ဦးနှောက်တွင်းသွေးယိုခြင်းဟာ ဦးနှောက်တစ်သျှူးများထဲသို့ သွေးကြောပေါက်ကာ သွေးများရုတ်တရတ်စီးဝင်ခြင်းဖြစ်ပြီး ဦးနှောက်ကိုထိခိုက်စေပါတယ်။ ထိခိုက်မှုကြောင့် ထွက်လာတဲ့သွေးတွေက ဦးနှောက်တစ်သျှူးတွေကို သွားရောက်ထိခိုက်စေပြီးရောင်ရမ်းခြင်းများဖြစ်စေနိုင်ပါတယ်။ ဒါကိုဦးနှောက်ဖောရောင်ခြင်းလို့ခေါ်လေ့ရှိတယ်။ သွေးတွေစုသွားတဲ့အခါ သွေးလုံးကြီးတစ်ခုဖြစ်လာကာ ဘေးပတ်ဝန်းကျင်မှတစ်သျူးများကိုဖိပြီး ဆဲလ်များကိုသေစေနိုင်ပါတယ်။
သွေးယိုခြင်းကဦးနှောက်ထဲမှာဖြစ်နိုင်တယ်၊ ဦးနှောက်နဲ့အမြှေးပါးကြား၊ အမြှေးပါးနှစ်လွှာကြား၊ ဒါမှမဟုတ် ဦးနှောက်အမြှေးပါးနဲ့ ဦးခေါင်းခွံကြားမှာဖြစ်နိုင်ပါတယ်။
ဦးနှောက်သွေးယိုခြင်းဟာ ချက်ခြင်းကုသမှုလိုအပ်သော အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အများစုမှာ ထာဝရချို့ယွင်းမှု အနည်းနဲ့အများဖြစ်သွားနိုင်ပါတယ်။ တချို့လူတွေမှာတော့ လုံးဝပြန်ကောင်းနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ လေဖြတ်ခြင်း၊ ဦးနှောက်လုပ်ငန်းဆောင်တာများချို့ယွင်းခြင်း၊ ဆေးကုသမှုများ၏ ဘေးထွက်ဆိုးကျိုးကိုခံစားရခြင်းတို့ဖြစ်နိုင်ပါတယ်။ သေနိုင်ပြီး ချက်ခြင်းကုသမှုပေးနေရင်းနဲ့တောင်မှ တိမ်းပါးသွားတာမျိုးရှိနိုင်ပါတယ်။
အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ အမျိုးသားတွေမှာပိုဖြစ်လေ့ရှိပြီး သွေးယိုစေတဲ့အခြေအနေတွေကိုရှောင်ခြင်းဖြင့် ဖြစ်ရပ်ကိုထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အချက်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။
အဖြစ်များတဲ့လက္ခဏာတွေကတော့ –
ဖော်ပြထားသောလက္ခဏာများအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
တကယ်လို့ဖော်ပြထားတဲ့လက္ခဏာတွေခံစားရမယ်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတဲ့အတွက် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်လက္ခဏာတွေပေါ်မူတည်ပြီး ဦးနှောက်၏မည့်သည့်အပိုင်း ထိခိုက်သလဲစစ်ဆေးပါလိမ့်မယ်။ အတွင်းအင်္ဂါသွေးယိုစီးမှု၊ သွေးစုမှုတွေကိုဖောပြနိုင်တဲ့စီတီစကင်၊ အမ်အာအိုင် စတဲ့ ပုံရိပ်ရိုက်ယူစစ်ဆေးမှုများ များစွာလုပ်ကောင်းလုပ်နိုင်ပါတယ်။ အမြင်အာရုံကြောရောင်ရမ်းမှုကိုသိရှိနိုင်မယ့် အာရုံကြောဆိုင်ရာ စစ်ဆေးမှုများ၊ အမြင်အာရုံစစ်ဆေးမှုများလည်းလုပ်နိုင်ပြီး ရိုးတွင်းခြင်ဆီစစ်ဆေးမှုများလည်းလုပ်နိုင်ပါတယ်။
ကုသမှုမှာ သွေးယိုသောနေရာ၊ အကြောင်းအရင်း၊ ပမာဏပေါ် မူတည်နိုင်တယ်။ ရောင်ရမ်းခြင်းကိုသက်သာပြီး သွေးယိုခြင်းကို ကာကွယ်နိုင်ဖို့အတွက် ခွဲစိတ်ရန်လိုကောင်းလိုနိုင်ပြီး သွေးခဲရှိနေသောနေရာပေါ်မူတည်ကာ ဦးခေါင်းခွံဖောက် ဖယ်ထုတ်ရခြင်းမျိုးရှိနိုင်ပါတယ်။ အနာပျောက်ဆေး၊ စတီးရွိုက်၊ ဆီးဆေး၊ အတက်ကျဆေး စသည့်ဆေးများလည်းပါဝင်နိုင်တယ်။
ဦးနှောက်ထိခိုက်ခြင်းကြောင့်ရသော လက္ခဏာတွေသက်သာစေဖို့အတွက် အချိန်ကြာကုသဖို့လိုပြီး လက္ခဏာတွေပေါ်မူတည်ကာ ရုပ်ပိုင်းဆိုင်ရာ၊ စကားပြောဆိုမှု၊ စသည်ဖြင့်ကုသမှုအမျိုးမျိုးလိုနိုင်ပါတယ်။
သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။