backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Brain Abscess (ဦးနှောက်ပြည်တည်နာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 13/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Brain Abscess (ဦးနှောက်ပြည်တည်နာ) ကဘာလဲ။

ဦးနှောက်ပြည်တည်နာဆိုတာ ဦးနှောက်ရောဂါပိုးဝင်ခြင်းတစ်မျိုးကြောင့်ဖြစ်ပြီး သာမန်ကျန်းမာနေသူတွေမှာပါဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေမှာ မှိုကြောင့် ဦးနှောက်ပြည်တည်နာ ရနိုင်ချေများတတ်တယ်။ ပြည်များနဲ့ ဆဲလ်အသေများစုခြင်းဟာ ဦးနှောက်ကိုရောင်ရမ်းစေတယ်။ မှို၊ ဗိုင်းရပ်စ်၊ ဘတ်တီးရီးယားတွေဟာ သင့်ခေါင်းမှဒဏ်ရာ ဒါမှမဟုတ် ခန္ဓါကိုယ်တစ်နေရာရာက ရောဂါပိုးဝင်ခြင်းတစ်ခုခုကနေ ဦးနှောက်ကိုရောက်ရှိပြီး ဦးနှောက်မှာပြည်တည်နာဖြစ်လာတယ်။

ပုံမှန်အားဖြင့်တော့ လူ့ဦးနှောက်ဆိုတာ ပြည့်စုံတဲ့အကာအကွယ်ကြောင့် ရောဂါပိုးဝင်ခဲပါတယ်။ ထိုအကာအကွယ်တွေမှာ ဦးနှောက်နဲ့သွေးကြားအရံအတား(blood-brain barrier) လို့ခေါ်တဲ့ သွေးတွင်းမှ အညစ်အကြေးတွေ ဦးနှောက်ဆီမရောက်အောင်တားပေးတဲ့ အမြှေးပါးထူထူတစ်ခုပါတယ်။ ဒါပေမယ့် တချို့အခါတွေမှာ ပိုးမွှားတွေဟာ အကာအကွယ်ကိုကျော်ပြီး ဦးနှောက်ဆီရောက်ကာ ဦးနှောက်ကိုတိုက်ခိုက်နိုင်တယ်။

Brain Abscess (ဦးနှောက်ပြည်တည်နာ) က ဘယ်လောက်အဖြစ်များသလဲ

အသေးစိတ်အချက်အလက်အတွက် ဆရာဝန်ကိုမေးမြန်းနိုင်ပါတယ်။

လက္ခဏာများ

Brain Abscess (ဦးနှောက်ပြည်တည်နာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တေ့ွရလေ့ရှိတဲ့လက္ခဏာတွေကတော့ –

  • စိတ်ပိုင်းဆိုင်ရာအခြေအနေပြောင်းလဲမှု၊ စိတ်ရှုပ်ထွေးလာခြင်း၊ စိတ်ဆတ်လွယ်လာခြင်း၊
  • စကားပြောနည်းလာခြင်း
  • ထိတွေ့အာရုံသိမှုနည်းလာခြင်း
  • ကြွက်သားများလုပ်ဆောင်မှုအားနည်းသောကြောင့် လှုပ်ရှားမှုနည်းခြင်း
  • အမြင်အာရုံပြောင်းလဲခြင်း
  • အကျင့်စရိုက်၊ အပြုအမူပြောင်းလဲခြင်း
  • အန်ခြင်း
  • ဖျားခြင်း
  • ချမ်းတုန်ခြင်း

ကလေးငယ်တွေမှာလက္ခဏာတော်တော်များများဆင်တူပါတယ်။ ဒါပေမယ့် သင့်ကလေးမှာ တခြားလက္ခဏာတွေလည်း ပြနိုင်ချေရှိပါတယ်။ ကလေးငယ်ထိပ်ဖောင်းနေခြင်း တို့အပြင် တခြားလက္ခဏာတွေကတော့ –

