backup og meta

လည်ချောင်းနာသက်သာစေမယ့် သဘာဝနည်းလမ်းများ

မနက်နိုးနိုးချင်းခံစားမိတဲ့ ခံစားမှုက အဟမ်း.. လည်ချောင်းထဲက ခြောက်ကပ်ကပ်နဲ့ နာလိုက်တာ ဆိုတာမျိုးဖြစ်နေပြီလား။ နိုးနိုးချင်းမို့ လည်ချောင်းခြောက်တာ ဖြစ်မယ်ထင်တယ် ဆိုပြီး ရေတစ်ခွက်သောက်လိုက်တဲ့အထိတောင်မှ လည်ချောင်းနာတာက ပျောက်မသွားဘူးဆိုရင် သေချာတာက လည်ချောင်းခြောက်တာ မဟုတ်တော့ပါဘူး။ လည်ချောင်းနာနေတာပါ။ ကဲ ….. လည်ချောင်းနာသက်သာစေမယ့် သဘာဝနည်းလမ်းများ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

ဘာကြောင့်များ လည်ချောင်းနာရတာလဲ……

လည်ချောင်းနာတယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

  • တုပ်ကွေးဖြစ်တာ
  • အအေးမိဖျားနာဖြစ်တာ
  • ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ
  • ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ
  • အသံကုန်ဟစ်ထားခဲ့တာ
  • ဆေးလိပ်သောက်တာ
  • Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာတာကိုခံစားရနိုင်ပါတယ်။ လည်ချောင်းနာတာကို အဓိကဖြစ်စေတာကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှုပါ။

လည်ချောင်းနာသက်သာစေမယ့် သဘာဝနည်းလမ်းများ

လည်ချောင်းကတော့ နာနေပြီ။ လည်ချောင်းနာတဲ့ဝေဒနာကို ခံစားနေရတာကြောင့် အလုပ်ထဲမှာတောင် အာရုံစိုက်ရခက်နေပြီ။ ဆေးကလည်း မသောက်ချင်ဘူးဆိုတဲ့ မေးခွန်းပေါင်းစုံခေါင်းထဲမှာ စဉ်းစားမိနေပြီဆိုရင်တော့ ဒီပြဿနာကို အတူတူဖြေရှင်းရအောင်လား။ ကဲ…. လည်ချောင်းနာသက်သာစေမယ့် သဘာဝနည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။

ပျားရည်

ရေနွေး ခပ်နွေးနွေးတစ်ခွက်ထဲကို ပျားရည်ထည့်လို့ သောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့နည်းလမ်းတစ်ခုပါ။ အကြောင်းကတော့ ပျားရည်က လည်ချောင်းနာတာကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်တာကြောင့်ပါ။ အနာကျက်မြန်စေတဲ့ ပျားရည်ရဲ့ အစွမ်းက လည်ချောင်းနာတာမှာလည်း ထိရောက်မှုရှိပါသတဲ့။

ဆားရည်

ခံတွင်းပြဿနာ အမျိုးမျိုးအတွက် ဆားရည်နဲ့ ပလုတ်ကျင်းလို့ ရတယ် ဆိုတာက သိထားပြီး ဖြစ်မှာပါ။ ဆားရည်က လည်ချောင်းနာတာအပြင် သွားနဲ့ခံတွင်းကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို အထိရောက်ဆုံး နှိမ်နှင်းပေးနိုင်ပါတယ်။ လည်ချောင်းအတွင်းသားတွေ ရောင်ရမ်းတာကို သက်သာစေနိုင်သလို လည်ချောင်းထဲက သလိပ်တွေကိုလည်း ရှင်းထုတ်ပေးနိုင်ပါတယ်။ ၃ နာရီခြားတစ်ခါ ဆားရည် ပလုတ်ကျင်းပေးပါ။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် လည်ချောင်းနာတာအတွက် အသုံးပြုပေးလို့ ရပါတယ်။ လည်ချောင်းထဲက ချွဲသလိပ်တွေ ကင်းစေဖို့နဲ့ လည်ချောင်း နာကျင်ရောင်ရမ်းမှုတွေကိုပါ သက်သာစေဖို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ရေတစ်ခွက်စာနဲ့ ရောလို့ အာလုတ်ကျင်းပေးပါ။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ မီးဖိုချောင် ဆေးတစ်လက်ပါ။ ကြက်သွန်ဖြူမှာပါတဲ့ allicin ဒြပ်ပေါင်းက ကူးစက်ရောဂါတွေကို အကောင်းဆုံး တိုက်ထုတ်ပေးနိုင်ပါတယ်။ ဟင်းခါး ချက်သောက်လို့ ရသလို တို့စားလို့လည်း ရပါတယ်။

ယူကလစ်ဆီ

အသက်ရှုလမ်းကြောင်းနဲ့ လည်ချောင်းကို ကျန်းမာစေတဲ့ သဘာဝ ပစ္စည်း တစ်ခုပေါ့။ ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ဓာတ်မတည့်မှု ပြဿနာတွေကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်း ကောင်းစေပြီး ရောဂါပိုးတွေ ကူးစက်ခံရမှု ကလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ပဲနံ့သာစေ့ စားသုံးပေးပါ

ရေနွေးထဲကို သန့်စင်နေအောင် ဆေးကြောထားတဲ့ ပဲနံ့သာစေ့ ထည့်ပြီး သောက်သုံးပေးလို့ ရပါတယ်။ ပဲနံ့သာစေ့ ရေနွေးကြမ်းလေးက လည်ချောင်းနာတာကို သိသိသာသာ သက်သာစေမှာပါ။

ငုံဆေးငုံပါ

လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့ နည်းလမ်း တစ်ခုပါ။ သွားရင်းလာရင်း ငုံထားလို့လည်း ရပါတယ်။ ပူရှိန်းရှိန်း ခံစားမှုကြောင့် လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။

လည်ချောင်းနာပြီး ဆေးမသောက်ချင်သူတိုင်း အတွက် အဆင်ပြေစေမယ့် နည်းလမ်းလေး တစ်ခုခုကို အသုံးပြုလို့ လည်ချောင်းနာတဲ့ပြဿနာကို ရှင်းထုတ်လိုက်ရအောင်…..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

12 Natural Remedies for Sore Throat https://www.healthline.com/health/cold-flu/sore-throat-natural-remedies Accessed Date 26 September 2019

Sore throat https://www.mayoclinic.org/diseases-conditions/sore-throat/diagnosis-treatment/drc-20351640 Accessed Date 26 September 2019

Sore Throat 101: Symptoms, Causes, and Treatment https://www.healthline.com/health/sore-throat Accessed Date 26 September 2019

ယခုပုံစံ

04/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘာကြောင့် လည်ချောင်းမကြာခဏ နာနေတာလဲ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာ တာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/08/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement