အဓိပ္ပါယ်ဖွင့်ဆိုချက်
Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) ကဘာလဲ။
Polyp ဆိုတာ သေးငယ်ရှည်မျောသောအဖုငယ်များဖြစ်တယ်။ Cervical polyp ကတော့ သားအိမ်နဲ့မွေးလမ်းကြောင်း ကြားမှာရှိတဲ့ သားအိမ်ခေါင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ သားအိမ်ခေါင်းဆိုတာ သားဥကိုသားဖောက်ပြီး သန္ဓြေသားဖြစ်လာဖို့အတွက် သုတ်ပိုးတွေဖြတ်သန်းသွားစေတဲ့ လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်။ ကလေးမွေးချိန်မှာတော့ ထိုသားအိမ်ခေါင်းက ကျယ်ပြီးပါးလာပါတယ်။ ထိုကနေ ကလေးဖြတ်သန်းသွားတယ်။
Polyps တွေဟာ သားအိမ်ခေါင်း၊ သို့ သားအိမ်လမ်းကြောင်း အတွင်းနံရံကနေ သေးငယ်တဲ့အညှာနဲ့ တွယ်ထားတဲ့အရာလေးတွေဖြစ်တယ်။ တစ်ခုတည်းဖြစ်နိုင်ပြီး အများဆုံး နှစ်လုံး၊ သုံးလုံးသာဖြစ်နိုင်ပါတယ်။
များသောအားဖြင့်ကင်ဆာမဟုတ်ဘဲ ကင်ဆာဖြစ်လာနိုင်ချေလည်းနည်းပါတယ်။ သားအိမ်ခေါင်းကင်ဆာအများစုက HPV လို့ခေါ်တဲ့ ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်တယ်။
Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) က ဘယ်လောက်အဖြစ်များသလဲ
ဟားဘတ်တက္ကသိုလ်အရ ကလေးတစ်ယောက်ထက်များတဲ့ အသက် ၄၀ နဲ့ ၅၀ အရွယ်အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်တယ်။ ရာသီမလာသေးတဲ့ အမျိုးသမီးငယ်ငယ်လေးတွေမှာ သိပ်ဖြစ်လေ့မရှိပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ်မှာလည်းဖြစ်နိုင်တယ်။ အမဟော်မုန်း estrogen များခြင်းကြောင့်ဖြစ်တယ်။ ဒါပေမယ့် ရောဂါဖြစ်စေတဲ့ အချက်တွေ၊ အခြေအနေတွေကိုလျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။
လက္ခဏာများ
Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ
လက္ခဏာတွေကတော့ သတိပြုရခဲပါတယ်။ ဒါပေမယ့် အဖြူ၊ အဝါအရည်တွေဆင်းနေမယ်၊ ပုံမှန်မဟုတ်ရာသီလာတာများနေမယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာနဲ့ ချက်ခြင်းပြသင့်ပါတယ်။
- ကာမဆက်ယှက်အပြီး
- ဓမ္မတာစက်ဝန်းတစ်ခုနဲ့တစ်ခုကြား
- ကာမဆက်ဆံစဉ်ပစ္စည်းထည့်သွင်းပြီး
- သွေးဆုံးပြီး
အရည်ဆင်းမယ်၊ သွေးဆင်းမယ်ဆိုရင်လည်း ဆရာဝန်ပြသင့်ပါတယ်။
တချို့သောဖော်ပြထားတဲ့ လက္ခဏာတွေက ကင်ဆာလက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး polyps တွေဟာ ကင်ဆာအစောဆုံးအဆင့်တွေဖြစ်နေတတ်တယ်။ ဒါကြောင့် ဖယ်ပစ်တာက ကင်ဆာဖြစ်နိုင်ချေကိုလျှော့ချပေးပါလိမ့်ယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
စောစီးတဲ့ရောဂါရှာတွေ့မှုနဲ့ ကုသမှုတွေက ရောဂါပိုဆိုးတာကို တားဆီးပေးနိုင်တာကြောင့် ပိုမဆိုးခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။
အကြောင်းရင်းများ
Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) ကိုဘာတွေကဖြစ်စေသလဲ
ယခုအချိန်ထိသေချာတော့နားမလည်သေးပါဘူး။ တချို့သီအိုရီတွေကတော့ –
- အမဟော်မုန်း Estrogen များခြင်း
- သားအိမ်ခေါင်း၊ သားလမ်းကြောင်း၊ သားအိမ် နာတာရှည် ရောင်ရမ်းခြင်း
- သွေးကြောများခဲခြင်း
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
Estrogen ပမာဏများခြင်း – အမျိုးသမီးတစ်ယောက်ဘဝမှာ estrogen ပမာဏက သဘာဝအလျောက်ကို တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ ကိုယ်ဝန်ဆောင်ကာလနဲ့ သွေးဆုံးခါနီးအချိန်တွေမှာ အများဆုံးဖြစ်တယ်။
တချို့သောဓါတုပစ္စည်းတွေက estrogen နဲ့ဆင်တူတတ်ကြတယ်။
ဥပမာ အသားတချို့၊ နို့ထွက်ပစ္စည်းတွေမှာ xenoestrogen ဆိုတာတွေပါတတ်တယ်။ ပလတ်စတစ်အိတ်၊ ခွက်တွေနဲ့ စားစရာအပူတွေထိတွေ့တဲ့အခါမှာလည်း estrogen တွေထွက်နိုင်ပါတယ်။ တချို့သော လေသန့်ဆေးတွေမှာလည်း estrogen နဲ့တူတဲ့ phthalates ဆိုတာမျိုးတွေပါတတ်ပါတယ်။
ရောင်ရမ်းခြင်း
သားအိမ်ခေါင်းနီရဲရောင်ရမ်းနာကျင်ခြင်းဖြစ်ပြီး အကြောင်းအရင်းတချို့ကတော့ –
- ဘတ်တီးရီးယားပိုးဝင်ခြင်း
- HPV ပိုးဝင်ခြင်း
- ရေယုန်
- မှိုစွဲခြင်း
- ကိုယ်ဝန်ဆောင်ချိန်
- သားပျက်ခြင်း
- ကိုယ်ဝန်ဖျက်ချခြင်း
- ဟော်မုန်းအပြောင်းအလဲများ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်မှာရောဂါရှိနေပြီလို့ ဆရာဝန်ကသံသယရှိပါက တချို့သောစမ်းသပ်စစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ အသားစစစ်ခြင်း၊ တစ်သျှူးစစစ်ခြင်းတွေဖြစ်နိုင်တယ်။ တချို့သောရလဒ်တွေက polyp ဆဲလ်တွေပြသလို၊ ရှားရှားပါးပါး ကင်ဆာပြောင်းလဲမှုတွေလည်း ရှိရင်ရှိနေနိုင်ပါတယ်။
Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) ကို ဘယ်လိုကုသပါသလဲ
တခါတရံမှာသူ့ဖာသာသူပြုတ်ထွက်တတ်တယ်။ ဓမ္မတာလာစဉ်၊ ကာမဆက်ယှက်စဉ်တွေမှာ ထိုသို့ဖြစ်နိုင်တယ်။
ရောဂါလက္ခဏာတွေမပြမချင်း ဆရာဝန်တွေက အထူးတလည်မဖယ်ပစ်ပါဘူး။ Polyp ဖယ်ခြင်းဟာ ဆေးခန်းမှာတောင်ဆောင်ရွက်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ အနာပျောက်ဆေးတောင်မလိုပါဘူး။ နည်းတွေကတော့ –
- အညှာမှလိမ်ဖြုတ်ခြင်း
- အညှာတွင်ကြိုးချည်ပြီးဖြုတ်လိုက်ခြင်း
- ဇာဂနာတစ်မျိုးသုံးကာဖယ်ခြင်း
Polyp အခြေကိုဖျက်စီးမယ့်နည်းတွေကတော့ –
- Nitrogen အရည်
- လျှပ်စစ်နဲ့အပူပေးထားသော အပ်ကိုသုံးကာဖယ်ခြင်း
- လေဆာဖြင့်ခွဲစိတ်ခြင်း
ဖယ်ပစ်တဲ့အချိန်မှာတော့ နည်းနည်းနာကျင်နိုင်ပြီး နာရီပိုင်းကြာအောင် သာမန်မျှသော ဗိုက်နာခြင်းခံစားရနိုင်ပါတယ်။ တစ်ရက်နှစ်ရက်ကြာအောင် သွေးအနည်းငယ်ဆင်းနိုင်တယ်။
တကယ်လို့ polyp အညှာကအရမ်းကြီးနေတယ်ဆိုရင်တော့ ခွဲစိတ်ဖို့လိုပါလိမ့်မယ်။
Polyp တွေကဖယ်ပစ်ပြီးရင ်ပြန်မပေါက်တတ်ပါဘူး။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
- ပုံမှန်ဆီးခုံရိုးလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ထိုအထဲရှိ အင်္ဂါများတွင် ပုံမှန်မဟုတ် ဖြစ်တည်ခြင်းတစ်ခုခုရှိပါက သိနိုင်ပါတယ်။
- လေဝင်လေထွက်ကောင်းသော ချည်အတွင်းခံဝတ်သင့်ပါတယ်။ အပူနဲ့ အစိုဓါတ်တွေကို ထိန်းသိမ်းပေးပါလိမ့်မယ်။
- ကွန်ဒုံးသုံးပါ။
- ပုံမှန်သားအိမ်ခေါင်းစစ်ဆေးခြင်း၊ တခြားသောစမ်းသပ်ခြင်းများခံယူပါ။
တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။