  • ရုတ်တရတ်ထိုးအန်ခြင်း
  • စူးစူးရွားရွားငိုခြင်း
  • ခြေ၊ လက်များအကြောဆွဲခြင်း

ဖော်ပြထားတာတွေအပြင်တခြားအချက်တွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Brain Abscess (ဦးနှောက်ပြည်တည်နာ) ကိုဘာတွေကဖြစ်စေသလဲ

ဦးနှောက်ပြည်တည်နာပေါက်ခြင်းဟာ များသောအားဖြင့် ဦးနှောက်တစ်သျှူးထဲကို ဘတ်တီးရီးယား သို့ မှို ဝင်ခြင်းကြောင့်ဖြစ်ပြီး အကြောင်းအရင်းတွေကတော့ –

  • ဦးခေါင်းခွံရဲ့တစ်စိတ်တစ်ပိုင်းမှာ ရောဂါပိုးဝင်ခြင်း ဥပမာ- သွားတွင်ပြည်တည်ခြင်း၊ စသည်တို့မှ ဦးနှောက်ဆီတိုက်ရိုက်ပျံ့နိုင်တယ်။
  • ခန္ဓါကိုယ်တစ်နေရာမှ ရောဂါပိုးဝင်ခြင်း၊ ဥပမာ – အဆုတ်ရောင်ခြင်းမှ ဦးနှောက်ဆီပျံ့ခြင်း။ ကိုယ်ခံအားနည်းသူတွေမှာ ကိုယ်ခံအားစနစ်က မူလရောဂါပိုးဝင်ခြင်းကို တိုက်မထုတ်နိုင်ဘဲ ရောဂါပိုးများသွေးမှတဆင့်ပျံ့နှံ့ကုန်ခြင်းဖြစ်တယ်။ HIV, AIDS, ကင်ဆာဆေးသွင်းခြင်း၊ ကိုယ်ခံအားစနစ်ချသောဆေးများ စသည်တို့က ကိုယ်ခံအားနည်းစေပါတယ်။

ထိခိုက်မှု – ဥပမာ – ခေါင်းတွင်ပြင်းပြင်းထန်ထန်ထိခိုက်ပြီး ဦးခေါင်းခွံကွဲအက်သွားခြင်း တို့ဟာ ဦးနှောက်တွင်းသို့ ပိုးများဝင်စေပါတယ်။

ဖြစ်နိုင်ခြေများ

Brain Abscess (ဦးနှောက်ပြည်တည်နာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ရောဂါဖြစ်ခြင်းကိုအားပေးသောအချက်တွေအများကြီးရှိတယ် –

  • HIV , AIDS တို့ကြောင့် ကိုယ်ခံအားနည်းခြင်း။
  • ကင်ဆာနှင့် တခြားနာတာရှည်ရောဂါများ
  • မွေးရာပါနှလုံးရောဂါများ
  • ခေါင်းပြင်းပြင်းထန်ထန်ထိခိုက်ခြင်း သို့ ဦးခေါင်းခွံအက်ခြင်း၊ ကွဲခြင်း။
  • ဦးနှောက်အမြှေးပါးရောင်ခြင်း။
  • ကင်ဆာဆေး ကဲ့သို့ ကိုယ်ခံအားစနစ်ကျစေသောဆေးများ
  • နာတာရှည်ထိပ်ခတ်နာ သို့ နားပိုးဝင်ခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Brain Abscess (ဦးနှောက်ပြည်တည်နာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဖော်ပြပါအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေရဲ့ အစားထိုးမဟုတ်တာကြောင့် အမြဲဆရာဝန်နဲ့သေချာတိုင်ပင်ဖို့ မမေ့ပါနဲ့။

ရောဂါရှာဖွေမှု-

  • သွေးစစ်ဆေးခြင်းဖြင့် ရောဂါပိုးဝင်ခြင်းရှိမရှိသိနိုင်တယ်။ သွေးတွင်းသွေးဖြူဥများခြင်းဟာ ပြင်းထန်ရောဂါပိုးဝင်ခြင်းကိုဖော်ပြနေပါတယ်။
  • စီတီစကင်ရိုက်ခြင်းဖြင့် ဦးနှောက်ရှိ ပြည်တည်နာ နှင့် အခြားသောရောင်ရမ်းခြင်းများကိုဖော်ပြနိုင်တယ်။
  • အားပြင်းသံလိုက်စက်ကွင်းနဲ့ ရေဒီယိုလှိုင်းများသုံးကာ ခန္ဓါကိုယ်ကိုပုံရိပ်ရိုက်ကူးသော သံလိုက်ဓါတ်မှန်ရိုက်ခြင်းဖြင့် စီတီရိုက်ခြင်းထက် ပိုတိကျသောပုံရိပ်များရနိုင်ပါတယ်။

Brain Abscess (ဦးနှောက်ပြည်တည်နာ) ကို ဘယ်လိုကုသပါသလဲ

  • ပဋိဇီဝပိုးသတ်ဆေး – တိကျသောဘတ်တီးရီးယားကို သိထားတယ်ဆိုရင် လျော်ကန်တဲ့ ပဋိဇီဝပိုးသတ်ဆေးသုံးနိုင်တယ်။ ဒါမှမဟုတ် ကျယ်ပြန့်ပဋိဇီဝပိုးသတ်ဆေးသုံးကာ ဖြစ်နိုင်ချေရှိသော ရောဂါပိုးမှန်သမျှသတ်နိုင်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးများကို များသောအားဖြင့် ခြောက်ပတ်နဲ့အထက် သောက်ဖို့တော့လိုပါတယ်။
  • ပြည်တည်ခြင်းကိုဖောက်ထုတ်ခြင်း- တကယ်လို့ ပြည်တည်နာက ဦးနှောက်ကို အန္တရာယ်သိပ်မရှိဘူးဆိုရင်တော့ ခွဲစိတ်ဖယ်ထုတ်ပစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆေးထိုးအပ်ဖြင့်စုပ်ထုတ်ခြင်းဖြင့် ဖယ်နိုင်တယ်။
  • ပြည်တည်နာကြောင့် ဦးနှောက်မှာ ဖိအားတွေရှိနေတဲ့ ဆိုးရွားသောအခြေအနေတွေမှာ ခွဲစိတ်ရန်လိုပါလိမ့်မယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အိမ်တွင်းကုထုံးများ

  • တချို့သောဦးနှောက်ပြည်တည်နာတွေက တကိုယ်ရည်သန့်ရှင်းမှုနဲ့ဆိုင်ပါတယ်။ သွားပွတ်ကြိုးနဲ့ ပုံမှန်သန့်စင်ပါ၊ သွားပုံမှန်တိုက်ပါ၊ သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးနေပါ။ ထိပ်ခတ်နာရောဂါကိုသေချာကုပါ။ တကယ်လို့ အရှင်းမပျောက်သေးပါက ပဋိဇီဝပိုးသတ်ဆေးသုံးပါ။
  • မကုသဘဲထားတဲ့ HIV ရောဂါဟာလည်း ဦးနှောက်ပြည်တည်နာဖြစ်ခြင်းကို အားပေးနိုင်ပါတယ်။ HIV ကာကွယ်ဖို့အတွက် တတ်နိုင်သမျှ ဘေးကင်းသောကာမဆက်ဆံခြင်းမျိုးသာ ဆောင်ရွက်ပါ။ HIV ရှိနေပါကလည်း ဦးနှောက်ပြည်တည်နာဖြစ်နိုင်ချေနည်းစေရန် ဗိုင်းရပ်စ်သတ်ဆေးများပုံမှန်သောက်ပြီး ကုသမှုခံယူပါ။

တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 13/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement