backup og meta

ကျောရိုးထိခိုက်ခြင်းအတွက် သင်ဘာတွေသိထားသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောရိုးထိခိုက်ခြင်းအတွက် သင်ဘာတွေသိထားသလဲ

    ခါးနာနေတယ်၊ လှုပ်ရှားလို့မကောင်းဘူး။ ကြာကြာမထိုင်နိုင်ဘူးဆိုတဲ့ ညည်းသံက ခဏခဏကြားရတတ်ပါတယ်။ ခါးနာတယ်ပဲ သိကြတာ။ကျောရိုးမှာ ဘာပြဿနာရှိနေလဲ၊ ခါးနာရတဲ့အကြောင်းရင်းကဘာလဲဆိုတာကရောဂါရှာဖွေစစ်ဆေးမှသာ သိနိုင်ကြမှာပါ။

    ဘယ်လိုနည်းနဲ့ စစ်ဆေးမလဲ

    ခါးနာခြင်းအတွက် ရောဂါရှာဖွေစစ်ဆေးတဲ့အခါ အဓိကနည်းလမ်းသုံးမျိုးရှိနိုင်ပါတယ် –

    • ဓါတ်မှန်ရိုက်မယ်။ကျောရိုးမကြီးနဲ့ အရိုးအဆစ်တည်ဆောက်ပုံအခြေအနေ၊ ခါးဆစ်ရိုးပုံမှန်ရှိ၊ မရှိ၊ အကျိတ်ရှိ၊ မရှိ၊ ကျိုးအက်နေတာရှိ၊ မရှိ အသေးစိတ်သိနိုင်ဖို့ ဓါတ်မှန်ရိုက်စစ်ဆေးရပါတယ်။
    • CT scan စစ်ဆေးမယ်ခါးဆစ်ရိုးကျွံခြင်းလား ဒါမှမဟုတ် ခါးရိုးဆစ်ကျဉ်းခြင်းလား စသည်ဖြင့်ရောဂါအခြေအနေကို အတိအကျသိနိုင်ဖို့ CT Scan စစ်ဆေးရပါတယ်။
    • MRI ပုံရိပ်ဖော်စစ်ဆေးမှုခံယူမယ်။MRI နဲ့ဆို ခါးရိုးဆစ်တွေနဲ့ အာရုံကြောတွေအတွက် အသေးစိတ်သိရှိနိုင်မယ်။ အများအားဖြင့်တော့ MRI scan ကို ခွဲစိတ်မှုမတိုင်ခင် စစ်ဆေးကြပါတယ်။
    • ခါးရိုးဆစ်၊ကျောရိုးပြဿနာတွေအတွက်ရောဂါရှာဖွေအတည်ပြုနိုင်ဖို့ တခြားခေတ်မီစစ်ဆေးမှုနည်းလမ်းတွေလည်း ရှိပါသေးတယ်။

    ဘယ်လိုကုသမလဲ

    (၁) ဆေးဝါးများ

    ခါးနာ၊ကျောရိုးနာတဲ့အခြေအနေပေါ်မူတည်ပြီး နာကျင်မှုသက်သာဖို့ သောက်သုံးနိုင်တဲ့ဆေးဝါးတွေကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

    • လတ်တလောခါးနာပျောက်စေမယ့် အကိုက်အခဲ ပျောက်ဆေးများ(acetaminophen, ibuprofen or naproxen)
    • ကြွက်သားပြေလျော့ဆေးများ
    • အကိုက်အခဲသက်သာစေမယ့် လိမ်းဆေးများ
    • အခြားအနာသက်သာစေသောဆေးဝါးများ (codeine or hydrocodone နှင့် tricyclic antidepressants) ဒီဆေးတွေကိုတော့ ဆရာဝန်ညွှန်ကြားမှုရှိမှ သောက်သင့်ပါတယ်။
    • သောက်ဆေးတွေနဲ့ မသက်သာရင် ထိုးဆေး(cortisone)ကိုအသုံးပြုနိုင်ပါတယ်။

    (၂)ကျန်းမာရေးအသိပညာပေးခြင်း

    ကျောရိုးနာသောအခြေအနေကိုထိရောက်စွာဖြေရှင်းနိုင်ဖို့ ကျန်းမာရေးအသိပညာလိုအပ်ပါတယ်။ လှုပ်လှုပ်ရှားရှားနေဖို့၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုနည်းအောင်နေထိုင်ဖို့၊ နောက်ပိုင်းမှာ ထပ်မထိခိုက်မိအောင် သတိထားဖို့ စတာတွေကို အသိပညာပေးသင့်ပါတယ်။

    (၃) အရိုးအဆစ်များပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းနဲ့ကုသခြင်း

    ကိုယ်ကာယလေ့ကျင့်ခန်းတွေက ခါးနဲ့ကျောရိုးနာခြင်းကိုကုသရာမှာ သိပ်အရေးကြီးပါတယ်။ ပြန်လည်သန်စွမ်းရေးကျွမ်းကျင် ပညာရှင်များက အနာသက်သာစေရန်ကုသမှုအမျိုးမျိုး ပေးပါလိမ့်မယ်။ အနာသက်သာပြီဆိုရင် ကျောရိုးနဲ့ ဗိုက်မှာရှိတဲ့ ကြွက်သားများပြန်လည်သန်စွမ်းလာစေမယ့် လေ့ကျင့်ခန်းတွေသင်ကြားပေးပါလိမ့်မယ်။

    (၄) ခွဲစိတ်ကုသခြင်း

    သိပ်အဖြစ်မများပေမယ့် တစ်ခါတလေ ခွဲစိတ်ကုသဖို့လိုအပ်လာနိုင်ပါတယ်။ ကျောရိုးနာပြီးခြေထောက်တစ်လျှောက်နာကျင်နေတဲ့ အခါ သို့ ကြွက်သားအားနည်းလာတဲ့အခါတွေမှာ ခွဲစိတ်ကုသပါက သက်သာနိုင်ပါတယ်။ ကျောရိုးနဲ့ အာရုံကြောမ ဖွဲ့စည်းပုံမမှန်တဲ့အခြေအနေတွေဆိုရင် ခွဲစိတ်ကုသသင့်ပါတယ်။

    (၅) အခြားနည်းလမ်းများ

  • ရေခဲကပ်ပါ။ ထိခိုက်ပြီးနောက်၂၄နာရီမှ၄၈နာရီအတွင်းရေခဲကပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ အအေးမဟုတ်ဘဲ အနွေးကပ်လိုလျှင်ကပ်နိုင် ပါတယ်။ အပူ သို့ အအေးကိုမိနစ် ၂၀ထက်ပိုမကပ်ပါနဲ့။ နောက်မှ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
  • ကိုယ်လက်လှုပ်ရှားမှြုပုလုပ်ပါ။ ပုံမှန်လေ့ကျင့်ခန်းများ (ရေကူးခြင်း၊ စက်ဘီးစီး ခြင်း၊ လမ်းလျှောက်ခြင်း) ကိုပြုလုပ်ပါကကျောရိုး ကိုပုံမှန်လှုပ်ရှားစေပါတယ်။ ဒါပေမယ့် သိပ်ကြမ်းကြမ်းမလုပ်မိပါစေနဲ့။
  • ကြံ့ခိုင်စွာနေပါ။ တင်ပဆုံရိုးနှင့် ဝမ်းဗိုက်ရှိကြွက်သားများသန်မာရင် ကျောရိုးကိုအထောက်အကူ ပြုပါတယ်။
  • အကြောလျှော့ပါ။ ခြေထောက်အကြောလျှော့ဖို့မမေ့ပါနဲ့။ ယောဂ လိုမျိုး အကြောပြေလျော့စေမယ့်လေ့ကျင့်ခန်းတွေပုံမှန်လုပ်ဖြစ်ရင် အနာသက်သာစေနိုင်ပါတယ်။
  • ကွန်ပျူတာသုံးရင် အရှေ့ကိုမကုန်းပါနဲ့။ ခန္ဓါကိုယ်ပုံစံမှန်အောင်နေပါ။
  • ဖိနပ်အနိမ့်စီးပါ။ ဖိနပ်အမြင့်စီးတဲ့အခါ ခန္ဓါကိုယ်ပုံစံ မငြိမ်ဘဲကျောရိုးမကြီးကိုဖိအားများစေနိုင်ပါတယ်။
  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းသည်အရိုးပွေစနိုင်ပြီးအရိုးနှင့်ပတ်သက်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
  • ကိုယ်အလေးချိန်ထိန်းသိမ်းပါ။ အစားအစာကိုသင့် တင့်မျှတစွာစားသုံးပြီးလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။ အဝလွန်ပါက ကျောရိုးကိုဒဏ်ပိနိုင်ပါတယ်။
  • (၆) ဘယ်အချိန်မှာ ဆရာဝန်ပြသသင့်လဲ

    • ခါး သို့မဟုတ် ကျောရိုးအရမ်းနာကျင်လို့ မလှုပ်ရှားနိုင်တဲ့အခါ
    • ခြေထောက်ထုံကျင်ပြီး အားနည်းတဲ့အခါ ဒါမှမဟုတ် လမ်းလျှောက်ရာမှာ အခက်အခဲရှိလာတဲ့အခါ
    • ဆီးနှင့် ဝမ်းမထိန်းနိုင်တော့တဲ့အခါ
    • နာကျင်မှုကြောင့် ပုံမှန်လှုပ်ရှားမှုတွေကို မလုပ်နိုင်တော့တဲ့အခြေအနေဖြစ်လာတဲ့အခါ
    • ခါးရိုး သို့မဟုတ်ကျောရိုးပုံသဏ္ဍာန် အချိုးအစားပျက်ယွင်းလာတဲ့အခါ

    အာရုံကြောထိခိုက်ခြင်း သို့မဟုတ် တခြားရောဂါတစ်ခုခု၊ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာပြီလို့ ညွှန်ပြနေတာဖြစ်လို့ အမြန်ဆုံးကုသဖို့ လိုအပ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement