အစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပါ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အစာအိမ် အူလမ်းကြောင်းရောင်ရမ်းတာက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား ဒါမှမဟုတ် ကပ်ပါးပိုးတွေကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် –

  • အစားအသောက် (အထူးသဖြင့် ပင်လယ်စာ)
  • သောက်သုံးရေ
  • ရောဂါပိုးရှိနေတဲ့ လူနဲ့ထိတွေ့မှု
  • လက်မဆေးခြင်း
  • ဇွန်း၊တူ စတာတွေ မသန့်ရှင်းခြင်း တို့ကတဆင့် ရောဂါပိုးကို ကူးစက်ရရှိနိုင်ပါတယ်။

လက္ခဏာတွေကတော့ –

  • မအီမသာဖြစ်ခြင်း၊
  • ချွေးထွက်များခြင်း၊
  • ကြွက်သားတောင့်တင်းနာကျင်ခြင်း၊
  • ပျို့အန်ခြင်း၊
  • ဝမ်းလျှောခြင်း၊
  • ဗိုက်နာခြင်း၊
  • အနည်းငယ် ကိုယ်ပူခြင်းတို့ပဲဖြစ်ပါတယ်။

ရောင်ရမ်းခြင်းရဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဒီလက္ခဏာတွေဟာ တစ်ရက်ကနေ တစ်ပတ်ကျော်အထိ ကြာမြင့်တတ်ပါတယ်။

အစာအိမ် ရောင်ပြီဆိုရင် –

အကြမ်းဖျင်းအားဖြင့်တော့ အစာအိမ်ရောင်တဲ့အခါ အချဉ်၊ အစပ် မပါတဲ့ အစာပျော့ပျော့ပဲစားရမှာပါ။ ရှောင်သင့်တဲ့အရာတွေအကြောင်း အသေးစိတ်လေး ပြောရရင်တော့ –

  • ဆီကြော်နဲ့ အဆီများတဲ့ အစားအစာတွေ ၊
  • ချဉ်ဖတ်နဲ့ အချဉ်တည်ထားတာတွေ၊ ဆားရည်စိမ်တွေ၊
  • အငန်နဲ့အစပ်ကဲတဲ့ အစားအစာတွေ၊
  • ကော်ဖီ၊ လက်ဖက်ရည်၊ နဲ့ ကဖင်းများတဲ့ သောက်စရာတွေ၊
  • အရက်နဲ့ ဘီယာလို အယ်လ်ကိုဟောတွေ၊
  • အချဉ်စူးတဲ့အသီးတွေနဲ့ ဖျော်ရည်တွေ၊
  • ဂက်စ်ပါတဲ့ အချိုရည်ဘူးတွေ၊
  • ရေခဲမုန့်လိုမျိုး ပျစ်နှစ်နေတဲ့နို့ထွက်ပစ္စည်းတွေ၊ ချိစ်များတဲ့ မုန့်တွေ ရှောင်သင့်ပါတယ်။

ဒါ့အပြင် အမဲသား၊ ဝက်သားတို့လို အသားတွေကို များများမစားသင့်ပါဘူး။

အစာစားရင် တစ်ခါတည်း အများကြီးပြည့်အင့်နေအောင် မစားပါနဲ့။ အချိန်သတ်မှတ်ပြီး နည်းနည်းချင်း ခွဲပြီးစားပါ။ ပမာဏများများ ဖိစားလိုက်တဲ့အခါ အစာအိမ်ကို ဝန်ပိစေနိုင်လို့ပါ။

ဘာတွေစားလို့ရမလဲ

ဒီအချိန်မှာ –

  • ပန်းသီး၊ အုတ်ဂျုံ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပဲ တို့လို အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊
  • ငါး၊ ကြက်ရင်ပုံသား တို့လို အဆီနည်းတဲ့အစားအစာတွေ၊
  • ဂက်စ်မပါတဲ့ အချိုရည်တွေ၊
  • ကဖင်းမပါတဲ့ သောက်စရာတွေ က သင့်တော်ပါတယ်။

ကောင်းကောင်းအနားယူပါ။

အစာအိမ်ရောင်တဲ့အချိန်မှာ ခန္ဓာကိုယ်က ရောဂါပိုးကိုတိုက်ထုတ်ဖို့ အနားယူဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝအောင်အိပ်ပါ၊ တစ်နေ့တာမှာ လှုပ်ရှားမှုသိပ်မများအောင် ဂရုစိုက်ပါ။ အပင်ပန်းမခံဘဲ နားနားနေနေ နေပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 22, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 22, 2020

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။