ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

ဦးနှောက်နဲ့ အာရုံကြောမကြီးရဲ့ ပတ်ပတ်လည်ကို ကာရံထားတဲ့ အမြှေးပါးကို ဦးနှောက်အမြှေးပါး လို့ခေါ်ပါတယ်။ ရောဂါပိုးတစ်ခုခု ဥပမာ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးပိုးစသဖြင့် ပိုးတစ်မျိုးမျိုးကြောင့် ရောင်ရမ်းတာများပါတယ်။ တခြားအကြောင်းအရင်းတွေလည်းရှိပါတယ်။ ဦးနှောက်အမြှေးပါး ရောင်တာက သိပ်မဆိုးရင် သူ့အလိုလိုပျောက်သွားပေမယ့် တချို့ကျတော့လည်း  ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးနှောက်အမြှေးပါးရောင်တာကပေါ့ဆသင့်တဲ့ကိစ္စမဟုတ်လို့ သတိထားရမယ့်လက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။

ဘာလက္ခဏာတွေပြမှာလဲ။

ဦးနှောက်အမြှေပါးရောင်တာက အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးသေးသေးလေးကစပြီးလူကြီးအထိ အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကနဦး လက္ခဏာက တုပ်ကွေးနဲ့ ဆင်တူပါတယ်။ နောက်ပိုင်းကျရင်တော့ အသက်ကိုလိုက်ပြီး လက္ခဏာကွဲသွားပါတယ်။

အသက်၂နှစ်အထက်မှာဆိုရင်

  • ရုတ်တရက်အဖျားတက်တာ
  • ဇက်တောင့်တာ
  • အရင်နဲ့မတူကဲ ဆိုးဆိုးဝါးဝါးခေါင်းကိုက်တာ
  • ခေါင်းကိုက်တာအပြင် ပျို့အန်တာန
  • သတိမကောင်းတာ၊ ကယောင်ကတမ်းပြောတာ
  • တက်တာ
  • အအိပ်များတာ
  • အလင်းရောင်မခံနိုင်တာ
  • အစာစားချင်စိတ်၊ ရေသောက်ချင်စိတ်မရှိတာ
  • အနီကွက်တွေထွက်လာတာ (အထူးသဖြင့် meningococcal meningitis)

ကလေးငယ်လေးတွေမှာဆိုရင်

  • အဖျားကြီးတာ
  • ဆက်တိုက်ငိုတာ
  • ဆက်တိုက်အိပ်ငိုက်တာ၊ ဂျီကျတာ
  • မလှုပ်ရှားချင်တာ
  • အစာမဝင်တာ
  • ငယ်ထိပ်ဖောင်းတာ
  • ကိုယ်လုံးနဲ့ ဇက်တောင့်တာ

ဦးနှောက်အမြှေးပါးရောင်တဲ့ ကလေးတွေက ငိုရင်ချော့ရခက်ပြီး ချီတာနဲ့ ငိုပါတယ်။

ဘာကြောင့်ဖြစ်တာလဲ။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာအများဆုံးပါ။ သူ့နောက်မှာမှ ဘတ်တီးရီးယား၊ ရှားရှားပါးပါး မှိုကြောင့်ဖြစ်တာလည်းရှိပါတယ်။ ဒီထဲမှာ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြေးပါးရောင်တာက ပြင်းထန်ပြီး အသက်သေဆုံးတတ်ပါတယ်။

ဘတ်တီးရီးယားအမြှေးရောင်ရောဂါ

ဘတ်တီးရီးယားက ဦးနှောက်နဲ့ အာရုံကြောမကြီးကို တိုက်ရိုက်ဝင်တာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်တစ်နေရာရာက ရောဂါပိုးဝင်ပြီး သွေးထဲကနေတစ်ဆင့် ဦးနှောက်ကိုရောက်တာဖြစ်ဖြစ် အမြှေးပါးရောင်တတ်ပါတယ်။

ဗိုင်းရပ်စ်အမြှေးရောင်ရောဂါ

ဗိုင်းရပ်စ်အမြှေးရောင်ရောဂါက သိပ်မပြင်းထန်ပါဘူး။ သူ့အလိုလိုပျောက်သွားတာများပါတယ်။ ရေယုန်၊ HIV၊ ပါးချိတ်ရောင်ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တာများပါတယ်။

နာတာရှည်အမြှေးရောင်ရောဂါ

မှိုပိုးနဲ့ တီဘီပိုးတွေကြောင့်ဖြစ်တာများပါတယ်။ ၂ပတ်ထက်ပိုကြာတတ်ပါတယ်။ လက္ခဏာတွေက တခြားဦးနှောက်အမြှေးရောင်လက္ခဏာတွေနဲ့တူတူပါပဲ။

