backup og meta

အရိုးနုလေးတွေ ကျန်းမာဖို့ ဖြည့်စွက်ပေးရမယ့် အာဟာရဓာတ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးနုလေးတွေ ကျန်းမာဖို့ ဖြည့်စွက်ပေးရမယ့် အာဟာရဓာတ်များ

    လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့အစိတ်အပိုင်းတွေ အများကြီး ပေါင်းစပ်တည်ရှိနေတာပါ။ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားလာဖို့ဆိုရင် အရိုးတွေက အရေးကြီးလှပါတယ်။ အရိုးတွေ သွက်လက်စွာ လှုပ်ရှားနိုင်ဖို့ဆိုရင် အရိုးနုလေးတွေက အရမ်းအရေးကြီးပါတယ်။ အရိုးနုလေးတွေ ကျန်းမာဖို့ ဖြည့်စွက်ပေးရမယ့် အာဟာရဓာတ်များ ကို သေချာ ဖြည့်ပေးတာက အသက်ကြီးလာချိန်တွေအထိ ခန္ဓာကိုယ်ကြီးက အကျိုးရှိနေမှာလေ။

    အရိုးနုလေးတွ ကျန်းမာပြီး တာဝန်ကျေကျေထမ်းဆောင်နိုင်မှ ခန္ဓါကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ အဆစ်နေရာတွေကို ကောင်းကောင်းကွေးနိုင်ဆန့်နိုင်စေဖို့အတွက် အဓိကလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးဆိုပါတော့။

    အရိုးနုလေးတွေ ကျန်းမာနေလို့သာ ခန္ဓါကိုယ်က အဆစ်တွေကို အကောင်းဆုံးအသုံးချပြီး ကွေးနိုင်ဆန့်နိုင်တာပါ။ ဒါကြောင့် အရေးပါလှတဲ့ အရိုးနုလေးတွေ ကျန်းမာအောင် ပုံမှန်ဖြည့်စွက်မှီဝဲပေးသင့်တဲ့ အာဟာရဓာတ်တွေအကြောင်းကို ပြောပြချင်ပါတယ်။

    အရိုးနုလေးတွေ ကျန်းမာဖို့ ဖြည့်စွက်ပေးရမယ့် အာဟာရဓာတ်များ

    အရိုးနုလေးတွေ ကျန်းမာဖို့ ဖြည့်စွက်ပေးရမယ့် အာဟာရဓာတ်များ ကတော့

    ရေ

    မှန်တာပေါ့။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းအတွက်မဆို ရေလိုအပ်ပါတယ်။ လူခန္ဓာကိုယ်ဆိုတာ ရေဓာတ် ၇၀% လောက်နဲ့ ဖွဲ့စည်းထားတာလေ။ အရိုးအဆစ်တွေမှာရှိနေတဲ့ အရိုးနုလေးတွေအတွက်လည်း ရေဓာတ်လိုအပ်ချက်များပါတယ်။

    Hyaluronic Acid

    Hyaluronic Acid က အရိုးနုတစ်နေရာတည်းအတွက်တင်မကပါဘူး။ အရိုးအဆစ်တစ်ခုလုံးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကိုပေးနိုင်ပါတယ်။ ကြံ့ခိုင်သန်စွမ်းဖို့နဲ့ ရေရှည်တည်ရှိနေဖို့ Hyaluronic Acid က မရှိမဖြစ်လိုအပ်ချက်ပါ။ Hyaluronic Acid ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းပါပဲ။

    • အရိုးစွပ်ပြုတ်၊
    • ဥအမျိုးမျိုး၊
    • ကလီစာများ၊
    • အာလူး၊ မုန်လာဥ၊ မုန်လာဥနီတို့ကဲ့သို့သော ဥ၊ အမြစ်နွယ်ဝင် ဟင်းသီးဟင်းရွက်များ၊
    • ငှက်ပျောသီး၊
    • ဂေါ်ဖီထုပ်၊
    • အမည်းရောင်အဆင်းရှိသော ဟင်းသီးဟင်းရွက်များ၊
    • သံလွင်ဆီတို့ပါပဲ။

    ကော်လာဂျင် (Collagen) ကလည်း အဆစ်အမြစ်နဲ့ အရိုးနုလေးတွေ ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ ကော်လာဂျင်မှာပါရှိတဲ့ ပရိုတိန်းဓာတ်တွေက တစ်သျှူးတွေ ခိုင်မြဲစေဖို့ ကူညီပေးတယ်လေ။

    Magnesium

    မဂ္ဂနီဆီယံ (Magnesium) ကလည်း အရိုးနုတွေနဲ့ ဆက်စပ်နေတဲ့ ဓာတ်တစ်မျိုးပါ။ လေ့လာချက်တွေအရ မဂ္ဂနီဆီယံဓာတ်လျော့နည်းလာရင် အရိုးနာကျင်မှုပိုမိုခံစားရနိုင်တယ်လို့ သိထားရပါတယ်။ မဂ္ဂနီဆီယံဓာတ်ကိုတော့

    • အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊
    • ပြောင်းဖူး၊
    • တိုဟူး၊
    • အစေ့အဆံ၊
    • အုတ်ဂျုံ၊
    • ထောပတ်သီးစတာတွေပါပဲ။

    Manganese

    မန်ဂနီးစ် (Manganese) ဆိုတဲ့ သတ္တုဓာတ်ကလည်း အရိုးနုလေးတွေကို အားကောင်းစေမယ့် Enzymes တွေကို အကျိုးပြုပေးပါတယ်။ မန်ဂနီးစ်ကိုတော့

    • အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊
    • နာနတ်သီး
    • ဆန်လုံးညို၊
    • ပဲမျိုးစုံ၊
    • ကန်စွန်းဥနဲ့
    • လက်ဖက်ရည်ကြမ်းတို့ပါပဲ။

    Sulfur

    ဆာလ်ဖာ (Sulfur) ကတော့ အရိုးနုလေးတွေ နေသားတကျခိုင်မြဲနေစေဖို့ အထောက်အကူပေးပါတယ်။ အဆစ်အမြစ်တွေကို တွဲဆက်ပေးတဲ့ အရိုးနုလေးတွေ ကောင်းကောင်းမြဲမြဲတွယ်ကုပ်ထားနိုင်မယ်ဆိုရင် အရိုးအဆစ်တွေ ရေရှည်ကျန်းမာစေမှာပါ။ ဆာလ်ဖာဓာတ်ကိုတော့

    • ဥအနှစ်တွေ၊
    • ကညွတ်ကြီး၊
    • ပန်းဂေါ်ဖီ၊
    • ဘရိုကိုလီ၊
    • ဂေါ်ဖီထုပ်၊
    • ကိုက်လန်၊
    • ကန်စွန်းရွက်စတာတွေကနေ ရယူနိုင်ပါတယ်။

    Glycosaminoglycans

    Glycosaminoglycans (GAGs) က ဆာလ်ဖာဓာတ်ပါဝင်တဲ့ ကာဘိုဟိုက်ဒြိတ်မော်လီကျူးတစ်မျိုးပါ။ Hyaluronic Acid ကလည်း GAGs တစ်မျိုးပါပဲ။ ဒါကြောင့် GAGs က အရိုးအဆစ်တွေအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို သိနားလည်နိုင်မယ်ထင်ပါတယ်။

    တခြားအစားအစာများ

    အထက်ပါ အာဟာရဓာတ်တွေကို ဖြည့်စွက်တာအပြင် အောက်ပါ အစားအစာတွေကလည်း အရိုးနုလေးတွေနဲ့ အဆစ်အမြစ်တွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဒါတွေကတော့

  • အရိုးပါတဲ့ငါးများ၊
  • နို့ထွက်ပစ္စည်းများ၊
  • အမဲသား၊
  • သိုးသား၊
  • ဝက်သား၊
  • ပန်းသီးဗီနီဂါ၊
  • ဝိုင်နီ၊
  • လိမ္မော်ရည်၊
  • ဆား၊
  • ကြက်သွန်နီ၊
  • ဆယ်လယ်ရီ၊
  • ကြက်သွန်ဖြူ စတာတွေပါပဲ။
  • သင့်ရဲ့ အရေးပါလှတဲ့ အရိုးနုလေးတွေကို ကျန်းမာသန်စွမ်းစေဖို့ အထက်ပါ အစားအစာတွေနဲ့ အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးပြီး စောင့်ရှောက်ဖို့ တိုက်တွန်းလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement