ဆီးချိုရှိတဲ့သူတွေ ကော်ဖီသောက်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 12, 2020 . 2 mins read
Share now

ဆီးချိုလူနာတွေ အခက်ကြုံရတဲ့အထဲမှာ ဒီကော်ဖီလက်ဖက်ရည်သောက်တဲ့ ကိစ္စလည်း ပါပါတယ်။ အရင်တည်းက သောက်လာပြီး မိုးလင်းလို့ တစ်ခွက်လောက် သောက်လိုက်ရမှ ခေါင်းကြည်တာဆိုတဲ့သူနဲ့တွေ့ရင် ပိုဆိုးသေး။ ပြီးတော့ အများစုက ကော်ဖီမှုန့်ကို သောက်တာထက်စာရင် 2 in 1တို့ 3 in 1တို့ သောက်ကြတာဆိုတော့ တော်တော်လေး ကိုင်တွယ်ရခက်တဲ့ ကိစ္စထဲမှာပါပါတယ်။

နောက်ပြီး ကဖင်းဓာတ်က စွဲတတ်သေးတော့ ကဲ ဆီးချိုရှိပြီ ဖြတ်ဟဲ့ဆို သူတို့လည်း တိခနဲ မဖြတ်နိုင်ပါဘူး။ ဆီးချိုတွေ ကြည့်တော့လည်း ထိန်းမရ။ သူကလည်း မဖြတ်နိုင်နဲ့ နှစ်ဦး နှစ်ဖက် စိတ်ညစ်စရာကောင်းတဲ့ အနေအထားပါပဲ။

ဒါဆို သူတို့ကို ကော်ဖီ၊ လက်ဖက်ရည် မဖြတ်ခိုင်းခင် ဒါတွေက ဆီးချိုအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ အရင်ပြောပြပေးပါ့မယ်။

ကော်ဖီနဲ့ ဆီးချို တည့်မတည့်

ခုပြောမယ့် ကော်ဖီတွေက ကော်ဖီစေ့က ကြိတ်ထားတဲ့ ကော်ဖီမှုန့်တွေ အကြောင်းကို ပြောမှာပါ။ ရောနှောထားတဲ့ ကော်ဖီမစ်တွေ အကြောင်း မဟုတ်ပါဘူး။

ကော်ဖီမှုန့်မှာပါတဲ့ ကဖင်းဓာတ်က ဆီးချိုအပေါ် ဘယ်လို သက်ရောက်မှုရှိလဲဆိုတာနဲ့ ပတ်သက်ပြီး ခုထိ ဝိဝါဒ ကွဲပြားတာတွေ အများကြီး ရှိနေဆဲပါပဲ။

ဥပမာပြောရရင်

  • ကဖင်းဓာတ်က အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပေမယ့် ဆီးချိုရှိပြီးသားလူတွေ မှာတော့ ဆီးချိုထိန်းရခက်စေပါတယ်တဲ့။
  • ထိန်းရခက်တယ်ဆိုပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူးတဲ့။
  • ခုမှ စသောက်တဲ့သူတွေက ထိန်းရခက်ပေမယ့် ဟိုးအရင်တည်းက သောက်လာတဲ့ ကော်ဖီချိုးတွေအတွက်တော့ သိပ်ပြောင်းလဲမှု မရှိပါဘူးတဲ့။
  • ကဖင်းက ဘာလို့ သွေးတွင်းသကြားဓာတ်ကို တက်စေတာလဲဆိုတာကိုတော့ လေ့လာနေဆဲပါပဲ။ လက်ရှိတွေ့ရှိချက်တွေအရဆိုရင်တော့

-ကဖင်းက stress hormonesဖြစ်တဲ့ epinephrineကို ထွက်စေလို့ သွေးတွင်းသကြားဓာတ်များလာတာပါတဲ့။

-နောက်တစ်ခုက adenosineဆိုတဲ့ ပရိုတိန်းသိပ်မထွက်တော့လို့ အင်ဆူလင် ထုတ်တာ နည်းသွားတဲ့အပြင်  ဆဲလ်တွေ တုံ့ပြန်နိုင်စွမ်းပါ ကျဆင်းသွားပါတယ်။

-နောက်ပြီး ကော်ဖီသောက်ပြီး လန်းနေရင် ညအိပ်မပျော်ပါဘူး။ အိပ်ရေးပျက်တဲ့အခါ အင်ဆူလင်က သကြားဓာတ်ကို မထိန်းနိုင်တော့ပါဘူး။

ဒါတွေကတော့ ကဖင်းရဲ့ အကျိုးသက်ရောက်မှုတွေပေါ့။ ဒီလိုဆို ကဖင်းထုတ်ထားတဲ့ Decafလေးတွေ သောက်လို့မရဘူးလားလို့ မမေးပါနဲ့။ ထုတ်ထုတ် မထုတ်ထုတ် အကျိုးရလဒ်က ထူးခြားမှု မရှိပါတဲ့။

ကဲ ခုထိဖတ်ပြီးတော့ သောက်ရမှာလား မသောက်ရဘူးလား အီလည်လည်ကြီး ဖြစ်နေတယ်ဆိုရင် ဒါကိုပဲ မှတ်ထားလိုက်တော့။

  • ခုပြောတာက ကော်ဖီစေ့ကို ကြိတ်ထားတဲ့ ကော်ဖီမှုန့်ပါ။
  • စျေးကွက်ထဲက ကော်ဖီမစ်တွေ မပါပါ။ အဲ့ဒါတွေက သကြားတွေ၊ နို့မှုန့်တွေ ရောထားလို့ ပိုဆိုးပါတယ်။ ဆီးချိုသမားတွေ လုံးဝမသောက်သင့်ပါ။
  •  ဆီးချိုရှိနေရင်၊ ဆီးချိုထိန်းရခက်နေရင် ဘာကော်ဖီပဲဖြစ်ဖြစ် မသောက်တာ အကောင်းဆုံးပါပဲ။
  • အရင်က သောက်ပြီး စွဲနေတဲ့သူတွေ တဖြည်းဖြည်းချင်း လျှော့သောက်သွားပါ။ ဖြတ်နိုင်အောင် ကြိုးစားပါ။ မသောက်လည်း ရတဲ့သူတွေက အကျင့်လုပ်ပြီး မသောက်ပါနဲ့တော့။

ဆီးချိုလည်း ရှိတယ်။ ကော်ဖီလည်း မပြတ်သေးဘူးဆိုရင်

အရင်တည်းက သောက်နေတာ၊ ခုချက်ချင်း ဖြတ်ဖို့ မဖြစ်နိုင်သေးဘူးဆိုရင်

  • လျှော့သောက်ပါ။

ပမာဏလည်း လျှော့သောက်ပါ။ ရက်လည်း လျှော့သောက်ပါ။ တစ်နေ့ကို နှစ်ခွက်လောက် နေ့တိုင်းသောက်နေတယ်ဆိုရင် ခု တစ်ရက်ခြားလောက်၊ တစ်နေ့ကို တစ်ခွက်လောက် လျှော့သောက်ပါ။ ဒါမှမဟုတ် တစ်ခွက်ကို မနက် ညခွဲသောက်ပါ။ တဖြည်းဖြည်းချင်း နည်းသွားအောင် ကြိုးစားပါ။

  • ရေတွေ အများကြီး မရောပါနဲ့။

ဒါခဏခဏကြုံနေကြ ကိစ္စပါ။ အချိုပေါ့အောင်လို့ ရေတွေ အများကြီး ရောလိုက်တယ်။ ပြီးတော့ရောဆိုတော့ ပြီးတော့ အကုန်မော့လိုက်တယ်တဲ့။ သေဟဲ့ နန္ဒိယပဲ။ သိပ်မချိုပါဘူး ဆရာမရဲ့ ဆိုတာက ပါသေး။ ကော်ဖီတစ်ထုပ်ကို မက်ခွက်နဲ့ ဖျော်ဖျော်၊ ရေသန့်ဘူးနဲ့ပဲ ဖျော်ဖျော် အကုန်သောက်လိုက်တယ်ဆိုရင် ဒါကော်ဖီတစ်ထုပ်လုံးသောက်လိုက်တာနဲ့ တူတူပါပဲ။ ဒီနေရာမှာ အချိုပေါ့သွားလို့ဆိုပြီး ဖြေသိမ့်လို့မရပါဘူး။ ရေများလို့ ရှူးများများပေါက်ရုံပဲ ရှိတာပါ။ သကြားပမာဏက တူတူပါပဲ။

  • ပြောင်းသောက်ပါ။

လက်ရှိမှာ မဖြတ်နိုင်သေးဘူးဆိုရင် ဒါမှမဟုတ် ဖြတ်ကို မဖြတ်နိုင်တာ။ ဒါမသောက်ရလို့ မဖြစ်ပါဘူးဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တာကို ပြောင်းသောက်ပါ။ စျေးကွက်ထဲက ရောပြီးသား ကော်ဖီထုပ်၊ လက်ဖက်ရည်ထုပ်တွေ ဆီးချိုလူနာနဲ့ လုံးဝမတည့်ပါ။ Diet ကော်ဖီဆိုတာလည်း ဆီးချိုသမားအတွက် ထုတ်ထားတာ မဟုတ်ပါ။

ဒီတော့ သောက်ချင်ရင် ကော်ဖီစေ့ကို ကြိတ်ထားတဲ့ ကော်ဖီမှုန့် အကြမ်းကို ဝယ်ပါ။ အဆီထုတ်နွားနို့ (မလိုင်ဖယ်ထားတဲ့ နွားနို့)၊ ဆီးချိုသကြားတို့နဲ့ သောက်ပါ။ ဒါမှမဟုတ် ဘလက်ကော်ဖီ သောက်ပါ။ လက်ဖက်ရည်ဆိုလည်း ဒီလိုပါပဲ။ လက်ဖက်ခြောက်မှုန့်ကို အကျရည်နဲ့ ခုနကပြောထားတဲ့ နို့တို့၊ သကြားတို့နဲ့ပဲ သောက်ပါ။

သောက်တာလည်း ပမာဏအများကြီး သောက်တာထက် ကိုယ့်ဆီးချိုနဲ့ ချင့်ချိန်ပြီး သောက်ပါ။ ဆီးချိုမထိန်းနိုင်တဲ့အချိန်ဆို ဒါတွေလည်း မသောက်ပါနဲ့။ နို့တွေ သကြားတွေက ဆီးချိုသမားအတွက် သီးသန့်လုပ်ထားတာပေမယ့် ကော်ဖီစေ့မှာပါတဲ့ ကဖင်းက ဆီးချိုထိန်းရခက်စေလို့ပါ။

ဒီလောက်ဆို ဆီးချိုရှိတယ် ကော်ဖီ လက်ဖက်ရည် မဖြတ်ချင်ဘူးဆိုတဲ့သူတွေ ဘယ်လို အန္တရာယ်နည်းအောင် သောက်ရမလဲ သိလောက်ပါပြီ။ ဖြတ်လိုက်ရင် ပိုကောင်းပေမယ့် မဖြတ်နိုင်ခင်စပ်ကြားမှာ ဒီလိုနည်းလမ်းတွေနဲ့ သောက်ကြပါလို့ အကြံပြုချင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း လိင်စိတ်ခံစားချက်၊ စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေဟာလည်း သဘာဝလောကထဲမှာ ရှိနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ ပြည့်ဝအောင် အိပ်စက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း

ဆီးချိုရောဂါရှိသူတွေဟာ ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာ ရှိ၊ မရှိ ပုံမှန်စစ်ဆေးရပါမယ်။ အနာဖြစ်တာကို စောစောသိလေလေ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းလေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ညဘက်ကောင်းကောင်း အိပ်ပျော် စေဖို့ ဒီအချက်တွေလိုက်နာစို့

ညဘက်ကောင်းကောင်း အိပ်ပျော် စေဖို့ ဒီအချက်တွေလိုက်နာစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
သွားတွေ ဘာကြောင့် ဝါသလဲ၊ သွားမဝါအောင် ဘယ်လိုလုပ်ကြမလဲ

သွားတွေ ဘာကြောင့် ဝါသလဲ၊ သွားမဝါအောင် ဘယ်လိုလုပ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
အိပ်မပျော်တာ ဟော်မုန်းကြောင့်များလား

COVID ကာလ အိပ်မပျော်တာ ဟော်မုန်းတစ်ခုခုဖောက်ပြန်နေလို့များလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 3 mins read