backup og meta

လှုပ်ရှားရတာများတဲ့အရိုးအဆစ်တွေနားမှာ ဖြစ်တဲ့ဒဏ်ရာ ဘာတွေသတိထားရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လှုပ်ရှားရတာများတဲ့အရိုးအဆစ်တွေနားမှာ ဖြစ်တဲ့ဒဏ်ရာ ဘာတွေသတိထားရမလဲ

    ချော်လဲလို့ ဒူးပြဲတယ်၊ လက်နဲ့ထောက်မိလို့ တံတောင်ဆစ်ပါပွန်းပဲ့တယ်ဆိုတာ ကလေးဘဝမှာအရင်းနှီးဆုံး အမှတ်တရတွေပါ။ တချို့ဆို ငါငယ်ငယ်ကဆော့ရင်းချော်လဲထားတာေလ၊ သစ်ပင်ပေါ်ကပြုတ်ကျထားတာေလ စသည်ဖြင့် မတော်တဆထိခိုက်ထားတဲ့အမာရွတ်လေးတွေ တပြပြနဲ့ပြောပြလို့မဆုံး။ ဒီဒဏ်ရာတွေက ခုရောမဖြစ်တော့ဘူးလား။

    ထိခိုက်ဒဏ်ရာဆိုတာ အသက်အရွယ်မှမရွေးတာ။ မတော်တဆထိခိုက်မှုက နေရာမရွေး အချိန်မရွေးဖြစ်နိုင်ပါတယ်။ လှုပ်ရှားသွားလာနေရတဲ့လူတွေမှာ ကြိုတင်ကာကွယ်ဖို့ဆိုတာလည်းဖြစ်နိုင်ခြေနည်းတာကြောင့် ဘယ်လိုကုသစောင့်ရှောက်မလဲဆိုတာပဲ အရေးကြီးလာပါတယ်။ ကွဲရှတာပွန်းပဲ့တာ၊ စူးမိတာ၊ခြစ်မိတာတွေက အချိန်တန်ရင် အနာကျက်သွားလေ့ရှိပေမယ့် အနာဖြစ်တဲ့အချိန်မကြာစေဖို့၊ ပိုးမဝင်စေဖို့ ဂရုစိုက်ရပါတယ်။ ဒါပေမယ့် တခြားနေရာတွေထက် အနာကျက်ဖို့နှေးနိုင်တဲ့ခန္ဓါကိုယ်အစိတ်အပိုင်းတွေကရှိသေးတယ်။

    အကွေးအဆန့်လုပ်ရ၊လှုပ်ရှားရတာများတဲ့ အဆစ်တွေမှာဆိုရင်တော့ နေ့စဉ်ပုံမှန်လှုပ်ရှားမှုတွေကြောင့် အနာကျက်မယ်ကြံတိုင်း အရေပြားကိုဆွဲဖြဲသလို အနည်းငယ်နာကျင်ရတတ်သလို ထိမိပွန်းမိတာတွေလည်း များတတ်ပါတယ်။ အဲဒီလို တံတောင်ဆစ်နဲ့ ဒူးဆစ်တို့လို နေရာတွေမှာဖြစ်ပြီဆို အနာမြန်မြန်ကျက်စေဖို့ ဘယ်လိုဂရုစိုက်မလဲ။

    အနာကိုဆေးကြောသန့်စင်ပါ

    အရင်တည်းကခေါက်ရိုးကျိုးနေတဲ့အသိက အနာဖြစ်ရင် အရက်ပြန်နဲ့ဆေး၊ အရက်ပြန်ဆွတ်တဲ့ဂွမ်းနဲ့ဖိထားရင် ပိုးမဝင်ဘူးလို့ မှတ်ယူထားကြပါတယ်။ အမှန်တော့ ဒဏ်ရာသိပ်မနက်ရင်ရေနဲ့ဆေးကြောရုံနဲ့လုံလောက်ပါတယ်။ အညစ်အကြေးအမှုန်အမွှားတွေပါသွားစေဖို့ရေလောင်းချတာကောင်းပါတယ်။

    ရေနွေးပူပူနဲ့ အနာမဆေးပါနဲ့(ရေနွေးနဲ့ဖန်ရည်ဆေးခြင်း)

    ရေနွေးဆွတ်ထားတဲ့ဂွမ်းနဲ့ အနာကိုသန့်ရှင်းရေးလုပ်တဲ့အခါ သတိထားသင့်ပါတယ်။ နည်းနည်းအအေးခံပြီးမှ လုပ်ပါ။ မတော်ရင်ရေနွေးပါထပ်လောင်ရနိင်သလို အရေပြားကိုခြောက်သွေ့စေနိုင်လို့ အနာကျက်တဲ့အခါအမာရွတ်ကျန်စေနိုင်ပါတယ်။

    သန့်စင်ပြီးတဲ့အနာကို ဘယ်လိုခြောက်သွေ့စေမလဲ

    အနာကိုလေသလပ်ခံပြီးတော့ပဲခြောက်သွေ့စေလိုက်ပါ။ ဒါမှမဟုတ်ရင် ပိုးသတ်ထားတဲ့အနာကပ်ဂွမ်းစgauze လေးနဲ့ တို့သုတ်ပါ။ ရိုးရိုးဂွမ်းတွေနဲ့ အနာပေါ်မှာမသုံးပါနဲ့။ အနာထဲမှာ အမျှင်လေးတွေကပ်ငြိကျန်ခဲ့ရင် အနာကျက်ဖို့ပိုခက်စေပါလိမ့်မယ်။

    ပလာစတာကပ်ပါ

    အကွေးအဆန့်များတဲ့ အဆစ်တွေမှာ အနာကျက်မြန်ဖို့ အရေးပါတဲ့အချက်တစ်ခုက ထပ်ကာထပ်ကာမထိခိုက်မိစေဖို့ဂရုစိုက်တာပါပဲ။ တိုက်မိခိုက်မိရင် အနာကပြန်ပွင့်သွားနိုင်တာကြောင့် ပလာစတာနဲ့ဖုံးအုပ်ကာကွယ်သင့်ပါတယ်။

    ပိုးမဝင်အောင် ကာကွယ်ပါ

    အနာကိုမထိတွေ့ခင် လက်ကိုသေချာဆေးပါ။ အနာကို ပိုးသတ်ဆေး၊အနာကျက်ဆေးထည့်ပါ။ ကပ်ထားတဲ့ပလာစတာ သို့မဟုတ် စည်းထားတဲ့ပတ်တီးကို တစ်နေ့တစ်ကြိမ်လဲပါ။ ညစ်ပေ၊ စိုစွတ်သွားတိုင်းလဲပါ။

    အရောင်ကျအောင် ဂရုစိုက်ပါ

    ရောင်ရမ်းမှုကိုလျော့ကျစေဖို့ ရေခဲအိတ်ကို တဘက်တစ်ထည်နဲ့ပတ်ပြီး ဒူး သို့မဟုတ် တံတောင်ဆစ်မှာ တစ်နေ့လေးကြိမ်လောက် ၁၅ မိနစ်၊ မိနစ် ၂၀လောက်ကပ်ပေးပါ။

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement