အဓိပ္ပါယ်ဖွင့်ဆိုချက်
Carotid Stenosis (Carotid artery ကျဉ်းမြောင်းခြင်း) ကဘာလဲ။
Carotid artery ဆိုတာ လည်ပင်း၊ မျက်နှာ၊ ဦးခေါင်းပိုင်း တို့ကို သွေးထောက်ပံ့ပေးတဲ့ သွေးကြောပါ။ ၎င်းသွေးကြော ကျဉ်းမြောင်းသွားလို့ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ အဆီဖတ်တွေ သွေးကြောနံရံမှာ ကပ်နေတဲ့ အခါ သွေးကြော ကျဉ်းသွားရပါတယ်။ သွေးကြောထဲမှာ လုံး၀ ပိတ်ဆို့သွားတာလဲ ဖြစ်နိုင်ပါတယ်။ အဲ့လို သွေးကြော ပိတ်သွားတဲ့ အခါ တတိယမြောက် သေဆုံးရခြင်း အကြောင်း ဖြစ်တဲ့ လေဖြတ်ခြင်း ဖြစ်ရပါတယ်။
Carotid Stenosis (Carotid artery ကျဉ်းမြောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ
လေ့လာမှုတွေ အရ အမေရိကန် လူမျိုး ၈၀၀၀၀၀ လောက်က နှစ်စဉ် လေဖြတ်ခြင်း ဖြစ်နေပါတယ်။ ယောက်ျား၊ မိန်းမ မရွေး ဖြစ်နိုင်ပါတယ်။
ရောဂါကို ပိုဆိုးစေတဲ့ အရာတွေကို ရှောင်ရှားခြင်း အားဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါတယ်။ အသေးစိတ် သိလိုပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
လက္ခဏာများ
Carotid Stenosis (Carotid artery ကျဉ်းမြောင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
လေဖြတ်ခြင်း မဖြစ်မီ ရောဂါ အစောပိုင်းမှာ ရောဂါ လက္ခဏာ မပြပါဘူး။ လေဖြတ်တဲ့ အခါ ဖြစ်နိုင်တဲ့ ရောဂါ လက္ခဏာ တွေကတော့
ယာယီ မျက်စိ မမြင်ရခြင်း၊
ရာသက်ပန် မျက်စိ ကွယ်သွားခြင်း
စကား မပီတော့ခြင်း
မျက်နှာ၊ ခြေ၊ လက်များ အားနည်းလာခြင်း
ထုံကျင်ခြင်း
စိတ်ရှုပ်ထွေးလာခြင်း
မှတ်ဉာဏ် ချို့ယွင်းလာခြင်း
စကား မပြောနိုင်ခြင်း
စကားကို ဆီလျော်အောင် မပြောနိုင်တော့ခြင်း
စကားကို နားမလည်ခြင်း
သတိလစ်ခြင်း
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ဘယ်အခါ ဆရာဝန်နှင့် ပြသင့်သလဲ
စောစွာ ရောဂါ အဖြေရှာ ကုသမှု က ရောဂါကို ပိုဆိုးခြင်းမှ ကာကွယ်ပြီး အရေးပေါ် အခြေအနေ ဖြစ်စေမှု ကို ကာကွယ်ပါတယ်။ ဒါကြောင့် ရောဂါ လက္ခဏာတွေ ရှိနေရင် ဆရာဝန်နှင့် မြန်မြန် ဆွေးနွေးသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်က အလုပ်လုပ်ပုံ မတူညီကြပါဘူး။ သင်ဖြစ်နေတာကို ဆရာဝန်ကို ပြောပြပြီး အကြံဉာဏ် ယူတာ အကောင်းဆုံး ဖြစ်ပါတယ်။
အကြောင်းရင်းများ
Carotid Stenosis (Carotid artery ကျဉ်းမြောင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဦးနှောက်ကို သွေးထောက်ပံ့နေတဲ့ သွေးကြောထဲမှာ မလိုအပ်တဲ့ ပစ္စည်းတွေ စုပုံလာလို့ ဖြစ်ရပါတယ်။ အဆီ၊ ကယ်ဆီယမ်၊ အမျှင်တွေ သွေးကြောထဲမှာ ရောက်လာပြီး သွေးကြောကျဉ်းရပါတယ်။ သွေးကြောကျဉ်း ရောဂါ လို့ခေါ်ပါတယ်။
၎င်း ပစ္စည်းတွေက သွေးကြောနံရံ ကို မာတောင့်စေပြီး ကျဉ်းသွားစေပါတယ်။ ဒါက ဦးနှောက်ကို အောက်ဆီဂျင် နှင့် အာဟာရများ ထောက်ပံ့မှု ကို နှောင့်ယှက်ပြီး ပုံမှန် အလုပ်လုပ်နေမှုကို ပျက်စီးစေပါတယ်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Carotid Stenosis (Carotid artery ကျဉ်းမြောင်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အောက်ပါ အခြေအနေတွေ ရှိနေရင် ရောဂါ ပိုဆိုးတတ်ပါတယ်။
သွေးတက်ခြင်း
သွေးကြောနံရံတွေမှာ ဖိအားများနေတဲ့ အခါ ပိုပြီး ပျက်စီးမှု ဖြစ်တတ်ပါယယ်။
ဆေးလိပ် အလွန်အကျွံ သောက်ခြင်း
နီကိုတင်းက သွေးကြောတွေရဲ့အတွင်း နံရံ ကို ပျက်စီးစေပါတယ်။ ပြီးတော့ နှလုံးခုန်မြန်စေပြီး သွေးတက်စေပါတယ်။
ဆီးချိုရောဂါ
ဆီးချိုရောဂါက အဆီတွေကို အကျိုးရှိစွာ သုံးမှု ကို လျော့ကျစေပြီး သွေးတက်ခြင်း၊ သွေးကြောကျဉ်းခြင်း ဖြစ်တတ်ပါတယ်။
သွေးတွင်း အဆီဓါတ်များနေခြင်း
ကိုလက်စထရော များခြင်း ၊ အဆီဓါတ်များခြင်း တို့က အနည်ဖတ်တွေ ပိုဖြစ်လာစေပါတယ်။
မျိုးရိုး ရှိခြင်း
ဆွေမျိုးထဲမှာ သွေးကြောကျဉ်းရောဂါ ၊ နှလုံးသွေးကြောကျဉ်း ရောဂါ ရှိရင် ပိုဖြစ်တတ်ပါတယ်။
အသက်
အသက်ကြီးလာတာနှင့် အမျှ သွေးကြောတွေက ပျော့ပျောင်းမှု နည်းလာပြီး ပိုမို ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။
အဝလွန်ခြင်း
အဝလွန်ခြင်းက သွေးတက်ခြင်း၊ သွေးကြောကျဉ်း ရောဂါ၊ ဆီးချိုရောဂါ တို့ပိုဖြစ်စေပါတယ်။
အိပ်နေစဉ် အသက်ရှူ ရပ်တတ်တဲ့ လူတွေက လေဖြတ်ခြင်း ပိုဖြစ်တတ်ပါတယ်။
လေ့ကျင့်ခန်း မလုပ်ခြင်း ကလဲ သွေးကြောတွေကို ပျက်စီးစေတတ်ပြီး သွေးတက်ခြင်း၊ ဆီးချိုရောဂါ ၊ အဝလွန်ခြင်း တို့ဖြစ်နိုင်ပါတယ်။
ဆေးပညာ အစားထိုး မဟုတ်ပါ။ ဆရာဝန်နှင့် အမြဲ တိုင်ပင်ပါ။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Carotid Stenosis (Carotid artery ကျဉ်းမြောင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါရှိတယ်လို့ သံသယ ရှိရင် ဆရာဝန်က အောက်ပါ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။
စစ်ဆေးမှု အချို့လဲ လုပ်ပါလိမ့်မယ်။
Ultrasound ရိုက်ခြင်း
အနည်ဖတ်တွေ ရှိ၊ မရှိ သိဖို့ဖြစ်ပါတယ်။ Doppler ultrasound နဲ့လဲ သွေးကြောပိတ်မှု ရှိ၊ မရှိ ပြောနိုင်ပါတယ်။
CTA ရိုက်ကြည့်ခြင်း
သွေးကြောကျဉ်းမှုကို ရှာဖွေဖို့ဖြစ်ပါတယ်။
လက်မောင်းက သွေးပြန်ကြောထဲကို ဆိုးဆေး ထိုးပြီး ရိုက်တာ ဖြစ်ပါတယ်။ ဆိုးဆေးကြောင့် သွေးကြောကျဉ်းတဲ့ နေရာ ကို မြင်ရပါတယ်။
MRA ရိုက်ခြင်း
CTA နဲ့ သဘောတရား တူပါတယ်။ ဒါပေမယ့် ကွန်ပျူတာ ဓါတ်မှန် မသုံးပဲ သံလိုက် ဓါတ်မှန်ကို သုံးတာ ဖြစ်ပါတယ်။
Carotid Stenosis (Carotid artery ကျဉ်းမြောင်းခြင်း) ကို ဘယ်လိုကုသပါသလဲ
လေဖြတ်တာကို ကာကွယ်ဖို့ဖြစ်ပါတယ်။ သွေးကြောထဲ မှာ ပိတ်ဆို့နေတဲ့ အတိုင်းအတာပေါ် မူတည်ပြီး ကုသပုံ မတူကြပါ။
မပြင်းထန်ပါက
နေထိုင်မှု ပုံစံ ပြောင်းလဲခြင်းက သွေးကြောကျဉ်း ရောဂါကို ထိန်းချုပ်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ များ စားခြင်း၊ အငံ လျှော့စားခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း တို့လုပ်သင့်ပါတယ်။
သွေးတက်ခြင်း၊ သွေးတွင်း ကိုလက်စထရော တို့ကို ဆေးသောက်ပြီးလဲ ထိန်းနိုင်ပါတယ်။ သွေးခဲခြင်းကို ကာကွယ်ဖို့ဆရာဝန်က သွေးကျဲဆေး တိုက်ပါလိမ့်မယ်။
ပိတ်ဆို့မှုက ပြင်းထန်ရင် ၊ လေဖြတ်ခြင်း ဖြစ်ခဲ့လျှင် ဆရာဝန်က သွေးကြောထဲမှာ ပိတ်နေတဲ့ အရာကို ဖယ်ဖို့တိုက်တွန်းပါလိမ့်မယ်။
– Carotid endarterectomy
ရွေးချယ်မှု အများဆုံး ကုသမှုဖြစ်ပါတယ်။ လည်ပင်း အရှေ့မှ ခွဲစိတ်ပြီး ဆရာဝန်က ထိခိုက်နေတဲ့ သွေးကြောကို ဖွင့်ပါတယ်။ အနည်တွေကို ဖယ်လိုက်ပါတယ်။ ချုပ်ရိုးနဲ့ဖြစ်စေ၊ အစားထိုး၍ ဖြစ်စေ၊ သွေးကြောကို ပြင်ဆင်ကြပါတယ်။
သွေးကြော အစားထိုး ကုသခြင်း
Carotid endarterectomy လုပ်ဖို့ခက်ခဲလျှင် ဖြစ်စေ၊ ခွဲစိတ်ဖို့နှလုံးက မခံနိုင်လျှင်ဖြစ်စေ ဒီနည်းကို ရွေးကြပါတယ်။ ထုံဆေးပေးပြီး သွေးခဲတဲ့နေရာကို ထိပ်မှာ ပူဖောင်း အသေးတစ်ခု ပါတဲ့ ပြွန်သေး ထည့်ကြပါတယ်။
ပူဖောင်းကို သွေးကြောထဲရောက်မှ ဖောင်းစေပြီး ဆန်ခါတစ်ခု ထည့်လိုက်ပါတယ်။ သွေးကြောမကျဉ်းအောင် ထိန်းနိုင်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
အောက်ပါနည်းလမ်းတွေက ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။
ဆေးလိပ် မသောက်ပါနှင့်။
ဆေးလိပ်ဖြတ်ပြီး နှစ်အနည်းငယ်ကြာရင် ဆေးလိပ် မသောက်သူနှင့် ဖြစ်နိုင်ခြေ တူသွားပါပြီ။
အလေးချိန် ထိန်းခြင်း
အဝလွန်ခြင်းက သွေးတက်ခြင်း၊ သွေးကြောကျဉ်း ရောဂါ၊ ဆီးချိုရောဂါ တို့ပိုဖြစ်စေပါတယ်။
ကိုလက်စထရော ထိန်းခြင်း
အဆီစားသုံးမှု ရပ်ခြင်းက သွေးကြောထဲတွင် အနည်များကပ်ခြင်းကို လျော့စေပါတယ်။
အသီးအရွက် များများ စားပါ။
ပိုတက်ဆီယမ်၊ ဖောလိတ်၊ antioxidant တွေက လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
ဆား လျှော့စားခြင်း
ဆားကို အလွန်အကျွံ စားခြင်းက သွေးတက်စေပါတယ်။ ကျန်းမာနေတဲ့ လူတွေက ဆိုဒီယမ်ကို ၁၅၀၀ မီလီဂရမ် အောက် စားသုံး သင့်ပါတယ်။
လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။
လေ့ကျင့်ခန်း လုပ်ခြင်းက သွေးတက်ခြင်းကို ကာကွယ်နိုင်ပြီး ကောင်းတဲ့ ကိုလက်စထရော ကို များစေပါတယ်။ သွေးကြောတွေ၊ နှလုံး ကျန်းမာရေးကို အထူးကောင်းစေပါတယ်။ အလေးချိန်ကျဖို့၊ ဆီးချိုရောဂါကို ထိန်းချုပ်ဖို့၊ စိတ်ဖိအားလျော့စေဖို့လဲ ကူညီပါတယ်။
အရက် မသောက်ပါနှင့်။
ဆီးချို၊ သွေးတိုး ရောဂါကို ထိန်းချုပ်ခြင်းတို့က သင့်ရဲ့သွေးကြောတွေကို ကျန်းမာစေပါတယ်။
မေးချင်တဲ့ မေးခွန်း ရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဒါက အကောင်းဆုံး အဖြေ ဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။