ရာသီလာတိုင်း သူများနဲ့မတူအောင် နာကျင်နေပြီလား။ ဒါမှမဟုတ် ရာသီလာတိုင်းမှာ ချုပ်ရိုးကြောင်းကသွေးထွက်တာ၊ ဝမ်းထဲမှာသွေးပါတာ စတာတွေနဲ့ တွဲဖြစ်နေပြီလား။ ဒီလိုထူးထူးဆန်းဆန်း ဝေဒနာတွေခံစားနေရပြီဆိုရင် သားအိမ် တစ်ရှူးနေရာမှားနေတာလားဆိုတာကို စဥ်းစားရမှာပါ။ ဒါက ရှားပါးတဲ့ရောဂါဖြစ်ပေမယ့် နောက်ပိုင်းကျရင် မျိုးမအောင်တဲ့ ပြဿနာတွေပေါ်လာနိုင်တာမို့လို့ သတိထားတာမမှားပါဘူး။ ဒါကို မပြောခင် ရာသီလာတဲ့အကြောင်းကို အရင်ရှင်းပြပေးပါ့မယ်။ အမျိုးသမီးတွေရဲ့ သားအိမ်နံရံမှာရှိတဲ့ ဆဲလ်တွေက အီစထရိုဂျင်၊ ပရိုဂျက်စတုန်းဟော်မုန်းတွေကို တုံ့ပြန်ပါတယ်။ ဟော်မုန်းထွက်လာရင် သားအိမ်နံရံသားလေးထူလာမယ်။ ဟော်မုန်းမရှိတော့ရင် သားအိမ်နံရံလေးကွာကျမယ်။ ဒါကို ရာသီလာတယ်လို့ပြောတာပါ။ ဒီရောဂါမှာ သားအိမ်တစ်ရှူးက ဘယ်နေရာပဲရောက်နေနေ ဟော်မုန်းကို တုံ့ပြန်လို့ ဒီလိုဖြစ်လာရတာပါ။
ရာသီစက်ဝန်းကို တွက်ချက်ပါ။