နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 21, 2020 . 2 mins read
Share now

တစ်ခါတလေ ရုတ်တရက် အကောင်းကြီး ဖြစ်နေရာကနေ ဗိုက်ထဲ မအီမသာနဲ့ လေပွချင်သလို၊ အိမ်သာ တက်ချင်သလို ခံစားဖူးကြမယ် ထင်ပါတယ်။ ဒီလို ဖြစ်ရတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ အစားအစာတွေကြောင့်လည်း ဖြစ်နိုင်သလို အစာအိမ် အူလမ်းကြောင်းဆိုင်ရာမှာ ပြဿနာတစ်ခုခု ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပါစေ၊ အရမ်းကြီးတော့ စိုးရိမ်စရာ မလိုပါဘူး။ ဗိုက်ထဲက တစ်ခုခု ရင်ခေါင်းတောင့်သလို ရင်ခေါင်းအောင့်သလို ခံစားနေရပြီဆိုတာနဲ့ ခုပြောပြပေးမယ့် အိမ်တွင်းနည်းလမ်းတွေကို လုပ်ကြည့်ပါနော်။

၁။ ချင်းပြုတ်ရည် ပူပူလေး သောက်ပေးကြည့်ပါ။

ချင်းမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် အာဟာရဓာတ် အများအပြား ပါဝင်ရုံသာမက အစာအိမ်နဲ့ အူလမ်းကြောင်းကို အရောင်ကျစေပြီး အစာချေဖျက်ခြင်းကို ကူညီပေးတယ်။ ဗိုက်ထဲမှာဖြစ်နေတဲ့ လေပွတာ၊ စားချင့်ရည် ပြန်ကန်တက်တာ၊ လေချဉ်တက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ရေနွေးပူပူထဲ ချင်းကို ပါးပါးလေးလှီးပြီး မိနစ်အနည်းငယ် ပြုတ်ကာ ရလာတဲ့ ချင်းပြုတ်ရည်ပူပူလေးကို သောက်ပေးခြင်းဖြင့် ဗိုက်မအီမလည် ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ချင်းပြုတ်ရည် မဟုတ်ဘဲ ချင်းကို ပါးပါးလေး လှီးပြီး အစိမ်းစားတာ၊ ဟင်းတွေထဲ ချင်းများများ ထည့်ချက်ပြီး စားပေးတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။

၂။ ရေနွေးကြမ်း ခါးခါးလေး သောက်ပေးပါ။

ရေနွေးကြမ်းမှာလည်း ဗိုက်အောင့်ဗိုက်နာကို သက်သာစေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို အရောင်ကျစေနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ပူနွေးနွေး ခံစားချက်အပြင် အခါးဓာတ်ပါဝင်လို့ ဗိုက်ထဲက လေတွေကို ရှင်းပေးနိုင်သလို ပုံမှန်အတိုင်း ကောင်းကောင်း စားသောက်ချင်စိတ် ဖြစ်လာအောင်လည်း ကူညီပေးနိုင်မှာပါ။

ရေနွေးကြမ်းထဲမှာတော့ ချာမိုမိုင်းလ် (Chamomile) လက်ဖက်ခြောက်နဲ့ လက်ဖက်စိမ်း (Green Tea) ဟာ ကျန်းမာရေးအတွက် အကောင်းဆုံးဆိုပေမယ့်လို့ မြန်မာနိုင်ငံမှာ ရှာရခက်တယ်ဆိုရင် ရိုးရိုးလက်ဖက်ခြောက်နဲ့ များများထည့်ပြီး ကျိုထားတဲ့ ရေနွေးကြမ်းကို ပူပူနွေးနွေးလေး သောက်ပေးလို့ ရပါတယ်။

၃။ ပန်းသီးရှာလကာရည် (Apple Cider Vinegar) သောက်ပါ။

ပန်းသီးရှာလကာရည်ကို ဟင်းချက်တဲ့နေရာမှာ အနံ့မွှေးဖို့၊ အသားငါးတွေကို နယ်ဖို့ အသုံးပြုတာ များပါတယ်။ ဒီအတိုင်း သောက်မယ်ဆိုရင်တော့ အရသာနဲ့ အနံ့က နည်းနည်း ပြင်းတဲ့အတွက် မသောက်ကြတာ များပါတယ်။ ပန်းသီးရှာလကာရည်ဟာ ဗိုက်ထဲမှာ ကျန်နေတဲ့ ကစီဓာတ်တွေကို မြန်မြန်ချေဖျက်နိုင်စေဖို့ ကူညီပေးသလို အူလမ်းကြောင်းမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားကိုလည်း ကျန်းမာစေပါတယ်။

အကယ်လို့ ပန်းသီးရှာလကာရည်ကို ဒီအတိုင်း မသောက်နိုင်ဘူးဆိုရင် ရေနည်းနည်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက် ရောပြီး မွှေသောက်ပေးနိုင်ပါတယ်။ တစ်နေ့ကို ပန်းသီးရှာလကာရည် တစ်ဇွန်းလောက် သောက်ပေးရင် လုံလောက်ပါပြီ။

၄။ ရေနွေးဝတ် ကပ်ပေးပါ။

အပူဟာ ခန္ဓာကိုယ်တွင်း ကလီစာတွေ ရောင်ရမ်းတာ ကျစေနိုင်တယ်လို့ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ နောက်တစ်နည်း အနေနဲ့ ရေနွေးဝတ် အထုပ်ကပ်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ အပူရှိန်ဟာ ဗိုက်ထဲမှာ အောင့်တာ၊ နာကျင်ကိုက်ခဲတာ၊ လေပွတာတွေကို လျော့နည်းသက်သာသွားစေနိုင်ပါတယ်။

ရေနွေးဝတ်ထုပ်ကို ဆေးခန်းနဲ့ ဆေးဆိုင်တွေမှာ မေးဝယ်လို့ ရသလို၊ အဝတ်သန့်သန့် တစ်ထည်ကို ရေနွေးနဲ့ စိမ်ကာ ညှစ်ပြီးတော့ ဝမ်းဗိုက်မှာ ကပ်ထားလို့ ရပါတယ်။ ရေနွေးနွေးနဲ့ ချိုးတာ၊ ရေစိမ်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ဗိုက်အောင့်ဗိုက်နာနေတဲ့အချိန်၊ ဝမ်းဗိုက်ထဲ မအီမသာ ဖြစ်နေတဲ့ အချိန်မျိုးမှာ ပေါ့ပါးပြီး အစာကြေလွယ်လောက်မယ့် အစားအစာတွေပဲ ရွေးစားပေးပါနော်။ အသား၊ ဟင်းခတ်မှုန့် အများကြီး သုံးထားတဲ့ ဟင်းတွေ၊ အဆီအစိမ့်၊ အကြော်အလှော်၊ နို့ထွက်ပစ္စည်းတွေကိုတော့ တတ်နိုင်သလောက် ရှောင်ပေးပါ။ ရေကို ပုံမှန်အတိုင်းလေးပဲ သောက်ပေးပါ။ တစ်ခါတလေ ဖြစ်တာ ကိစ္စမရှိပေမဲ့ အမြဲတမ်း ဗိုက်ထဲမှာ ဒီလိုမျိုး ခံစားနေရရင် ဆရာဝန်နဲ့ သေချာပြပြီး စစ်ဆေးကြည့်ပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

အစာအိမ်အနာနဲ့ ပတ်သက်လာရင် အများစုက အစာအိမ်ဆေးလောက်ပဲ ဝယ်သောက်ကြတာများပါတယ်။ ဒါက လက္ခဏာကိုပဲ သက်သာစေပြီး အပြီးမပျောက်စေပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီး စားပါ

ဗီတာမင်နဲ့ သက်စောင့်ဓာတ် ၂၀ ကျော်ပါရှိနေတဲ့ ထောပတ်သီးစား တာဟာ ကိုယ်အလေးချိန် လျော့ကျစေတာအပြင် သွေးတိုးကျစေတာလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒါဆို မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးများအတွက် ဒိုင်းသဖွယ် ကာကွယ်ပေးမယ့် နို့တစ်ခွက်

ကျန်းကျန်းမာမာနဲ့ ဆော့ကစားနေတဲ့ ကလေးတွေကို မြင်နေရတာ မေမေအတွက်တော့ စိတ်ချမ်းသာစရာပါ။ မေမေတို့ အဖြစ်ချင်ဆုံး ဆန္ဒက မေမေ့ကလေးတွေကို ကျန်းမာစေချင်တာပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 2 mins read