ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း
ဖိုးဖိုးဖွားဖွားတို့ ကြွက်သားဆုံးရှုံးမှု ဖြစ်စေတဲ့ အကြောင်းအရင်း
ကြွက်သားဆုံးရှုံးမှု ဆိုလို့ နားစိမ်းနေနိုင်ပေမယ့် ဒါက အသက်အရွယ်ရလာလို့ ကြွက်သားတွေ လျော့တွဲလာတာမျိုးပါ။ အရင်ကလောက် လက်မောင်းတွေ မထွားတော့တာ၊ ခြေသလုံးလေးတွေ သေးသွားတာမျိုးပေါ့။ ကြွက်သားဆုံးရှုံးမှုကို အသက်အရွယ်ရလာသူတိုင်းမှာ မလွဲမသွေ ကြုံရနိုင်ပါတယ်။ ကြွက်သားဆုံးရှုံးမှုက အသက်အရွယ်ရလာတာနဲ့အမျှ ပိုများလာတတ်ပါတယ်။ ဒါက ကြွက်သားတွေမှာ အသက်အရွယ်ကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အိုမင်းမှု သဘာဝဖြစ်စဉ်ပါ။ အတွေ့ရများတဲ့ လက္ခဏာ တစ်ရပ်အနေနဲ့ကတော့ ကြွက်သားတွေ အားနည်းလာတာပါ။ သိပ္ပံပညာရှင်တွေကတော့ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုတွေကြောင့် ဖြစ်ရတာလို့ ကောက်ချက်ချထားကြပါတယ်။ အသက်အရွယ်ရလာချိန်မှာ ခံစားရတဲ့ ကြွက်သားဆုံးရှုံးမှုကြောင့် နေ့စဉ်လှုပ်ရှားမှုတွေ ဖြစ်တဲ့ လမ်းလျှောက်တာ၊ လှေကားတက်တာ၊ အလေးအပင် မတာလိုမျိုး လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါ ခက်ခဲလာတာကို ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး ကြွက်သားဆုံးရှုံးမှုက သန်စွမ်းမှုကို ထိခိုက်စေပြီး ဟန်ချက်ထိန်းနိုင်စွမ်းကိုပါ ထိခိုက်လာစေပါတယ်။ ဒီတစ်ခေါက်တော့ […]