အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 27, 2020 . 2 mins read
Share now

အသည်းကင်ဆာအဖြစ်နိုင်ဆုံး အကြောင်းရင်းဖြစ်တဲ့ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင်ကုသလို့ရလဲဆိုတာ ပြောပြပေးသွားပါ့မယ်။

အသည်းရောင်အသားဝါ စီပိုးက ရောဂါပိုးရှိသူရဲ့ သွေးကနေတဆင့် အဓိက ကူးစက်ပါတယ်။ နောက်ပြီး ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံမိရာကနေလည်း ကူးစက်ခံရနိုင်ပါသေးတယ်။ အသည်းရောင် အသားဝါ စီပိုးကကြောက်စရာကောင်းပေမဲ့ ကူးစက်ခံရတဲ့လူတိုင်းလည်း ကုသမှုခံယူစရာ မလိုအပ်တာကိုတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့ကိုယ်ခံအားအရမ်းကောင်းတဲ့သူတွေမှာ စီပိုးကို ခန္ဓာကိုယ်က သူ့ဖာသာရှင်းထုတ်ပစ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။

ကံကောင်းတဲ့ အချက်က စီပိုးကို လုံးဝပျောက်ကင်းအောင်ကုသလို့ရနေပါပြီ။ အဓိကနည်းလမ်း (၂) ခုသုံးပြီး ကုသလို့ရပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကိုနှိမ်နင်းပစ်ပြီး ရောဂါပျောက်ကင်းအောင် ကုသတဲ့နည်းနဲ့ အသည်းအစားထိုး ကုသနည်းတို့ပဲ ဖြစ်ပါတယ်။

ဆေးဖြင့်ကုသနည်း

အရင်တုန်းက သုံးခဲ့တဲ့ အသည်းရောင်အသားဝါစီပိုးကုသဆေးတွေက အခုလောက်ထိရောက်မှုမရှိသလို ဘေးထွက်ဆိုးကျိုးလည်းများပါတယ်။ ဒီဆေးတွေက ဗိုင်းရပ်စ်ကို နှိမ်နင်းတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ခုခံအားကို မြှင့်တင်ပေးပြီး ဗိုင်းရပ်စ်ကို ပြန်တိုက်ထုတ်နိုင်အောင် အားပေးတာဖြစ်ပါတယ်။ ဆေးသောက်သုံးသူရဲ့ တစ်ဝက်လောက်ပဲ ရောဂါပျောက်ကင်းတာကိုတွေ့ရပြီး နှစ်နဲ့ချီပြီးဆေးသောက်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့အခုခေတ်မှာတော့ တိုးတက်လာတဲ့ ဆေးဝါးသုတေသနတွေနဲ့ နည်းပညာတွေကြောင့် လအနည်းငယ်လောက်နဲ့တင် ပျောက်ကင်းအောင်ကုသလို့ရနေပါပြီ။

အသည်းရောင်အသားဝါစီပိုး ကုသဆေးမျိုးစုံရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အသည်းရောင်အသားဝါ စီပိုး အမျိုးအစားတွေ အများကြီးရှိတဲ့အတွက်ဖြစ်ပြီး အဖြစ်အများဆုံးကတော့ အသည်းရောင်အသားဝါစီပိုး Type-1 အမျိုးအစားဖြစ်ပါတယ်။ အမျိုးအစားအကုန်လုံးကို နှိမ်နင်းနိုင်တဲ့ဆေးရယ်လို့တော့ မရှိပါဘူး။ ကိုယ့်မှာဖြစ်နေတဲ့ အသည်းရောင်အသားဝါ စီပိုးအမျိုးအစားရယ်၊ အသည်း ဘယ်လောက်ထိပျက်စီးနေသလဲဆိုတာရယ် ဒီအချက် (၂) ချက်အပေါ်မူတည်ပြီး သောက်ရမယ့်ဆေးကို ဆရာဝန်က ရွေးပေးမှာဖြစ်ပါတယ်။ များသောအားဖြင့် ဒီဆေးတွေက သုံးစွဲသူ ၉၀% ကျော်မှာ ထိရောက်မှုရှိပြီး ဆေးစသောက်ချိန် ၁၂ ပတ်ကနေ ၂၄ ပတ်အတွင်းမှာတင် ကိုယ်ထဲက စီပိုးတွေကိုရှင်းထုတ်ပေးနိုင်တာ ကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကတော့ စီပိုးကုပြီဆိုရင် ပိုက်ဆံတအားကုန်ပေမဲ့ အခုချိန်မှာတော့ Generic ဆေးတွေပါ ထုတ်လုပ်ရောင်းချလာတဲ့အတွက် ကုန်ကျစရိတ်အတော်လေးသက်သာသွားပါပြီ။

အသည်းရောင်အသားဝါ စီပိုးကိုပျောက်ကင်းအောင် ကုသနိုင်ပေမဲ့ လူတိုင်းအတွက်လက်လှမ်းမှီဖို့ ခက်ခဲနေဆဲပါ။ ၂၀၁၇ ခုနှစ်မှာတင် တစ်ကမ္ဘာလုံးမှာ စီပိုးကူးစက်ခံရသူ သန်း ၇၀ ကျော်ရှိပေမဲ့ ဒီအထဲက ၂၀% လောက်ပဲ ကိုယ့်မှာစီပိုးရှိမှန်းသိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ နောက်ပြီး ရောဂါရှိသူတွေထဲက ၅ သန်းလောက်ပဲ စီပိုးကိုပျောက်ကင်းသည်အထိ ကုသမှုခံယူခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကရည်ရွယ်ထားတဲ့ ခုနှစ် ၂၀၃၀ မှာ စီပိုးရောဂါရှိသူ ၈၀% လောက်ကို ရောဂါပျောက်ကင်းအောင် ကုသနိုင်ရေးဆိုတဲ့ ရည်မှန်းချက်နဲ့တော့ အတော်လေးဝေးကွာနေဆဲလို့ ဆိုရမှာပါပဲ။

အသည်းအစားထိုးကုသနည်း

စီပိုးကြောင့် နာတာရှည်အသည်းထိခိုက်မှုဖြစ်ပြီး အသည်းပျက်စီးနေတဲ့သူတွေမှာတော့ အသည်းအစားထိုး ကုသနည်းက ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ အသည်းတစ်ခုလုံး အစားထိုးတာရှိသလို ကျန်းမာတဲ့အသည်းရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ဖဲ့ပြီးလှူဒါန်းတာလည်းရှိပါတယ်။ တစ်ခုသိထားဖို့လိုတာက အသည်းအစားထိုးလိုက်ရုံနဲ့ အသည်းရောင်အသားဝါ စီပိုးကပျောက်မသွားပါဘူး။ စီပိုးကို သတ်နိုင်ဖို့ ဆေးတွေ ထပ်သောက်ဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် အစားထိုးထားတဲ့အသည်းအသစ်လေးပါ စီပိုးကြောင့်ပျက်စီးသွား နိုင်ပါတယ်။

အခုချိန်ထိတော့ အသည်းရောင်အသားဝါ စီပိုးအတွက် ကာကွယ်ဆေးလည်း မပေါ်သေးပါဘူး။ အသည်းရောင် အသားဝါ အေနဲ့ ဘီအတွက်ပဲ ကာကွယ်ဆေးထိုးလို့ရပါသေးတယ်။ ဒါ့ကြောင့် ကိုယ့်ဖာသာ ရောဂါကူးစက်မခံရအောင်နေဖို့ အရေးကြီးပါတယ်။ ဆေးသောက်ပြီး ပျောက်ကင်းအောင်ကုသနိုင်ပေမဲ့လည်း မပေါ့ဆသင့်ပါဘူး။ ဆေးသောက်လို့ စီပိုးပျောက်သွားရင်တောင် အသည်းမှာတော့ ထိခိုက်မှုအနည်းနဲ့အများ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး အသည်းရောင်အသားဝါစီပိုးက ကုသလို့ပျောက်သွားလည်း နောက်တစ်ခါထပ်ကူး၊ ထပ်ဖြစ်နိုင်ပါသေးတယ်။ တချို့ရောဂါတွေလို တစ်သက်လုံးခုခံနိုင်စွမ်းရသွားမှာမဟုတ်ပါဘူး။ အရေးကြီးဆုံး မှာချင်တဲ့အချက်ကတော့ အသည်းရောင်အသားဝါ စီပိုးကုသဆေးတွေ အမျိုးအစားအများကြီးရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်လည်း ပေးတဲ့ဆေးမတူညီနိုင်ပါဘူး။ ဒါ့ကြောင့် စီပိုးကိုကုသတော့မယ်ဆိုရင် ကိုယ့်ဖာသာထင်ရာမြင်ရာဆေးတွေနဲ့မကုသဘဲ ဆရာဝန်နဲ့သေချာ စမ်းသပ်စစ်ဆေးမှုခံယူပြီးမှ ညွှန်ကြားတဲ့အတိုင်း လိုက်နာသောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးတွေကို ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးမယ့်အရာ

ကာကွယ်ဆေးက ကမ္ဘာပေါ်က ကြောင်စရာကေင်းတဲ့ ရောဂါတွေကို အပြီးတိုင် ပျောက်ကွယ်သွားအောင် သုတ်သင်ပေးနိုင်တဲ့ အစွမ်းထက် ဆေးဝါးတစ်မျိုးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား…………..

ဘေဘီလေးကို ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဗီတာမင် C က ဓာတ်တိုးပစ္စည်းတစ်ရပ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ

ကာကွယ်ဆေးတွေရဲ့ ကျေးဇူးကြောင့် အချို့သော ရောဂါဆိုးတွေဟာဆိုရင် သမိုင်းတွေထဲမှာ ကျန်ရစ်ခဲ့ပြီး ဓာတ်ခွဲခန်းတွေမှာပဲ ရှင်သန်နေကြတော့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 3 mins read
အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read
သတင်းကြီးနေတဲ့ ကိုဗစ် ကုသဆေး Favipiravirက တကယ်စွမ်းရဲ့လား

သတင်းကြီးနေတဲ့ ကိုဗစ် ကုသဆေး Favipiravirက တကယ်စွမ်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 2, 2021 . 2 mins read
ဆေးထိုးရင် နာမှာကြောက်သူတွေအတွက် နည်းလမ်းလေးတွေ

ဆေးထိုးရင် နာမှာကြောက်သူတွေအတွက် နည်းလမ်းလေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read