အရိုးပွတာကြောင့် နာကျင်တဲ့ဝေဒနာ သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 1 min read
Share now

အရိုးပွတာက အသက်အရွယ်ကြီးရင့်လာသူ အတော်များများ ရင်ဆိုင်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရိုးပွလာတဲ့အခါ အရိုးအက်တာအရိုးကျိုးလွယ်တာတွေ ဖြစ်သလို နာကျင်တဲ့ ဝေဒနာကိုလည်း ခံစားကြရပါတယ်။

ဒီတစ်ခေါက်တော့ အရိုးပွတာကြောင့် နာကျင်လာတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်သင့်လဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးသွားပါမယ်။

အရိုးပွလာတဲ့အခါ ခံစားရတဲ့ နာကျင်မှုကို သက်သာစေဖို့

အရိုးပွလာတဲ့အခါ အာဟာရကို ဂရုစိုက်ဖို့လိုသလို လိုအပ်တဲ့ ကုသမှုကို ခံယူဖို့လည်း လိုပါတယ်။ ဒီလို လုပ်ဆောင်မှုတွေနဲ့အတူ အရိုးပွတာကြောင့် နာကျင်မှုကို သက်သာစေဖို့ဆိုရင်

ရေနွေးအိတ် ကပ်ပါ

ရေနွေးအိတ်ကပ်တာ၊ ရေနွေးနဲ့ ရေချိုးတာက ကြွက်သားတွေကို ပြေလျော့စေသလို အရိုးပွတာကြောင့် နာကျင်မှုကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ရေနွေးနွေးလေးနဲ့ ရေချိုးတာ ဒါမှမဟုတ် ရေနွေးအိတ် ကပ်တာမျိုးလုပ်ပေးပါ။

ရေနွေးအိတ်ကပ်တဲ့အခါ ၁၅ မိနစ်ကပ်လိုက် နားလိုက် လုပ်ပေးပါ။ အသားလောင်မျိုး ဖြစ်စေနိုင်တာကြောင့်ပါ။

ရေခဲကပ်ပါ

ရေခဲက အရောင်ကျစေနိုင်သလို နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တဘက်စ သန့်သန့်ထဲမှာ ရေခဲထည့်လို့ ကပ်ပေးပါ။ ရေခဲကပ်တဲ့အခါမှာလည်း ၁၅ မိနစ် ကပ်လိုက် နားလိုက် လုပ်ပေးပါ။ ရေခဲ အရမ်းအေးတာကလည်း အသားလောင်စေနိုင်ပါတယ်။

လှုပ်ရှားမှုလေး လုပ်ပါ

အရိုးပွတဲ့အခါ နာကျင်တာကြောင့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် မလှုပ်ရှားဘဲ နေတာက ပိုဆိုးစေနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။

အထောက်အကူပစ္စည်း ဝတ်ဆင်ပါ

အရိုးပွတာကြောင့် နာကျင်တဲ့အခါ ဒူးစွပ်၊ ခြေစွပ်စတာလိုမျိုး အထောက်အကူ ပစ္စည်းလေးတွေ ဝတ်စေချင်ပါတယ်။ ဒီလို ဝတ်ဆင်တာက လှုပ်ရှားရတာ အဆင်ပြေစေသလို နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

ကြွက်သားတွေကိုလည်း ထောက်ပံ့ပေးရာ ရောက်ပါတယ်။

နှိပ်နယ်ပါ

ဒီနည်းလမ်းက ကြွက်သားတွေကို ပြေလျော့စေသလို နာကျင်မှုကို သက်သာစေပြီး သွေးလည်ပတ်မှုလည်း ကောင်းစေနိုင်ပါတယ်။ ဒါပေမယ့် အရင်ဆုံးတော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့လိုပါမယ်။ ဒါမှ ဘေးကင်းစိတ်ချရမှာပါ။

အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ

အသက်ကို ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ အသက်ရှူနေတဲ့အပေါ်မှာ အာရုံစိုက်ထားပါ။ ဒီလို လုပ်ဆောင်ပေးတာက တင်းအားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

အာဟာရကို ပြည့်ဝအောင်စားမယ်။ လိုအပ်တဲ့ကုသမှုတွေ ခံယူမယ်။ ဒီ နည်းလမ်းလေးတွေကို လုပ်ဆောင်ရင်း အရိုးပွတာကြောင့် နာကျင်မှုကို ဖြေလျှော့လိုက်ကြရအောင်လား…………..

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ

တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများက ဘာတွေများ ဖြစ်မလဲ။ သေသေချာချာ သိရအောင် ဆောင်းပါးလေးကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ကိုဗစ် ခံစားရသူတွေအတွက် အသက်ရှူလေ့ကျင့်ခန်း

ကိုဗစ် ခံစားရသူတွေအတွက် အသက်ရှူလေ့ကျင့်ခန်း တွေက ဘာတွေဖြစ်မလဲ....... ကိုယ်တိုင်လိုပ်လုပ်ဖို့ လွယ်ရဲ့လား ဆိုတာ.........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ကိုဗစ်က ပြန်လည်ကျန်းမာလာသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ

ကိုဗစ်က ပြန်လည်ကျန်းမာလာသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ ကဘာတွေဖြစ်မလဲ.... ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။ ............................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ချောင်းခြောက် ဆိုးခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ……..

ချောင်းခြောက် ဆိုးခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ........ ချောင်းဆိုးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2021 . 2 mins read
ကိုဗစ်လူနာ ကုသရေးမှာ အရေးပါတဲ့ အာဟာရ

ကိုဗစ်လူနာ ကုသရေးမှာ အရေးပါတဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2021 . 3 mins read
သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ.........

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2021 . 2 mins read
ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2021 . 1 min read