မှိုအမြှေးရောင်ရောဂါ

မှိုကြောင့်ဖြစ်တဲ့ အမြှေးရောင်ရောဂါက ရှားပါတယ်။ နာတာရှည်အမြှေးရောင်ဖြစ်တတ်ပါတယ်။ အတွေ့ရအများဆုံးကတော့ ခုခံအားကျတဲ့သူ AIDSရောဂါရှင်တွေမှာတွေ့ရတဲ့ Cryptococcal meningitisပါ။ တခြားအမြှေးရောင်ရောဂါတွေနဲ့ လက္ခဏာတူပါတယ်။ အချိန်မီမကုရင် အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်ပါတယ်။

တခြားအကြောင်းများ

ပိုးကြောင့်မဟုတ်ဘဲ တခြားအကြောင်းတွေကတော့ ဓာတုပစ္စည်းတွေ၊ ကင်ဆာတွေ၊ ဆေးဓာတ်မတည့်တာတွေကြောင့်လည်းဖြစ်တတ်ပါတယ်။

ဘယ်သူတွေဖြစ်နိုင်လဲ။

  • ကာကွယ်ဆေးမထိုးတဲ့သူတွေ
  • အသက်ငယ်တဲ့ကလေးတွေ (အသက်၅နှစ်အောက်တွေက ဗိုင်းရပ်စ်အမြှေးရောင်ရောဂါဖြစ်တတ်ပြီး ၂၀အောက်တွေက ဘတ်တီးရီးယားအမြှေးရောင်ရောဂါပိုဖြစ်တတ်ပါတယ်။)
  • လူစုလူဝေးနဲ့နေတဲ့သူတွေ (တချို့သော ဘတ်တီးရီးယားအမြှေးရောင်ရောဂါ ဥပမာ meningococcal meningitisက လေကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။)
  • ကိုယ်ဝန်ဆောင်တွေ (ကိုယ်ဝန်ဆောင်ချိန်မှာ listeriaဘတ်တီးရီးယားပိုးဝင်ခဲ့ရင် ကိုယ်ဝန်ပျက်ကျတာ၊ အသေမွေးတာ၊ လမစေ့ပဲမွေးတာတွေဖြစ်တတ်ပါတယ်။)
  • ခုခံအားကျတဲ့သူတွေ (AIDSရောဂါရှိတဲ့သူ၊ ဆီးချို၊ ခုခံအားထိန်းဆေးသုံးတဲ့သူ၊ အကြောင်းအမျိုးမျိုးကြောင့် ဘေလုံးထုတ်ထားတဲ့သူတွေက ပိုးဝင်လွယ်တာကြောင့်  ဖြစ်နိုင်ချေများပါတယ်။)

နောက်ဆက်တွဲဆိုးကျိုးများ

ဦးနှောက်အမြှေးရောင်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ကြောက်ဖို့ကောင်းပါတယ်။ မကုဘဲထားလေလေ နောက်ဆက်တွဲအတက်ရောဂါနဲ့ ဦးနှောက်ပျက်စီးဖို့များလေပါပဲ။ တခြားဆိုးကျိုးတွေကတော့

  • နားမကြားတာ
  • မှတ်ဥာဏ်ထိခိုက်တာ
  • စာသင်ရခက်တာ
  • ဦးနှောက်ထိခိုက်တာ
  • ဟန်ချက်မထိန်းနိုင်တာ
  • တက်တာ
  • ကျောက်ကပ်ပျက်စီးတာ
  • သွေးလန့်တာ
  • အသက်ဆုံးတာတွေဖြစ်တတ်ပါတယ်။

သေချာကုသနိုင်ရင်တော့ ပြန်ကောင်းလာနိုင်ချေရှိပါတယ်။

ကာကွယ်နည်းများ

ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေက ချောင်းဆိုး၊ နှာချေ၊ နမ်းရှုံ့၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို မျှဝေသုံးစွဲတာ၊ သွားပွတ်တံမျှသုံးတာစသည်ကနေကူးစက်နိုင်ပါတယ်။ ဒါကြောင့်

  • လက်သေချာဆေးပါ။ ကလေးတွေကိုလည်း လက်ဆေးဖို့သင်ပေးပါ။.
  • တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပါ။ သောက်ရေခွက်တွေ၊ အစားအစာတွေ၊ အအေးသောက်တဲ့ပိုက်တွေ၊ ပန်းကန်ခွက်ယောက်တွေ၊ နှုတ်ခမ်းဆိုးဆေးတွေ၊ သွားပွတ်တံတွေ မျှမသုံးပါနဲ့။
  • အာဟာရပြည့်အောင်စား၊ လေ့ကျင့်ခန်းလုပ်ပြီး ခုခံအားကောင်းအောင်နေပါ။
  • နှာချေချောင်းဆိုးတဲ့အခါ အုပ်စိုးပါ။
  • ကိုယ်ဝန်ရှိနေရင် အစားအသောက်ဂရုစိုက်ပါ။ Listeriaဆိုတဲ့ရောဂါပိုးက မကျက်တကျက်အသားတွေနဲ့ နို့တွေမှာပါတတ်ပါတယ်။ ဒါကြောင့် အသားတွေကို အပူချိန်ပြင်းပြင်းနဲ့ သေချာကျက်အောင်ချက်ပါ။ နို့ကို သေချာကြိုချက်သောက်ပါ။
  • ကာကွယ်ဆေးထိုးပါ။

တချို့သော ဘတ်တီးရီးယားအမြှေးရောင်ရောဂါက ကာကွယ်ဆေးထိုးပြီးကာကွယ်လို့ရပါတယ်။ ဥပမာပြောရရင်

  Hib vaccine : မြန်မာနိုင်ငံမှာ ၅မျိုးစပ်ကာကွယ်ဆေးအနေနဲ့ ကလေးအသက်၂လ၊ ၄လ၊ ၆လနဲ့ ၁နှစ်ခွဲတွေမှာ ထိုးပေးနေပါပြီ။

-PCV13 : မြန်မာနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးအနေနဲ့ ကလေးအသက် ၂လ ၊ ၄လ၊ ၆လမှာထိုးပေးနေပါပြီ။ ပြင်းထန်အဆုတ်ရောင်အပြင် သူ့ရဲ့နောက့်ဆက်တွဲ ဦးနှောက်အမြှေးရောင်ရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

-PPSV23 : CDCက ဒီကာကွယ်ဆေးကို အသက်၆၅နှစ်အထက်လူကြီးတွေ၊ အသက်၂နှစ်အောက်ကလေးတွေ၊ ခုခံအားမကောင်းတဲ့သူတွေ၊ ဘေလုံးထုတ်ထားတဲ့သူတွေ ထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။

-Meningococcal conjugate vaccine :  CDCက ဒီကာကွယ်ဆေးကို အသက်၁၁-၁၂မှာထိုးရင် ထပ်တိုးကာကွယ်ဆေးကို ၁၆နှစ်၊ အသက်၁၃-၁၅မှာထိုးရင် ထပ်တိုးကာကွယ်ဆေးကို ၁၆-၁၈၊ အသက်၁၆နှစ်မှစထိုးရင်တော့ ထပ်တိုးကာကွယ်ဆေးထိုးစရာမလိုတော့ပါဘူးတဲ့။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကာကွယ်ဆေးအကြောင်း သိကောင်းစရာများ (၁)

COVID-19 ကာကွယ်ဆေး ခုခံအားစနစ် ခန္ဓာကိုယ် မေးခိုင်ရောဂါ ကာလဝမ်းရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်စို့

မုတ်သုံ အအေးမိ တုပ်ကွေး တစ်ကိုယ်ရေ သန့်ရှင်းရေး ရောဂါပိုး COVID_19 ခန္ဓာကိုယ် ကိုယ်ခံအား လက်ဆေးပါ ဗိုင်းရပ်စ် ခံတွင်းသန့်ရှင်း ဆပ်ပြာတိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Body piercing လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

Body piercing နားဖောက် ပိုးသတ်သန့်စင် တစ်ခါသုံးပစ္စည်း အသည်းရောင် အသားဝါ Bပိုး အသည်းရောင်အသားဝါ C ပိုး HIV မေးခိုင်ပိုး ပြည်တည် အနာမကျက် အနာပိုးဝင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

မိခင်နို့ ရည်မှာ ဘာတွေပါနေလို့ ကလေးအတွက် အကောင်းဆုံးဖြစ်ရတာလဲ။

မိခင်နို့ ကလေးအာဟာရ ကလေးအသက် ၆လ နို့ဦးရည် ကာကွယ်ဆေး ပဋိဇီဝပစ္စည်း သွေးဖြူဥဆဲလ် ရေတိုက် လက်တို့စ် probiotics prebiotics IgA သူငယ်နာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဂန္ဓမာပန်းလက်ဖက်ခြောက်ရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 2 mins read
ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
ကာကွယ်ဆေးအကြောင်းသိကောင်းစရာများ (၂)

ကာကွယ်ဆေးအကြောင်းသိကောင်းစရာများ (၂)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 mins read
တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 mins read