဲ့ တစေးတစ်မျိုးပါ။ ဝမ်းလျှောတာနဲ့ အခြားအစာခြေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။
အကျိုးပြုဘက်တီးရီးယားလေးတွေဖြစ်ကြတဲ့ Probiotics တွေက ကျန်းမာရေးအတွက်တော်တော်လေး ထောက်ပံ့ပေးနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ အရေးအကြီးဆုံးတာဝန်တစ်ခုက အူမကြီးထဲက အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို ထိန်းညှိပေးတာပါ။ ဒါတွေအပြင် probiotics တွေက
အကျိုးပြုဘက်တီးရီးယား (Probiotics) က ခန္ဓာကိုယ်ကျန်းမာဖို့အတွက် တော်တော်လေးအရေးပါပါတယ်။ ဒီလိုပြောရတာက အကျိုးပြုဘက်တီးရီးယားလေးတွေက
ကိုယ်အလေးချိန်များလို့ လျှော့ချနေတဲ့သူတွေ၊ ကိုယ်အလေးချိန်ထိန်းချင်တဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေစေနိုင်ပါတယ်။ အဝလွန်တာမျိုးမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။ အဝလွန်တာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ Lactobacillus အမျိုးအစား အကျိုးပြုဘက်တီးရီးယားက ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ သွေးကြောတွေထဲမှာ အဆီတွေပိတ်ဆို့တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါသေးတယ်။ ကျန်းမာတဲ့ BMI ကိုထိန်းသိမ်းဖို့ အကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့ အရာတစ်မျိုးပေါ့။ လေ့လာမှုတွေအရတော့ အကျိုးပြုဘက်တီးရီးယားတွေက ကိုယ်တွင်းက အဆီတွေကိုလျှော့ချပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးတာပါ။
အစာခြေစနစ် ကျန်းမာစေနိုင်တယ်
အကျိုးပြုဘက်တီးရီးယားလေးတွေက အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေပြီး ဝမ်းချုပ်တဲ့ပြဿနာကနေ ကင်းဝေးစေမှာပါ။ လေပွတာ၊ အစာအိမ်နာတာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါတယ်။
စိတ်ကျန်းမာရေး ကောင်းစေတယ်
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
What are probiotics? https://www.medicinenet.com/probiotics/article.htm Accessed Date 16 January 2020
A guide to the best probiotics https://www.medicalnewstoday.com/articles/327389.php Accessed Date 16 January 2020
Probiotics https://my.clevelandclinic.org/health/drugs/14598-probiotics Accessed Date 16 January 2020