backup og meta

Endometriosis သားအိမ်အတွင်းဆဲလ်များနေရာလွဲခြင်း။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Endometriosis သားအိမ်အတွင်းဆဲလ်များနေရာလွဲခြင်း။

    မိန်းကလေးတိုင်း အသက်အရွယ်အရွေးခံစားရတဲ့ မီးယပ်ပိုင်းဆိုင်ရာ ရောဂါထဲမှာ Endometriosis က တစ်ခု အပါအဝင်ပါ။ သိကြတယ်မလား။ ရာသီလာရင် သူများတွေလိုကိုက်ခဲတာမျိုးမဟုတ်ဘဲ ဆေးသောက်လည်းမပျောက် ရေနွေးအိတ်လည်း ကပ်လည်းမပျောက်တာမျိုးလေ။ ဒါမျိုးဆိုရင် သူ့မှာ Endometriosis ရှိနေပြီလို့ ယူဆရပါတယ်။

    Endometriosis ဆိုတာဘာလဲ။ ။

    Endometriosis ဆိုတာ သားအိမ်အတွင်းဆဲလ်တွေ နေရာလွဲတယ်ဆိုတော့ မမျိုးဥအိမ်၊ မျိုးဥပြွန်နဲ့ တင်ပဆုံပိုင်းအတွင်းတစ်ရှူးနံရံတွေ အကုန် ပုံမှန်မဟုတ်တော့တဲ့ ပြဿနာပါ။ Endometriosis ရှိနေတဲ့အခါ နေရာလွဲသွားတဲ့ endometrial tissue တွေက ဓမ္မတာတစ်ခါလာတိုင်း ထူထူလာမယ် နောက်ပိုင်း ပေါက်ကွဲပြီး သွေးထွက်တာကနေ ရာသီသွေးဆင်းများတာ ပုံမှန်ထက်ပိုပြီး ကိုက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီပေါက်ကွဲထွက်သွားတဲ့ သားအိမ်တစ်ရှူးအပိုင်းအစတွေက ကိုယ်ခန္ဓါအပြင်ကို ထွက်စရာမရှိတော့ သွားပုံနေတတ်ပြီး နောက်ပိုင်း အသားလုံးတည်တဲ့ ပြဿနာတွေ ဆက်ဖြစ်လာပါတော့တယ်။

    • ဖြစ်တဲ့ နေရာလွဲတဲ့တစ်ရှူးတွေထဲမှာ မမျိုးဥပါပါနေတယ်ဆိုရင် endometriomas လို့ခေါ်တဲ့အရည်အိတ်လေးဆက်ဖြစ်လာမယ်။
    • ဘေးဘက်က တစ်ရှူးတွေ ကို ထိခိုက်မိသလိုဖြစ်ပြီး အနာရွတ်တွေဖြစ်၊ နောက်ပိုင်း ကလီစာ တစ်ခုနဲ့တစ်ခု ကပ်ကုန်တာမျိုးတွေဖြစ်သွားတတ်ပါတယ်။
    • အပေါ်မှာပြောသလို ရာသီလာချိန် တစ်ရှူးတွေထူပြီး ပေါက်ကွဲကုန်တာကြောင့် Endometriosis ရှိနေတဲ့ သူအများစုဟာ ဓမ္မတာကြောင့်ကိုက်ခဲတာကို ပြင်းထန်စွာခံစားရတတ်ပါတယ်။

    လက္ခဏာတွေကတော့

    primary symptom လို့ခေါ်တဲ့ ဦးဆုံးဖြစ်နိုင်တဲ့ လက္ခဏာကတော့

    • Painful periods (dysmenorrhea ) လို့ခေါ်တဲ့ ဓမ္မတာလာချိန် တင်ပဆုံတစ်ဝိုက်နာကျင်ကိုက်ခဲတဲ့ပြဿနာပါ။ ဓမ္မတာလာချိန် ကိုက်ခဲတတ်တယ်ဆိုပေမယ့် Endometriosis ရှိနေတဲ့သူတွေက အခြားသူတွေထက်ကို ပိုပြင်းထန်ပါတယ်။ ကြာလာလေလေ ကိုက်ခဲတာ ပိုဆိုးလာလေလေပါပဲ။

    နောက်အဖြစ်များတဲ့ လက္ခဏာတွေကတော့

    • လိင်ဆက်ဆံချိန် နာကျင်မယ်။ လိင်ဆက်ဆံနေချိန်နဲ့ ဆက်ဆံပြီးချိန်တွေဆို ပိုပြီး နာကျင်တတ်ပါတယ်။
    • ဝမ်းသွား ဆီးသွားတဲ့အခါမှာလည်း နာကျင်တတ်ပြီး ဓမ္မတာလာချိန်တွေဆို နာတာ ပိုသိသာပါတယ်။
    • ရာသီသွေးဆင်းတာလည်း သူများတွေထက် များနေတတ်သလို တစ်လထဲ ရာသီ ၂ ကြိမ်ပြန်လာတာမျိုးတွေတောင် ရှိတတ်ပါတယ်။
    • နောက်ပြီး ရာသီလာနေချိန် ပျို့အန်ချင်တာ နုန်းခွေတာ ဝမ်းလျှော ဝမ်းချုပ်တာမျိုးတွေ အခြားသူတွေထက် ပိုခံစားရတတ်ပါတယ်။
    • တစ်ရှူးတွေ ပေါက်ကွဲ အမာရွတ်တွေဖြစ်တာကြောင့် နောက်ပိုင်းကျရင် ကလေးရဖို့ခက်ခဲနိုင်တဲ့ အနေအထားတွေ တောင် ဆက်ဖြစ်သွားနိုငိပါတယ်။

    Endometriosis နဲ့ ဆင်တူသလိုလို ရှိတဲ့ အခြား ရောဂါတွေလည်းရှိပါတယ်။

    အပေါ်မှာပြောထားတဲ့ လက္ခဏာတွေ ရှိတိုင်း Endometriosis ဖြစ်နေပြီလို့ တစ်ထစ်ချကောက်ချက်ချလို့လည်း မ ရသေးပါဘူး။ Endometriosis နဲ့ ဆင်တူတဲ့ တင်ပဆုံနားတစ်ဝိုက်ကိုက်ခဲခြင်းကိုဖြစ်စေတဲ့ အခြားရောဂါတွေလည်း ရှိပါသေးတယ်။ သူတို့ကတော့

    • pelvic inflammatory disease (PID) – တင်ပဆုံတစ်ဝိုက် ရောင်ရမ်းနာကျင်ခြင်းရောဂါ
    • ovarian cysts – မမျိုးဥ အိမ်ရေအိတ်တည်ခြင်းရောဂါ
    • irritable bowel syndrome (IBS) – လို့ခေါ်တဲ့ အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ခြင်း ရောဂါတို့ပဲ ဖြစ်ပါတယ်။

    လက္ခဏာတွေ ဆင်တူသလိုရှိတဲ့ ရောဂါတွေ အကြောင်းသာပြောနေတာ ဒီ endometriosis ဘာ့ကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းခုမှ လာမှာပါ။

    Endometriosis ဘာ့ကြောင့်ဖြစ်ရတာလဲ။

    ဖြစ်ရတဲ့အကြောင်းအရင်းတိတိပပ မရှိဘူးဆိုပေမယ့် အဖြစ်များနိုင်တဲ့ ပြဿနာတွေကတော့

  • retrograde menstruation – ဓမ္မတာသွေး နောက်ပြန်စီးခြင်း – ဒီပြဿနာမှာတော့ သူ့ပုံမှန်လမ်းကြောင်းအတိုင်းစီးပြီ းမိန်းမကိုယ်အပြင်ဘက်ကို ထွက်ရမယ့် ရာသီသွေးတစ်ချို့ဟာ နေရာမှားနေတဲ့ endometrial cells တွေနဲ့အတူ အပြင်ကို မထွက်ဘဲ မျိုးဥပြွန်ဘက်ကို ပြောင်းပြန်စီးတာပါ။
  • ဟော်မုန်းနဲ့ ခုခံအားစနစ်ကြောင့် ပြောင်းလဲမှုခြင်း
  • အီစတိုဂျင်ဟော်မုန်းက embryonic cells တွေကို ပြောင်းလဲလိုက်ခြင်း
  • သားအိမ်ထုတ်တာ၊ ခွဲမွေးပြီးကလေးမီးဖွားရာကနေ ကျန်ခဲ့တဲ့ အနာရွတ်တွေကြောင့် ဆဲလ်တွေ ပြောင်းလဲသွားခြင်း နဲ့
  • ခုခံအားနစ်အပြောင်းအလဲတွေကြောင့် ဆဲလ်အချင်းချင်းပြန်တိုက်ခြင်း စတာတွေက Endometriosis ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။
  • Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement