ပဋိဇီဝပိုးသတ်ဆေး ကြောင့် ဖြစ်တဲ့ ဝမ်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အစားအသောက်တော့ ဂရုစိုက်နေတာပဲ၊ ဗိုက်ကမကောင်းဘူး၊ တော်ကြာ ဝမ်း ချုပ်လိုက်၊ ဝမ်းမကောင်းလိုက် ဖြစ်နေတယ်။ ဒီအခြေအနေမျိုး ဖြစ်ဖူးကြမှာပါ။

ဘာမှလည်းမစားရပါဘဲ ခဏခဏဝမ်းပျက်တယ်။ ဝမ်းပျက်လို့ ဆိုပြီး ဆေးတွေသောက်ရတယ်၊ နောက်ပိုင်း ပိုဆိုးလာတယ်။ လုံးလည်ချာလည် လိုက်နေတာ ဘာကြောင့်ဖြစ်မလဲ။

အကြောင်းရင်းခံ တစ်ခုခုကြောင့် ပဋိဇီဝဆေးတွေ ဆေးပတ်လည်အောင် သောက်ခဲ့ရပြီးနောက်ပိုင်း probiotics တွေကို သောက်ဖို့ ဆရာဝန်တွေ ညွှန်းတာ ဘာကြောင့်လဲ။ ဟုတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို ပုံမှန်ဖြစ်အောင် ပြန်ထိန်းညှိပေးဖို့ probiotics တွေကို လိုအပ်တာပါ။

Probiotic ဆိုတာ ဘာလဲ

Probiotic ဆိုတာ အစာခြေလမ်းကြောင်းမှာ ရှိနေပြီး ခန္ဓာကိုယ်ရဲ့အာဟာရဓာတ်စုပ်ယူနိုင်စွမ်း နဲ့ ရောဂါပိုးတွေ ခုခံနိုင်စွမ်းကို ထောက်ပံ့ပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ Probiotic တွေက ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်ကို ထောက်ကူတဲ့အပြင် ရောင်ရမ်းမှုတွေ လျော့ကျစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေတယ်၊ အသားအရေ လှပကျန်းမာစေတဲ့ အကျိုးကျေးဇူး ရှိပါတယ်။

ပဋိဇီဝဆေးဝါးတွေ ရဲ့ သက်ရောက်မှု

ပဋိဇီဝဆေးတွေ သောက်ရင် ဝမ်းပျော့တာ၊ ဝမ်းသွားတာ ဖြစ်လေ့ရှိတဲ့ကိစ္စတစ်ခုပါ။ နည်းနည်းပဲဖြစ်တဲ့ အပျော့စားလက္ခဏာဆိုပေမယ့် ဝမ်း အကောင်း မသွားတာက စိတ်ညစ်စရာတော့ ကောင်းပါတယ်။ ဒီအခြေအနေက ပဋိဇီဝဆေးတွေ ရပ်လိုက်တဲ့အခါ သက်သာသွားတတ်ပေမယ့် တစ်ခါတလေမှာတော့ ပိုပြင်းထန်တတ်ပြီး အူမကြီး ရောင်ရမ်းတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ရောဂါအခြေအနေတစ်ခု အတွက် ရည်ရွယ်ပြီး သောက်တဲ့ ပဋိဇီဝဆေးတွေက အူတွင်းက ပိုးမွှားလေးတွေရဲ့ ဟန်ချက်ထိန်းညှိမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားကို ခုခံဖယ်ရှားဖို့ ပဋိဇီဝဆေးတွေကို စီမံထုတ်လုပ်ထားတာဖြစ်ပေမယ့် သူတို့က အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေ ကိုပါ တိုက်ခိုက်ပါတော့တယ်။

ဒီလို ပဋိဇီဝဆေးတွေကြောင့် ကမောက်ကမ ဖြစ်လာတဲ့ ဝမ်း ပြဿနာတွေမှာ Probiotic ရဲ့အာနိသင်ကို လေ့လာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဟန်ချက်ညီထိန်းညှိမှု ပြန်ရနိုင်အောင် အကျိုးပြုလုပ်ဆောင်ပေးတာ တွေ့ရပါတယ်။

ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ နာတာရှည်ဝမ်းဗိုက်ပြဿနာရောဂါစု(irritable bowel syndrome)တို့လို လက္ခဏာတွေက အဲဒီကမောက်ကမဖြစ်စဉ်ရဲ့ရလဒ်တွေပါ။

ပဋိဇီဝပိုးသတ်ဆေးတွေ သောက်လို့ပဲဖြစ်ဖြစ်၊ ဓာတုဆေးဝါးကုထုံးကြောင့် ဖြစ်ဖြစ်၊ စိတ်ဖိစီးမှု အရမ်းများနေတာကြောင့်ဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ပုံမှန်ထိန်းညှိမှုတွေ ပျက်ယွင်းတဲ့အခါ အူလမ်းကြောင်းမှာ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာတော့တာပါပဲ။

ဒါတွေကို ကယ်တင်ပေးနိုင်မှာက အခြေအနေပြန်ထိန်းပေးမယ့် probiotics တွေ ဖြည့်တင်းဖို့ပါပဲ။

Probiotics တွေက အူလမ်းကြောင်းအတွက် ဘယ်လိုကောင်းတာလဲ

  • အကျိုးပြုဘက်တီးရီးယား ဆိုတဲ့အတိုင်းပဲ probiotics တွေက အစာခြေစနစ်အတွက်ရော၊ ကိုယ်ခံအားစနစ်မှာပါ အရေးပါတဲ့နေရာကနေ ထောက်ပံ့ကူညီပေးပါတယ် –
  • ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အူလမ်းကြောင်းမှာ ခြေကုပ်မယူနိုင်အောင် ခုခံတားဆီးပေးတယ်၊
  • အူနံရံအမြှေးကို မပါးအောင် ထိန်းသိမ်းပေးတယ်( မစင်တွေထဲက အဆိပ်အတောက်ဓာတ် တွေကို သွေးထဲ ပြန်မရောက်အောင်ကာကွယ်ပေးတဲ့ အတားအဆီးအလွှာ)၊
  • ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း အန္တရာယ် လျော့ပါးစေတယ်။
  • နောက်ဆုံးကတော့ ဝမ်းမှန်စေတာပါပဲ။
  • ကလေးတွေမှာ ဝမ်းနဲ့လေနာပြဿနာတွေ ဖြစ်လာရင်လည်း probiotic က
  • ပုံမှန်ဝမ်းသွားအောင် အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက် အားဖြည့်ကူညီပေးတယ်၊
  • ဝမ်း ကောင်းသွားအောင် ထောက်ပံ့တယ်၊
  • လေပွခြင်း၊ ဗိုက်ပွခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း တွေကို သက်သာစေတယ်၊
  • အူတွင်းဘက်တီးရီးယားတွေကို ဖြည့်တင်းပေးပြီး ပုံမှန်ထိန်းညှိမှု ပြန်ရစေတယ်။

Probiotics တွေ ဘယ်က ရနိုင်မလဲ

အကျိုးပြုဘက်တီးရီးယားတွေကို  –

  • ဒိန်ချဉ်၊
  • ကီဖာ (Kefir)
  • ချဉ်ဖတ်
  • ကင်ချီ
  • မီဆို တို့လို အချဉ်ဖောက်ဖြစ်စဉ်နဲ့ ပြုလုပ်ထားတဲ့ အစားအသောက်တွေ ကနေ အများအားဖြင့် ရရှိနိုင်ပါတယ်။
  • ဆေးတောင့်၊ ဆေးမှုန့်ပုံစံတွေနဲ့ အမျိုးမျိုးထုတ်လုပ်ထားတဲ့ ဖြည့်စွက် Probiotic တွေကို သောက်လို့ရပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား

Probiotics ဆိုတာ ခန္ဓာကိုယ်နဲ့ အစာအိမ်ကိုအကျိုးပြုပြီးတော့ ကိုယ်အလေးချိန်ကျဖို့၊ အစာခြေစနစ်ကောင်းမွန်ဖို့၊ ဝမ်းမှန်ဖို့၊ စိတ်ကျန်းမာဖို့ အကျိုးပြုပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ။

ကျောက်ကပ်ထိခိုက်လို့ကျောက်ကပ်ဆေးနေရတယ်ဆိုရင်အနေအထိုင်အစားအသောက် အတော်လေးဂရုစိုက်ရတာပါ။ကျောက်ကပ်ဆေးနေရတဲ့ဖိုးဖိုးဖွားဖွားတွေကျန်းမာနေစေဖို့ဘာတွေဂရုစိုက်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ကျွန်တော်တို့ရဲ့ အစာခြေစနစ်ထဲမှာ သန်းပေါင်းများစွာသော ဘက်တီးရီးယားလေးတွေ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်

အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ငရုတ်ပွနဲ့ကျန်းမာရေး

ငရုတ်ပွ နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 1 min read
ဖြည့်စွက်အားဆေးတွေ သောက်မယ်ဆိုရင်

ဖြည့်စွက်အားဆေးတွေ သောက်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read