backup og meta

နှာခေါင်းရိုးကျိုးရင် အရေးပေါ်ဘယ်လိုပြုစုရမလဲ

မျက်နှာကိုထိခိုက်မိတယ်ဆိုရင် အရင်ဆုံးစိတ်ပူရတာက မျက်လုံးနဲ့ နှာခေါင်းပါပဲ။ ရန်ဖြစ်ကြတဲ့အခါ လက်သီးနဲ့ထိုးလည်း နှာခေါင်းရိုးကျိုးနိုင်တယ်၊ တခုခုနဲ့ဆောင့်မိရင်လည်း ထိမှာပဲ။ နှာခေါင်းဆိုတာက သိသိသာသာအပြင်ထွက်နေတဲ့အရာကိုး။

အားကစားလုပ်ရင်းမတော်တဆထိခိုက်မှုေတွ၊ ခိုက်ရန်ဖြစ်တာတွေ ချော်လဲတာ၊ ဆိုင်ကယ်မှောက်တာ စတဲ့ထိခိုက်မှုတွေက အဖြစ်များတဲ့ နှာရိုးကျိုးစေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။ဖြစ်လာပြီဆိုရင်သွေးတွေထွက်ပြီး နှာခေါင်းတဝိုက်နဲ့မျက်လုံးအောက်နားမှာရောင်ရမ်းလာမယ်၊ နှာခေါင်းရိုးကကောက်သွားတဲ့အတွက် အသက်ရှူရတာပြဿနာဖြစ်မယ်။

နှာခေါင်းရိုးကျိုးသွားပြီဆိုတာ ဘယ်လိုသိနိုင်မလဲ

နှာခေါင်းကိုရိုးရိုးထိခိုက်တာမဟုတ်ဘဲ နှာရိုးကျိုးသွားပြီဆိုရင် ဒီလက္ခဏာတွေဖြစ်နေတတ်ပါတယ် –

  • နှာခေါင်းကို အထိမခံနိုင်ဘဲ နာနေတာ
  • နှာခေါင်းနဲ့တဝိုက်ရောင်ရမ်းလာတာ
  • နှာခေါင်းကသွေးထွက်နေတာ
  • နှာခေါင်း သို့မဟုတ် မျက်လုံးနားပေါက်ပြဲတာ
  • နှာခေါင်းကောက်နေတာ၊ ပုံစံပျက်ယွင်းတာ
  • အသက်ရှူရအဆင်မပြေဖြစ်လာတာ
  • နှာခေါင်းကနေ အချွဲတွေထွက်တာ
  • နှာခေါင်းလမ်းကြောင်းမှာ တခုခုပိတ်ဆို့နေသလိုခံစားနေရတာမျိုး။

ဘယ်လိုအမြန်ပြုစုမလဲ

ထိခိုက်မှုတခုခုကြောင့် နှာခေါင်းရိုးကျိုးသွားတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်ဆီမရောက်ခင် ဒီအဆင့်လေးတွေအတိုင်း အရေးပေါ်ပြုစုပေးပါ။

(၁) နှာခေါင်းထိခိုက်ပြီဆိုရင် ပါးစပ်ကနေအသက်ရှူပြီး ခေါင်းကို ရှေ့နည်းနည်းငိုက်ထားပါ။( နှာခေါင်းလမ်းကြောင်းကသွေးတွေ လည်ချောင်းထဲကိုရောက်ရှိတာနည်းစေဖို့ပါ)

(၂) ထိခိုက်ပြီးတာနဲ့ချက်ချင်းရေခဲကပ်ပါ။ပြီးရင် အရောင်ကျစေဖို့ နောက်တစ်ရက်နှစ်ရက်လောက်တော့ တစ်နေ့လေးကြိမ်လောက်ရေခဲကပ်ပေးပါ။ တစ်ကြိမ်ကို ၁၅ မိနစ်လောက်ပဲ ကြာသင့်ပါတယ်။ တိုက်ရိုက်မဟုတ်ဘဲ အဝတ်ပါးနဲ့ပတ်ပြီးခပ်ဖွဖွရေခဲကပ်ပါ။ ဖိမိရင် နှာခေါင်းကိုပိုထိခိုက်စေနိုင်ပါတယ်။

(၃)ဆေးခန်းမရောက်ခင်မှာ နာကျင်မှုသက်သာစေဖို့ Acetaminophen၊ibuprofen တို့လို ဆရာဝန်ဆေးညွှန်းမလိုတဲ့ အကိုက်အခဲပျောက်ဆေးေတွလည်း လိုအပ်သလို သောက်ထားလို့ရပါတယ်။

(၄)ခေါင်းသိပ်မငုံ့ပါနဲ့။ အိပ်တဲ့အခါခေါင်းအုံးမြှင့်ထားပါ။ မဟုတ်ရင် ပိုရောင်ရမ်းလာပြီး တဒုတ်ဒုတ်နဲ့ကိုက်ခဲလာပါလိမ့်မယ်။

(၅) အရမ်းမလှုပ်ရှားပါနဲ့။ ကုသမှုခံယူနေစဉ် အနာမကျက်သေးခင် ပထမနှစ်ပတ်လောက်အတွင်း လှုပ်လှုပ်ရှားရှား ဘာအားကစားမှမလုပ်ပါနဲ့။

ဒီလောက်ဆို အရေးပေါ်စောင့်ရှောက်မှုလုံလောက်နိုင်တဲ့အတွက် ကုသမှုနောက်ပိုင်းကိုဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်ရင် အမြန်ဆုံးသက်သာလာနိုင်ပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mayoclinic.org/diseases-conditions/broken-nose/diagnosis-treatment/drc-20370444

Accessed Aug 9, 2018.

https://www.webmd.com/a-to-z-guides/broken-nose#1

Accessed Aug 9, 2018.

https://www.webmd.com/first-aid/broken-nose-treatment

Accessed Aug 9, 2018.

ယခုပုံစံ

13/10/2021

Yun Sandi Nan Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာကို ဘာကြောင့်သေချာကာကွယ်ဖို့လိုအပ်တာလဲ

ညဘက်အဖျားတက်တဲ့ကလေးကို အရေးပေါ်ဘယ်လိုပြုစုမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/10/2021 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement