backup og meta

အတက်ကျဆေးတွေရဲ့ ဓါတ်ပြုမှုတွေကို ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတက်ကျဆေးတွေရဲ့ ဓါတ်ပြုမှုတွေကို ဘယ်လိုကာကွယ်မလဲ

    ဆေးအချင်းချင်းဓါတ်ပြုခြင်းများဟာ အတက်ရောဂါကုသမှုခံယူနေရတဲ့လူတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ် ။ အတက်ရောဂါတွင်သောက်သည့်ဆေးများသည် အချို့ဆေးတွေရဲ့အာနိသင်တွေကိုလျော့ကျစေပါတယ် ။ ဒါအပြင် ဆေးအချို့ဟာ အတက်ရောဂါဆေးတွေနဲ့အာနိသင်တူကြပါတယ် ။

    ဒါဆိုရင် အခြေအနေဟာ ပိုမိုဆိုးဝါးသွားစေနိုင်ပါတယ် ။ သို့ပေမယ့် ကျွမ်းကျင်သူများကတော့ ဆေးအချင်းချင်းသက်ရောက်မှုများမှုရှောင်ကျဉ်ရန် နည်းများကို ပြောပြထားပါတယ် ။

    ၁ ။ သင့်ဆရာဝန်နဲ့မကြာခဏဆက်သွယ်ပါ။

    သင်သုံးစွဲနေတဲ့ဆေးတွေအကြောင်းကိုဆရာဝန်ကိုပြောပြဖို့အရေးကြီးပါတယ် ။ ညွှန်ကြားထားတဲ့ဆေးတွေကပဲဆေးအချင်းချင်းသက်ရောက်မှုတွေဖြစ်နိုင်တာမဟုတ်ပါဘူး ။ ညွှန်ကြားခြင်းမရှိတဲ့ဆေးတွေကလည်း ဘေးထွက်ဆိုးကျိုး တွေဖြစ်စေနိုင်ပါတယ် ။ ဆေးမသုံးစွဲခင်မှာ ဆေးအညွှန်းကိုသေချာဖတ်သင့်ပါတယ် ။

    အကယ်၍ ဓါတ်မတည့်မှုကို တွေ့ရှိခဲ့လျှင်တော့ ဓါတ်ပြုမှုဟာ အသေးစားလေးပင်ဖြစ်စေကာမူ ဘာမှမလုပ်သေးပဲ ဆရာဝန်ကိုမေးမြန်းရပါမယ် ။ အခြားတစ်ဖက်မှာတော့ ညွှန်ကြားထားတဲ့ရှောင်ရမယ့်ဆေးတွေကိုရှောင်ကျဉ်ပြီးသောက်သုံးရမယ့်ဆေးတွေကိုသောက်သုံးရပါမယ် ။ ဆရာဝန်ကိုမပြောပဲဆေးသုံးစွဲမှုကိုရပ်တန့်ခြင်းမျိုးမလုပ်ရပါဘူး ။

    ၂ ။ သင့်ရဲ့ဆေးဝါးများကို ကိုယ်တိုင်ရှာဖွေလေ့လာပါ ။

    ဆေးအစားထိုးခြင်း သို့ ဆေးအသစ်သုံးစွဲခြင်းမပြုမီမှာ ဆေးဝါးအကြောင်းကိုသေချာရှာဖွေရန်လိုအပ်ပါတယ် ။ ဆေးတစ်ခုချင်းစီရဲဓါတ်ပြုနိုင်မှုအကြောင်းများ ၊ ဓါတ်ပြုမှုရဲ့ရလာဒ်များကို လေ့လာထားရပါမယ် ။ သင့်ရဲ့ဆေးတွေနဲ့အစားအစာတွေ၊ရောဂါတွေနဲ့တည့်မတည့်ကိုလည်းလေ့လာထားသင့်ပါတယ် ။ သင်သိချင်တာကို ဆရာဝန် ၊သူနာပြာ ၊ ဆေးဝါးကျွမ်းကျင်ပညာရှင်ဆီမှာမေးမြန်းနိုင်ပါတယ် ။

    ၃ ။ ဆေးအားလုံးကို ဆေးကုမ္ပဏီတစ်ခုထဲမှဝယ်ယူပါ ။

    သင်ဟာဆေးတွေကို ကုမ္ပဏီတစ်ခုထဲမှဝယ်ယူလျှင် ဆေးအညွှန်းအကြောင်းတွေနဲ့ ဆေးအချင်းချင်းသက်ရောက်မှုတွေအကြောင်းကို ပုံမှန်လေ့လာနိုင်ပါလိမ့်မယ် ။ ဆေးအသစ်တွေနဲ့ ရပ်တန့်မည့်ဆေးတွေအကြောင်းကို ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်မေးမြန်းသင့်ပါတယ် ။

    ၄ ။ ဆေးဝါးများနဲ့ဓါတ်ပြုခြင်းနည်းတဲ့အစားအစာများကိုစားသုံးပါ ။

    ဆေးတွေကိုမညွန်ကြားခင်မှာ ဆရာဝန်ဟာ သင်စားသုံးနေတဲ့အစားအစာနဲ့သင်သုံးစွဲနေတဲ့ဆေးတွေအကြောင်းကို မေးမြန်းပါလိမ့်မယ် ။ ဗီတာမင်K ပါဝင်တဲ့အစားအစာတွေဟာ ဆေးဝါးတွေနဲ့ဓါတ်ပြုနိုင်ချေများပါတယ် ။ သူဟာသွေးကိုကျဲစေပြီး ဆိုးကျိုးများကို လျော့စေပါတယ်။ အချို့အသီးဖျော်ရည်များဟာလည်း သွေးထဲရှိဆေးပမာဏကို ပြောင်းလဲစေပါတယ် ။ ဒါ့အပြင်ကယ်စီယမ်ဟာ ဆေးအချို့နဲ့ပေါင်း၍ ခန္ဓါကိုယ်မှဆေးများကိုစုပ်ယူမှကို အတားအဆီးဖြစ်စေပါတယ်။

    ၅ ။ အခြားတစ်ယောက်အတွက်ညွှန်ကြားထားသောဆေးများကို အသုံးမပြုပါနှင့် ။

    အသက် ၊ အလေးချိန်၊ ကျန်းမာရေးအခြေအနေများအပေါ်မူတည်၍ လူတစ်ယောက်နှင့်တစ်ယောက် ဆေးညွှန်ကြားမှုခြင်းမတူညီကြပါဘူး ။ ဒါ့အပြင် သင့်အတွက်မဟုတ်တဲ့ဆေးတွေကိုသောက်တဲ့အခါ ဆေးအချင်းချင်းသက်ရောက်မှုဖြစ်နိုင်ချေဟာ များပါတယ် ။ သင့်ရဲ့ဆရာဝန်ဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်၍ ဓါတ်ပြုနိုင်သောဆေးများကို ကြိုးကြိုးစားစား ရှာဖွေဆပးပါလိမ့်မယ် ။

    ၆ ။ ဆေးဘူးတွင်ပါဝင်သော သောက်ရမည့်ဆေးပမာဏအတိုင်း ဆေးကိုသောက်သုံးပါ ။

    သင့်ရဲ့ဆေးဘူးမှာပါဝင်တဲ့ဆေးသောက်ရမယ့် ပါမာဏတွေ၊ ပုံစံတွေရှိပါတယ် ။ အချို့ဆေးအချင်းချင်းဓါတ်ပြုမှုတွေဟာအစာအိမ်တွင်ဆေးတစ်ခုနှင့် တစ်ခု ပေါင်း၍ ဖြစ်ပေါ်လာပါတယ် ။ ဒီလိုဓါတ်ပြုနိုင်မှုကိုသတိထားနိုင်ဖို့ဆ ရာဝန်ဟာဆေးဘူးမှာ ကပ်ခွာလေးတစ်ခုကပ်ပေးပါလိမ့်မယ် ။

    ဆေးအချင်းချင်းဓါတ်ပြုမှုများမှာကာကွယ်နိုင်ရန် ဆေးတွေကို အချိန်ခြား၍ သောက်သုံးသင့်ပါတယ် ။ ဆေးတစ်မျိုးနဲ့ တစ်မျိုးကို ၂ နာရီ သို့ ၄ နာရီခြား၍ သောက်သုံးရပါမည် ။

    Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement