backup og meta

ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဖြည့်စွက်သင့်တဲ့ အာဟာရ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဖြည့်စွက်သင့်တဲ့ အာဟာရ

    ဆောင်းရာသီကို ချဉ်းနင်း ဝင်ရောက်လာပြီ ဖြစ်တာမို့ ရာသီဥတု ကလည်း အပူချိန် သိသိသာသာ လျော့နည်းလို့ လာနေပါပြီ။ အထူးသဖြင့်တော့ မနက်ခင်းပိုင်းတွေမှာ ဆိုရင် ရာသီဥတုက အအေး ပိုပြီး နှင်းမြူတွေ ဆိုင်းလို့ စိုထိုင်းစ မြင့်မား နေတတ်ပါတယ်။ ဒီလို ဆောင်းတွင်းမှာ ဖျားနာမှုတွေက ပိုဖြစ်နိုင်ပါတယ်။

    ရာသီဥတုက အပူချိန် ပြောင်းလဲလာပြီမို့ အကူးအပြောင်း ကာလမျိုးမှာ ဖျားတာနာတာတွေ ပိုပြီး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် တုပ်ကွေး ကြီးစိုးတဲ့ အချိန်မျိုးပေါ့။ ခုလို COVID-19 ထကြွ သောင်းကျန်းနေချိန်မျိုးမှာ ဘယ်လို ဖျားတာနာတာမျိုးမှ မဖြစ်စေဖို့ အထူး အရေးကြီး လှပါတယ်။

    ခုချိန်မှာ ဖျားရင်နာရင် ကုသဖို့ ခက်ခဲတတ်သလို မတော်တဆ COVID-19 ကူးစက်သွားမှာကိုလည်း စိုးရိမ်ပူပန်ရသေးတယ်မဟုတ်လား။ အကောင်းဆုံးကတော့ မဖျားမနာအောင် ဂရုတစိုက်နေထိုင်ဖို့ပါပဲ။

    အဖျားအနာ ကင်းပြီး ကျန်းမာစေဖို့ ဆိုရင် အဓိက အကျအဆုံးကတော့ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့က အဓိက ပါပဲ။ ကိုယ်ခံအားစနစ် ကောင်းမွန်နေမယ်ဆိုရင် အအေးမိ၊ ဖျားနာတွေအပြင် COVID-19 အထိကိုပါ ကာကွယ်နိုင်တာကြောင့်ပါ။

    ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဖြည့်စွက်သင့်တဲ့ အာဟာရ

    ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဖြည့်စွက်သင့်တဲ့ အာဟာရ တွေက ဘာတွေဖြစ်မလဲ။ ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် အခုလို အာဟာရတွေ ဖြည့်စွက်ပေးဖို့ လိုပါမယ်။

    ဆောင်းတွင်းမှာ ကိုယ်ခံအား ကောင်းမွန်စေဖို့ဆိုရင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်မယ့် အာဟာရဓာတ်တွေကို ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဘယ်လို အာဟာရဓာတ်တွေကို ဖြည့်ဆည်းနိုင်ဖို့ လိုအပ်လဲ ဆိုတာကို သိနားလည်ထားဖို့ လိုအပ်တယ် မဟုတ်လား။

    ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာ ဗီတာမင် C နဲ့ D တင် မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးချင် ပါတယ်။

  • ဗီတာမင် C – လူသိများတဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး အရေးအကြီးဆုံး လိုအပ်ချက် ဆိုရင်လည်း မမှားပါဘူး။ ကျန်းမာနေဖို့ဆိုရင် လူတစ်ယောက်ဟာ တစ်နေ့ကို ၅၀၀ မီလီဂရမ်လောက် လိုအပ် ပါတယ်။ ဗီတာမင် C ကိုတော့ ရှောက်-လိမ္မော်နွယ်ဝင် သစ်သီးတွေ၊ စတော်ဘယ်ရီ၊ အာလူး၊ ဘရိုကိုလီတို့လို အစားအစာတွေကနေ ရရှိနိုင်ပါတယ်။
  • ဗီတာမင် D – သူလည်းပဲ အရေးပါ ပါတယ်။ နေရောင်ခြည်ကနေ အဓိက ရရှိပြီးတော့ ပင်လယ်စာတွေ ကနေလည်း ရရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့ကို Unit ၆၀၀၀၀ ထက်မပိုဖို့တော့ လိုအပ်ပါတယ်။
  • ဗီတာမင် E – ဗီတာမင် E ကလည်း ကိုယ်ခံအားစနစ်ကို အထောက်အကူ ပြုပါတယ်။ အထူးသဖြင့် ဆောင်းတွင်းမှာ ပို အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။
  • Zinc – Zinc က ဖျားနာဝေဒနာကို တားဆီးပေးနိုင်တဲ့ ဓာတ်တစ်မျိုး အဖြစ် လူသိများပါတယ်။ လည်ချောင်းနာခြင်း နဲ့ပတ်သက်တဲ့ ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ တစ်နေ့ကို ၈၀-၁၀၀ မီလီဂရမ်လောက် ပုံမှန် လိုအပ်မှာ ဖြစ်ပါတယ်။
  • Probiotics – Probiotics လေးတွေကလည်း သင့်ကျန်းမာရေးအတွက် အထူး လိုအပ်တဲ့ အရာတွေ ဖြစ်ပါတယ်။ Probiotics ဟာ အသက်ရှူလမ်းကြောင်း နဲ့သက်ဆိုင်တဲ့ ကူးစက်ရောဂါတွေကို တားဆီးရာမှာ အထူးအရေးပါတဲ့ အရာတွေပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement