Acute stress reaction (စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော လတ်တစ်လော သက်ရောက်မှုများ )

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 12, 2019
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acute stress reaction (စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော လတ်တစ်လော သက်ရောက်မှုများ ) ကဘာလဲ။

ထိုသက်ရောက်မှုများဟာ စိတ်ဖိစီးမှုများခံစားနေရတဲ့အခါ ဖြစ်ပေါ်လာပါတယ်။ လတ်တလောဆိုတဲ့အဓိပ္ပါယ်ဟာတော့ လျင်လျင်မြန်မြန်ဖြစ်ပေါ်လာပြီး အကြာကြီးရှိမနေပါဘူး။ ထိုသို့သက်ရောက်မှုများဟာပြင်းထန်လေ့ရှိပြီး မမျှော်လင့်ထားတဲ့ဘဝအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။

ဥပမာ ယာဉ်မတော်တဆဖြစ်ခြင်း ၊ မိသားစုဝင်တစ်ယောက်ယောက်သေဆုံးသွားခြင်း သို့ ဒဏ်ရာရရှိတဲ့ ဖြစ်စဉ်များကြောင့်ဖြစ်တတ်ပါတယ်။ ယာဉ်တိုက်မှုများဟာ နှစ်စဉ်ဖြစ်ပေါ်နေလေ့ရှိပြီး သင်ဟာလည်း ဒီလိုဖြစ်ရပ်များကြောင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့်ဖြသ်ပေါ်လာတတ်လတ်တလောသက်ရောက်မှုများဟာ မဒိန်းကျင့်ခံရခြင်း ၊ အိမ်တွင်းပြသနာများ စသည်တို့ကြောင့်လည်းဖြစ်ပေါ်လာတတ်ပါတယ်။

Acute stress reaction (စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော လတ်တစ်လော သက်ရောက်မှုများ ) က ဘယ်လောက်အဖြစ်များသလဲ

ကြောက်စရာကောင်းလောက်သော မတော်တဆမှုများ သို့မဟုတ် သဘာဝဘေးအန္တရာယ်ခံစားနေကြရသူများတွင်တွေ့ရပါတယ်။ ပြည်တွင်းစစ်ပွဲများဖြစ်ပေါ်နေသော နိုင်ငံရှိလူများတွင်လည်းတွေ့ရတတ်ပါတယ်။ စစ်သားတွေဟာလည်းစစ်ပွဲအတွင်းများခြောက်ခြားစရာများကြုံတွေ့ရသောကြောင့်သူတို့ဟာလည်းရောဂါဖြစ်နိုင်ချေပိုများပါတယ်။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Acute stress reaction (စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော လတ်တစ်လော သက်ရောက်မှုများ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများဟာ စိတ်ဖိစီးမှုကိုတုံ့ပြန်သည့်အနေနဲ့ နာရီပိုင်း မိနစ်ပိုင်းအတွင်းမှာပင်ဖြစ်ပေါ်လာတတ်ပါတယ်။ ထိုလက္ခဏာများဟာ သူ့ဘာသာသင်သာသွားလေ့ရှိပြီး အချို့လက္ခဏာတွေကတော့ ရက်များစွာ သို့ အပါတ်များစွာအထိရှိနေနိုင်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာများဖြစ်တဲ့ စိတ်လှုပ်ရှားခြင်း ၊ စိတ်ဓါတ်ကျခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်အတက်အကျဖြစ်နေခြင်း၊ အိပ်မပျော်ခြင်း၊ အာရုံစိုက်မရခြင်း၊ တစ်ယောက်တည်းနေချင်ခြင်း၊ မသာယာဖွယ်အိပ်မက်များ သို့ အတိတ်အကြောင်းအရာများ ပြန်ပြန်အမှတ်ရနေခြင်း၊ အတိတ်ကိုတူးဆွမယ့်အရာမှန်သမျှကိုရှောင်ရှားနေခြင်း(ဆိုလိုတာကတော့ လူများ ၊ အခမ်းအနားများ သို့ အခြားအခြေအနေများဟာ စိတ်ဖိစီးမှုများနှင့် စိတ်ဓါတ်ကျခြင်းများဖြစ်ပေါ်စေသောကြောင့်ဖြစ်ပါတယ် ) ၊ မိမိကိုယ်ကိုပြန်ထိခိုက်နိုင်သည့်အလွန်အကဲတုံ့ပြန်နေခြင်းများ ၊မိမိကိုယ်ကိုအသုံးမကျသောလူတစ်ယောက်နှင့်အခြားလူများနှင့်ကင်းကွာနေသည်ဟုခံစားနေရခြင်း ။

ကိုယ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတွေကတော့..

နှလုံးတုန်ခြင်း၊ မူးဝေခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း ၊ အသက်ရှူရခက်ခဲခြင်းတို့ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာများရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီးအသေးစိတ်သိချင်လျှင်တော့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကြောင်းရင်းများ

Acute stress reaction (စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော လတ်တစ်လော သက်ရောက်မှုများ ) ကိုဘာတွေကဖြစ်စေသလဲ

မမျှော်လင့်ထားတဲ့ဘဝအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ဥပမာ ယာဉ်မတော်တဆဖြစ်ခြင်း ၊ မိသားစုဝင်တစ်ယောက်ယောက်သေဆုံးသွားခြင်း သို့ ဒဏ်ရာရရှိတဲ့ ဖြစ်စဉ်များကြောင့်ဖြစ်တတ်ပါတယ်။ ယာဉ်တိုက်မှုများဟာ နှစ်စဉ်ဖြစ်ပေါ်နေလေ့ရှိပြီး သင်ဟာလည်း ဒီလိုဖြစ်ရပ်များကြောင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့်ဖြသ်ပေါ်လာတတ်လတ်တလောသက်ရောက်မှုများဟာ မဒိန်းကျင့်ခံရခြင်း ၊ အိမ်တွင်းပြသနာများ စသည်တို့ကြောင့်လည်းဖြစ်ပေါ်လာတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Acute stress reaction (စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော လတ်တစ်လော သက်ရောက်မှုများ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ပိုဆိုးစေတဲ့အရာတွေများစွာရှိပါတယ်။

ကြောက်စရာကောင်းလောက်သော မတော်တဆမှုများ သို့မဟုတ် သဘာဝဘေးအန္တရာယ်ခံစားနေကြရသူများတွင်တွေ့ရပါတယ်။ ပြည်တွင်းစစ်ပွဲများဖြစ်ပေါ်နေသော နိုင်ငံရှိလူများတွင်လည်းတွေ့ရတတ်ပါတယ်။ စစ်သားတွေဟာလည်းစစ်ပွဲအတွင်းများခြောက်ခြားစရာများကြုံတွေ့ရသောကြောင့်သူတို့ဟာလည်းရောဂါဖြစ်နိုင်ချေပိုများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acute stress reaction (စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော လတ်တစ်လော သက်ရောက်မှုများ ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါလက္ခဏာများဟာ စိတ်ဖိစီးမှုဖြစ်ရပ်များပြီးတာနဲ့ပျောက်ကင်းသွားလေ့ရှိတာကြောင့်ကုသဖို့မလိုအပ်ပါဘူး။ လက္ခဏာများရဲ့အကြောင်းရင်းကိုနားလည်သိရှိပြီး ထိုအရာများကို သူငယ်ချင်း သို့ မိသားစုဝင်များနှင့်ဆွေးနွေးခြင်းဟာသက့်ကိုကူညီနိုင်ပါလိမ့်မယ်။ သို့သော်လည်းအချို့လူများတွင်တော့ ရောဂါလက္ခဏာများဟာ အတော်ကြာနေတတ်ပါတယ်။

အောက်ပါကုသမှုတွေဟာ ကူညီပေးနိုင်ပါလိမ့်မယ်။

Acute stress reaction (စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော လတ်တစ်လော သက်ရောက်မှုများ ) ကို ဘယ်လိုကုသပါသလဲ

စိတ်ပိုင်းဆိုင်ရာအပြုအမူပြောင်းလဲခြင်းကုသမှု။

ထိုကုသမှုဟာတော့ စကားပြော၍ကုသခြင်းဖြစ်ပြီးစဉ်းစားသည့်ပုံစံများကို စိတ်ကျန်းမာရေးပြသနာများကို ပိုဆိုးစေ သို့ ပိုကောင်းစေသည့် အချက်အပေါ်မှာအခြေခံထားခြင်းဖြစ်ပါတယ်။ ထိုကုသမှုဟာ သင့်ရဲ့လက်ရှိစဉ်းစားနေတဲ့ပုံစံကိုနားလည်စေပါလိမ့်မယ်။ အန္တရာယ်ရှိတဲ့ ၊ အကျိုးမပေးတဲ့ ၊ မှားယွင်းနေတဲ့အတွေးများ အကြံများကို သင့်ကိုထောက်ပြပါလိမ့်မယ်။

ရည်ရွယ်ချက်ကတော့ သင့်ရဲ့တွေးခေါ်ပုံကိုပြောင်းလဲပစ်ပြီးဒီလိုအတွေးများမှရှောင်ရှားစေနိုင်ဖို့နှင့်သင့်ရဲ့တွေးခေါ်မှုပုံစံကိုပိုပြီးသဘာဝကျပြီး အကျိုးရှိစေနိုင်ဖို့ဖြစ်ပါတယ်။ ထိုကုသမှုကို စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာတဲ့လတ်တလောသက်ရောက်မှုများကိုကုသရာတွင်အသုံးပြုတဲ့အခါ ဒဏ်ရာကိုဦးတည်ပြီး ကုသတဲ့စိတ်ပိုင်းဆိုင်ရာအပြုအမူပြောင်းလဲသည့်ကုသမှုလို့ခေါ်ပါတယ်။

ဆွေးနွေးအကြံပေးခြင်း။

ရောဂါလက္ခဏာတွေဟာ ပြင်းထန်ပြိးအချိန်ကြာမြင့်နေလျှင်တော့ ဆွေးနွေးအကြံပေးခြင်းဟာနည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ ဆွေးနွေးအကြံပေးခြင်းဟာ သင့်ရဲ့စိတ်ဖိစီးမှုများ နဲ့ရောဂါလက္ခဏာများအပေါ်ရင်ဆိုင်ရန်နည်းလမ်းများကိုပြသပေးပါလိမ့်မယ်။ ထိုသို့ပြုလုပ်ခြင်းကိုအပြင်တွင်သာပြုလုပ်လေ့ရှိပြီးအချို့အဖွဲ့အစည်းများကတော့အွန်လိုင်းပေါ်တွင်အချက်အလက်များတင်ပေးထားပြီး အသုံးဝင်နိုင်ပါတယ်။

ဆေးကုသမှုခံယူခြင်း။

Beta blocker ဟုခေါ်သောဆေးဟာ စိတ်ဖိစီးမှုကြောင့်ထွက်ပေါ်လာတဲ့ဟော်မုန်းများကြောင့်ဖြစ်ပေါ်လာတဲ့ရောဂါလက္ခဏာများကိုသက်သာစေပါလိမ့်မယ်။ ထိုဆေးဟာ ဆေးစွဲမှာစိတ်မပူရတဲ့အပြင် စိတ်ငြိမ်ဆေးလည်းမဟုတ်သလို ငိုက်မျဉ်းခြင်းနှင့်လုပ်ဆောင်မှုများကိုမထိခိုက်စေပါဘူး။ ထိုဆေးကိုလိုအပ်သလိုသောက်သုံးနိုင်ပါတယ်။ Diazepam ကတော့ စိတ်ငြိမ်ဆေးဖြစ်ပြီးသုံးခဲ၍ အချို့ကိစ္စများအတွက် အချိန်ခဏတာသာ အသုံးပြုပါတယ်။ ထိုဆေးဟာ စွဲသည့်အပြင် ရက်များစွာစွဲသောက်မိလျှင်သူ့ရဲ့အာနိသင်များလျင်မြန်စွာကျသွားပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Read also:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    စိတ်ဖိစီးမှုကြောင့် သွားနဲ့ ခံတွင်းကို ထိခိုက်နိုင်ပါတယ်

    စိတ်ဖိစီးမှု၊ သွားနဲ့ခံတွင်း၊ လေ့ကျင့်ခန်း၊ ကော်ဖီ ၊လက်ဖက်ရည်၊ Relaxation၊ ယောဂလေ့ကျင့်ခန်း၊ တရားထိုင်၊ နှိပ်နယ်၊ အိပ်စက်၊ ခံတွင်းနံ့ဆိုး၊ သွားဖုံးသွေးယို

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

    ကိုယ်လက်လှုပ်ရှားမှု ခန္ဓာကိုယ် ဦးနှောက်နဲ့အာရုံကြော သားသားမီးမီး လေ့ကျင့်ခန်း နှလုံး နှလုံး ကြွက်သား သွေးကြောပိတ်ဆို့မှု ခန္ဓာကိုယ် လေဖြတ် အဆုတ် ကင်ဆာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ပန်းသစ်ခွ နဲ့ ကျန်းမာရေး

    ကျန်းမာရေး စိုထိုင်းဆ ရာသီဥတု စိတ်ဖိစီးမှု စိတ်ဓာတ်ကျ ဖျော်ရည် အရိုး ကယ်လ်ဆီယမ် အရိုးပွ ကင်ဆာ အသားအရေ အစာကြေ ကျန်းမာရေးပြဿနာ အစာခြေစနစ် အမျှင်ဓာတ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    သင့်ကလေးကို စာကြည့်စားပွဲမှာ တစ်ချိန်လုံးထိုင်ကာ စာကြည့်ခိုင်းတော့မှာလား။ အန္တရာယ်များလှပါတယ်နော်

    အာရုံစူးစိုက် စာကျက်နေမယ် ကျန်းမာရေး ဆိုးကျိုး တစ်ကိုယ်ရေ သန့်ရှင်းရေး ကိုယ်လက်လှုပ်ရှား စိတ်ဖိစီးမှု ရေကူး လူကြီးတွေ အလေ့အကျင့်ကောင်းတွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    သင့်အတွက် ရွေးချယ်ထားသည်

    အစားအသောက် တွေကို အလွန်အကျွံစားမယ်ဆိုရင်

    အစားအသောက် တွေကို အလွန်အကျွံစားမယ်ဆိုရင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020
    စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

    စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020
    ပဲသီးလေး နဲ့ ကျန်းမာရေး

    ပဲသီးလေး နဲ့ ကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
    စိန်ခေါ်မှုအသစ်ဖြစ်လာတဲ့ ကိုဗစ်ကာလ အဝလွန်ခြင်းပြဿနာ Quarantine 15

    စိန်ခေါ်မှုအသစ်ဖြစ်လာတဲ့ ကိုဗစ်ကာလ အဝလွန်ခြင်းပြဿနာ Quarantine 15

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020