backup og meta

သင့်အိမ်သားတွေကို အတက်ရောဂါနဲ့ ရင်းနှီးအောင် ဘယ်လိုလုပ်ပေးရမလဲ

အတက်ရောဂါ အဖြစ်များတဲ့နေရာက သင့်ရဲ့အိမ်ဖြစ်ပါတယ်။ အိမ်မှာ ရေချိုးနေချိန်နှင့် ထမင်းဟင်းချက်ပြုတ်နေချိန် တက်တာဟာ အလွန်အန္တရာယ်များပါတယ်။ အတက်ရောဂါရှိတဲ့လူကို ဝိုင်းဝန်းစောင့်ရှောက်ဖို့ပြီး အိမ်ကအန္တရာယ်ရှိတဲ့ပစ္စည်းတွေ၊ နေရာတွေကိုဖယ်ဖို့က တစ်မိသားစုလုံးအတွက် အရေးကြီးပါတယ်။

သင့်အိမ်ကလူရဲ့ အတက်ရောဂါနဲ့ ရင်းနှီးဖို့ ဘေးကင်းစေဖို့ အတွက် လုပ်နိုင်တဲ့နည်းတွေ အများကြီးရှိပါတယ်။

၁. ယေဘူယျနည်းများ

  • မှန်နဲ့လုပ်ထားတဲ့ စားပွဲတွေက တက်တဲ့အချိန်မှာ အန္တရယ်ရှိတဲ့အတွက် မသုံးသင့်ပါဘူး။ အဲ့ဒီအစား အစွန်းတွေက ကွေးညွတ်နေတဲ့ သစ်သားစားပွဲ သုံးသင့်ပါတယ်။
  • အိမ်မှာ ကောဇောကို ပိုသုံးသင့်ပါတယ်။ ကောဇောတွေက ကျောက်ပြားတွေ တခြားမာကြောတဲ့ ကြမ်းခင်းတွေထက် ပိုပြီးစိတ်ချရပါတယ်။ နားနေခန်းနှင့် အိပ်ခန်းမှာ ကောဇောခင်းဖို့ လုပ်သင့်ပါတယ်။
  • သင်ဟာ ပိုက်ခေါင်းလက်ကိုင်တွေ၊ ချွန်ထက်တဲ့ပစ္စည်းတွေ၊ ချွန်ထက်တဲ့ အစွန်းတွေကို တခုခုနဲ့ အုပ်ထားသင့်ပါတယ်။ သင်တက်တဲ့အချိန်မှာ ဒဏ်ရာရတာကို လျှော့ချပေးနိုင်ပါတယ်။
  • မှန်တွေအစား မကျိုးပဲ့နိုင်တဲ့အရာတွေနဲ့ အစားထိုးပါ။
  • ဘီးလှည့်ကုလားထိုင်တွေက ပြုတ်ကျနိုင်လို့ မသုံးသင့်ပါဘူး
  • လျှပ်စစ်နဲ့ အိမ်သုံးပစ္စည်းတွေကို အလိုအလျောက်ပိတ်ပေးနိုင်တဲ့ ပစ္စည်းတွေကို သုံးပါ။
  • တီဗွီ၊ ကွန်ပျူတာ သို့မဟုတ် တခြားပစ္စည်းတွေကို ပြုတ်မကျအောင် သေချာထားပါ။
  • အတက်ရောဂါရှိတဲ့ ကလေးတွေရှိလျှင် သူတို့ကို လှေကားကနေ ပြုတ်မကျအောင် သေချာထားဖို့လိုပါတယ်။
  • အပူပေးစက်ရှိလျှင် မမှောက်အောင်လုပ်ပေးပါ။
  • သင်ဟာ မီးဖိုသုံးလျှင် မီးဖိုအကာ ကာထားပါ။
  • အိမ်မှာအခန်းတွေစုနေလျှင် ပြုတ်မကျစေရန် ဂရုပြုပါ။
  • အိမ်မှာ အလန်းတပ်ထားပြီး သင်တက်တဲ့အခါ အလန်းကို နှိပ်ပါ။ ဒါမှမဟုတ် အကူအညီတောင်းဖို့ လွယ်အောင်စီစဉ်ထားပါ။

၂. ရေချိုးခန်းတွေမှာ ဘေးကင်းရန်

  • ရေချိုးခန်းတံခါးကို အပြင်ကို ပွင့်အောင် လုပ်ထားပါ။ အတွင်းကနေ မပိတ်ထားပါနဲ့။ သင်ပြုတ်ကျရင် တံခါးပွင့်အောင်လုပ်ထားပါ။
  • လျှပ်စစ်ပစ္စည်းများ။ (ဥပမာ- လေမှုတ်စက်)တွေကို ရေတွေအနားမှာ (ဥပမာ- ရေပိုက်ခေါင်း၊ ဘေစင်နဲ့ ရေချိုးဇလုံ)မထားပါနဲ့။
  • သင့်ရေချိုးကန်နှင့် ရေပန်းတွေကို မချောတဲ့ပစ္စည်းတွေကို သုံးပါ။
  • ရေပန်းတွေ၊ ရေချိုးကန်တွေမှာ ရေတွေမခိုအောင်းဘဲ စီးနေအောင် သေချာဂရုစိုက်ပါ။
  • ရေအပူပေးစက်ကို မီးမလောင်အောင်ချိန်ထားပါ
  • သင်အဆင်ပြေနေကြောင်းသိဖို့ ရေချိုးနေစဉ် သီချင်းဆိုခြင်း၊ စကားပြောခြင်းပြုလုပ်ပါ။
  • ရေချိုးကန်အစား ရေပန်းသုံးတာက ပိုကောင်းပါတယ်။

၃.မီးဖိုခန်းအတွင်း ဘေးကင်းဖို့

  • သင့်အသုံးအဆောင်တွေကို ပလတ်စတစ်ပစ္စည်းတွေနဲ့ အစားထိုးပါ
  • မီးဖိုထက်စာရင် မိုက်ခရိုဝေ့ဗ်ကို သုံးတာသင့်တော်ပါတယ်။ အစားထိုးစရာမရှိလျှင် နောက်ဘက်ကနေမီးကာကို သုံးပါ။
  • ခွက်တွေကို မဖိတ်စေရန် အဖုံးဖုံးပါ။
  • ဓါးကို မသုံးပဲ အသင့်ပြင်ဆင်ထားတဲ့ အစားအသောက်တွေ ၊ အသင့်လှီးထားနဲ့ အသားတွေကို သုံးပါ။
  • ပူတဲ့ပစ္စည်းတွေကို သုံးရင် သယ်ယူတဲ့အစား အပူခံပစ္စည်းတွေ၊ တစ်ခန်းကနေ တစ်ခန်းကိုရွှေ့ဖို့အတွက် တွန်းလှည်းတွေကိုသုံးပါ။

ပန်းကန်ဆေးလျှင် ရာဘာလက်အိပ်ဝတ်ပါ။

Hello Health Group သည် ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Epilepsy and Home Safety. http://www.webmd.com/epilepsy/guide/making-home-safe. Accessed November 15, 2016.

Safety at Home. http://www.epilepsy.com/get-help/staying-safe/safety-home . Accessed November 15, 2016

ယခုပုံစံ

12/05/2020

Phyo Wai Yan မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement