Typhoid Fever (အူရောင်ငန်းဖျားရောဂါ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 28, 2017 . 2 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ကဘာလဲ။

အူရောင်ငန်းဖျားဆိုတာ Salmonella typhi ဘက်တီးရီးယား (သို့) Salmonella paratyphi ဘက်တီးရီးယား ကြောင့်ဖြစ်သော ဖျားနာခြင်း ၊ နာမကျန်းဖြစ်ခြင်းကို ဆိုလိုပါတယ်။ ထိုဘက်တီးရီးယား သယ်ဆောင်သူများ ထိတွေ့ထားသော အစားအစာနဲ့ ရေတွေမှာ အထက်ပါ ဘက်တီးရီးယားများကို တွေ့နိုင်ပြီး အခြားသောလူများ ကို ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

Typhoid Fever (အူရောင်ငန်းဖျားရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အူရောင်ငန်းဖျား ရောဂါ က ဖွံ့ဖြိုးဆဲ တိုင်းပြည်ရှိပြည်သူများ (အထူးသဖြင့် ကလေးများ) တွင် အဖြစ်များပါတယ်။ ကလေးတွေမှာ အဖြစ်များသော်လည်း အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ခြေရှိပါတယ်။ ယင်းရောဂါ ဖြစ်ပွားနိုင်ချေ ကို မြင့်မားစေသည့် အရာများကို ရှေြာင်ကဉ်ခြင်းအားဖြင့် လျော့နည်းစေပါလိမ့်မယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပေးပါ။

လက္ခဏာများ

Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါကူးစက်ခံရပြီး ၁ပတ်ကနေ ၃ပတ်အတွင်း အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
• ဖျားခြင်း
• အဖျားကနေ့စဉ် တက်တက်လာခြင်း၊ 104.9 ံF ( 40.5 ံC) ထိ တက်နိုင်ပါတယ်
• ခေါင်းကိုက်ခြင်း
• အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
• ကိုယ်လက် ကိုက်ခဲခြင်း
• ချွေးထွက်ခြင်း
• ချောင်းဆိုးခြင်း
• အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း
• ဗိုက်အောင့်ခြင်း
• ဝမ်းသွားခြင်း(သို့) ဝမ်းချုပ်ခြင်း
• အဖုအပိမ့်များ ထွက်ခြင်း
• ဗိုက်အလွန်အမင်း ဖောင်းလာခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအချက်များမှ တစ်ခုခု ဖြစ်မယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။
• အူရောင်ငန်းဖျား ဖြစ်နေပြီဟု သံသယ ရှိနေခြင်း
• နိုင်ငံရပ်ခြားသို့ သွားလာစဉ် ဖျားနာခြင်း
• နေရပ်သို့ပြန်ရောက်ပြီးနောက် ရောဂါလက္ခဏာပြလာခြင်း

အကြောင်းရင်းများ

Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

Salmonella typhi ပိုးကူးစက်ခြင်းခံထားရသော ရေ နဲ့ အစားအစာများကို စားသောက်ခြင်းကြောင့် အူရောင်ငန်းဖျားအများဆုံးဖြစ်နိုင်ပါတယ်။

Risk factors

ငါ့ဆီမှာ Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အူရောင်ငန်းဖျားဖြစ်နိုင်ချေကို မြင့်မားစေတဲ့ အရာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
• အိန္ဒိယ၊ အရှေ့တောင်အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အခြားသောနေရာများကဲ့သို့သော ဖွံ့ဖြိုးဆဲနေရာတွေမှာ နေထိုင်ခြင်း
• ကလေးအရွယ်ဖြစ်နေခြင်း
• အူရောင်ငန်းဖျား ဖြစ်ပွားနေသော နေရာများသို့ သွားရောက် လုပ်ကိုင်ခြင်းများ
• Salmonella typhi ကိုကိုင်တွယ်နေရသော အဏုဇီ၀ ပညာရှင်တစ်ယောက် ဖြစ်နေခြင်း
• အူရောင်ငန်းဖျားဖြစ်ပွားနေသောသူနှင့် မကြာခင်က ဖြစ်ပွားခဲ့သော သူများနှင့် နီးနီးကပ်ကပ် နေခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါလက္ခဏာ၊ ဆေးစစ်ချက်နဲ့ ဘယ်နေရာတွေကို ခရီးသွားခဲ့လဲဆိုတာကို မူတည်ပြီး စစ်ဆေးပါလိမ့်မယ်။
အတည်ပြုဖို့ ဓါတ်ခွဲခန်းမှာ သွေး၊ ကိုယ်ထွက်ရည်တို့မှ Salmonella typhi အကောင်ကိုမွေးပြီး ဟုတ်လားမဟုတ်လား ခွဲခြမ်းစိတ်ဖြာ ပေးပါလိမ့်မယ်။
အူရောင်ငန်းဖျား DNA အတွက် ပဋိဓါတ် ရှိမရှိ စစ်ဆေးပါလိမ့်မယ်။

Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ကို ဘယ်လိုကုသပါသလဲ

အူရောင်ငန်းဖျားကို ထိရောက်စွာ ကုသတဲ့ တစ်ခုတည်းသောနည်းက ပိုးသတ်ဆေးပေးခြင်းပါပဲ။ ပိုးသတ်ဆေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
• ကိုယ်ဝန်မရှိသောသူများအတွက် Ciprofloxacin
• ကလေးများအတွက် Ceftriaxone (Rocephin)
အောက်ပါအတိုင်းကဲ့သို့သော အခြားကုသနည်းတွေလည်း ရှိပါသေးတယ်။
• ကြာရှည်စွာဖြစ်နေသော အဖျားနှင့် ဝမ်းလျှောခြင်းတို့ကြောင့် ရေဓါတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် ရေများများ သောက်ပေးခြင်း
• အူပေါက်သွားပါက ခွဲစိတ်ကုသခြင်း

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။