Diabetes Insipidus (ဗေဆိုပရပ်စင် ဟော်မုန်း ထုတ်လုပ်မှု မလုံလောက်သော ရောဂါ)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Diabetes Insipidus (ဗေဆိုပရပ်စင် ဟော်မုန်း ထုတ်လုပ်မှု မလုံလောက်သော ရောဂါ) ကဘာလဲ။

DIABETES INSIPIDUSဟာ ဆီးခဏခဏသွားပြီးတော့ အလွန်အကျွံရေဆာခြင်းကို ဖြစ်စေတတ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ DIABETES INSIPIDUSဟာ ညအိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပြီး တခါတရံအိပ်ရာပါ စိုစေပါတယ်။ သူဟာ Diabetes Mellitus နဲ့ ရောဂါဆင်တူပေမယ့် ဖြစ်စေတဲ့အကြောင်းရင်းကတော့ ကွာခြားပါတယ်။ Diabetes Mellitus ဟာ အင်ဆူလင် ပြဿနာနဲ့ သွေးထဲမှာ သကြားဓါတ်များလို့ ဖြစ်ပြီး Diabetes Insipidus ကတော့ ကျောက်ကပ်တွေဆီးတွေကို ကိုင်တွယ်ပုံကြောင့် ဖြစ်ပါတယ်။ သူတို့နှစ်ခုဟာ ဆက်နွယ်မှု မရှိပါဘူး။

Diabetes Insipidus (ဗေဆိုပရပ်စင် ဟော်မုန်း ထုတ်လုပ်မှု မလုံလောက်သော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အဖြစ်မများပဲ ရှားပါးတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Diabetes Insipidus (ဗေဆိုပရပ်စင် ဟော်မုန်း ထုတ်လုပ်မှု မလုံလောက်သော ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

DIABETES INSIPIDUS ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဆီးမကြာခဏသွားခြင်းနဲ့ ရေငတ်ခြင်းတို့ပဲဖြစ်ပါတယ်။ အခြားလက္ခဏာတွေကတော့

  • ဆီးဟာ အရေကြဲပြီး ဖြူဖျော့ခြင်း
  • ညအချိန်မှာ မကြာခဏ ဆီးသွားခြင်း
  • အိပ်ရာစိုစွတ်ခြင်းတို့ ဖြစ်ပါတယ်

မွေးကင်းစကလေးတွေနဲ့ ကလေးငယ်တွေမှာဖြစ်တဲ့ လက္ခဏာတွေကတော့

  • ဖျားခြင်း၊ ပျို့ခြင်းနဲ့ ဝမ်းလျှောခြင်း
  • ပုံမှန်မဟုတ်ပဲ စိုစွတ်နေတဲ့ Diapers များ
  • ဖွံ့ဖြိုးမှု နှေးကွေးခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ရှင်းပြမရနိုင်အောင် (သို့) ဖြေသိမ့်မရနိုင်အောင် ငိုခြင်း
  • ခြေဖျားလက်ဖျားအေးပြီး အရေပြားခြောက်ခြင်း တို့ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ယေဘူယျအသိပေးချက် – ဆီးအလွန်အကျွံသွားခြင်းနဲ့ ရေငတ်ခြင်းတွေဖြစ်ခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Diabetes Insipidus (ဗေဆိုပရပ်စင် ဟော်မုန်း ထုတ်လုပ်မှု မလုံလောက်သော ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

Diabetes Insipidus ဟာ pituitary gland (သို့) ကျောက်ကပ် ပြဿနာတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။

ပုံမှန်ဆိုရင် ကိုယ်ခန္ဓါဟာ သောက်လိုက်တဲ့ အရည်ပမာဏကို ထိန်းညှိပေးပြီး ဆီးဘယ်လောက်ပြုလုပ်မယ်ဆိုတာကို ဆုံးဖြတ်ပါတယ်။ ကျောက်ကပ်တွေဟာ မလိုအပ်တဲ့ အရည်တွေကို ဆီးအဖြစ်ဖန်တီးပြီး ဆီးအိမ်ထဲမှာ သိမ်းထားပေးပါတယ်။ ရေဓါတ်လျော့နည်းနေတယ်ဆိုရင် Pituitary gland ဟာ ADH လို့ ခေါ်တဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။ ဒီအချိန်ဆိုရင် ကျောက်ကပ်တွေဟာ ရေကို ထိန်းသိမ်းဖို့အတွက် ဆီးအနည်းငယ်သာ ပြုလုပ်ပါတယ်။ ဒီဟော်မုန်းကို Hypothalamus မှာ ပြုလုပ်ပြီး puituitary gland ထဲမှာ သိုလှောင်ထားပါတယ်။

Diabetes insipidus ပုံစံ အမျိုးမျိုး ရှိပြီး အကြောင်းရင်းများစွြ ရှိပါတယ်။

  • Central Diabetes Insipidus – Hypothalamus (သို့) Puituitary gland ပျက်စီးသွားတဲ့အခါ ဖြစ်တတ်ပါတယ်။ ၎င်းဟာ ADH ဟော်မုန်းကို ထုတ်ပေးခြင်းကို တားမြစ်ပါတယ်။ ဒါဟာ ခွဲစိတ်မှု၊ အကျိတ်၊ ဦးနှောက်အမြှေးရောင်ခြင်း၊ မျိုးရိုးလိုက်ရောဂါတွေနဲ့ ခေါင်းထိခိုက်မှုတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။
  • Nephrogenic Diabetes Insipidus – သူ့ကိုတော့ ကျောက်ကပ် ပြွန်တွေရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်တာဖြစ်ပါတယ်။ ဒါဟာ နာတာရှည် ကျောက်ကပ်ရောဂါ (သို့) မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ရောဂါတစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။ ကျောက်ကပ်ပြွန်တွေကို ထိခိုက်စေတဲ့ ဆေးတွေလဲရှိပါတယ်။ သူတို့ကတော့ lithum နဲ့ demeclocycline တို့ ဖြစ်ပါတယ်။
  • Gestational Diabetes Insipidus – သူဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပွားပြီး ခဏတာပဲ ဖြစ်ပွားတာဖြစ်ပါတယ်။
  • Primary Polydipsia – ဒီအခြေအနေကို Dipsogenic diabetes insipidus (သို့) psychogenic polydipsia လို့လဲ ခေါ်ပါတယ်။ သူဟာ အရည်အသောက်များလို့ ဖြစ်တာဖြစ်ပါတယ်။ ADH ဟော်မုန်းနဲ့ ဆက်စပ်မှု မရှိပါဘူး။

အချို့သူတွေမှာတော့ ဖြစ်တဲ့အကြောင်းရင်းအတိအကျ မရှိပါဘူး။

Risk factors

ငါ့ဆီမှာ Diabetes Insipidus (ဗေဆိုပရပ်စင် ဟော်မုန်း ထုတ်လုပ်မှု မလုံလောက်သော ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

DIABETES INSIPIDUS ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • လိင် – အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုအဖြစ်များပါတယ်။
  • မျိုးရိုးလိုက်ခြင်း – diabetes insipidus ရှိတဲ့မိဘတွေရဲ့ ကလေးမှာ ရောဂါရရှိမှု မြင့်မားစေနိုင်ပါတယ်။

အထက်ဖေါ်ပြပါ အချက်တွေ မရှိခြင်းဟာ ဒီရောဂါမရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Diabetes Insipidus (ဗေဆိုပရပ်စင် ဟော်မုန်း ထုတ်လုပ်မှု မလုံလောက်သော ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအဖြေရှာလို့ ဆရာဝန်က သွေးနဲ့ ဆီးကို စစ်ဆေးစေပါလိမ့်မယ်။ ရောဂါရဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး လူနာတွေကို MRI နဲ့ အခြားစစ်ဆေးမှုကို ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါတယ်။

Diabetes Insipidus (ဗေဆိုပရပ်စင် ဟော်မုန်း ထုတ်လုပ်မှု မလုံလောက်သော ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုတွေဟာ အခြေအနေနဲ့ အကြောင်းရင်းတွေပေါ် မူတည်ပါတယ်။

Demopression therapy – အကြောင်းရင်းက ADH ဟော်မုန်း မရှိလို့ ဖြစ်တာဆိုရင် ဆရာဝန်က အစားထိုးဟော်မုန်း demopression ကို ပေးပါလိမ့်မယ်။ ဒီဆေးဟာ နှာခေါင်းထဲ ဖျန်းရတဲ့ ပုံစံ၊ သောက်ဆေးနဲ့ ထိုးဆေးပုံစံ ဆိုပြီးရှိပါတယ်။ ဒီကုသမှုဟာ central diabetes insipidus အတွက် အကောင်းဆုံးဖြစ်ပါတယ်။

Diuretic therapy – ဒီကုသမှုကတော့ nephrogenic diabetes insipidus အတွက်ဖြစ်ပါတယ်။ ဆေးနာမည်ကိုတော့ hydrochlorothiazide လို့ ခေါ်ပါတယ်။ ဆေးကို သူတစ်မျိုးတည်း (သို့) အခြားဆေးတွေနဲ့ တွဲဖက်ပြီး ပေးနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်ကို ဆိုဒီယမ် နည်းတဲ့ အစားအစာတွေ စားခိုင်းပါလိမ့်မယ်။

အခြေခံအကြောင်းရင်းတွေကို ကုသခြင်း – ဆေးတွေကြောင့် ဖြစ်တယ်ဆိုရင် အခြားဆေးတွေနဲ့ အစားထိုးပေးပါလိမ့်မယ်။ တကယ်လို့ စိတ်ကြောင့် ဖြစ်တာဆိုရင် ဆရာဝန်က အရင်ကုသပါလိမ့်မယ်။ အကျိတ်ကြောင့် ဖြစ်တယ်ဆိုရင်တော့ ဒါကို အရင်ဖယ်ထုတ်ပေးမှာ ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက DIABETES INSIPIDUS ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် DIABETES INSIPIDUS ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ရေငတ်တဲ့အချိန်မှာ ရေကိုလုံလောက်စွာသောက်ခြင်းနဲ့ ရေဓါတ်ခန်းခြောက်ခြင်းကို ကာကွယ်ခြင်း
  • ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေ သောက်သုံးခြင်း
  • အခြေအနေ အပြောင်းအလဲ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ခြင်း
  • အဖျားတက်ခြင်း၊ ဝမ်းလျှောခြင်း၊ ချွေးထွက်ခြင်းနဲ့ ဆေးကုသနေစဉ်အတွင်းမှာ ပိုပြီး ဆီးသွားလာတယ်ဆိုရင် နီးစပ်ရာ ဆေးရုံ(သို့) ကျန်းမာရေးဌာနကို သွားရောက် ပြသသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 20, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 20, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။