backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ကဘာလဲ။

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဆိုတာ သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းကို လုံလောက်စွာ မထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ လည်ပင်းရှေ့မှာ လိပ်ပြာပုံစံ တည်ရှိပါတယ်။ T3 T4 စတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။

Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့် သက်ကြီးပိုင်းတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက် ၆၀ကျော် အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ အများဆုံးပါပဲ။ မိသားစုရာဇဝင်ရှိရင်လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဟောမုန်းပမာဏ လိုအပ်မှုပမာဏပေါ်မူတည်ပြီး လက္ခဏာတွေဟာ ပြောင်းလဲနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။

  • ပင်ပန်းနွမ်းနယ်ခြင်း
  • အအေးမခံနိုင်ခြင်း
  • ဝမ်းချုပ်ခြင်း
  • အသားအရေခြောက်ခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း
  • မျက်နှာအမ်းခြင်း
  • အသံသြခြင်း
  • ကြွက်သားအားနည်းခြင်း
  • သွေးတွင်းကိုလက်စထရောတက်ခြင်း
  • ကြွက်သားများ ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ တောင့်တင်းခြင်း
  • အဆစ်များ နာကျင်တောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း
  • ဓမ္မတာပုံမှန်ထက် ပိုများခြင်း၊ ပုံစံမမှန်ခြင်း
  • အမွေးအမျှင်ပါးခြင်း
  • နှလုံးခုန်နှုန်းနှေးခြင်း
  • စိတ်ကျခြင်း
  • မှတ်ဉာဏ်မကောင်းခြင်း

ပိုပြီးဆိုးရွားတဲ့ အခြေအနေမှာ အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေကတော့ သွေးပေါင်ချိန်နည်းခြင်း၊ အသက်ရှူနှုန်းနှေးခြင်း၊ ကိုယ်အပူချိန်ကျခြင်း၊ တုံ့ပြန်မှုမရှိခြင်း၊ သတိလစ်ခြင်းနဲ့ အဆိုးဆုံးအခြေအနေကတော့ သေဆုံးခြင်း ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သိုင်းရွိုက်ဟော်မုန်းကို ထိရောက်စွာ မထုတ်နိုင်တော့တဲ့ အခြေအနေမှာ ကိုယ်ခန္ဓါရဲ့ဓါတ်ပြုလုပ်ဆောင်မှုတွေဟာ ဟန်ချက်ပျက်သွားနိုင်ပါတယ်။ မိမိကိုယ်ခံအားက ပြန်တိုက်ခိုက်သောရောဂါ၊ သိုင်းရွိုက်ဟော်မုန်းများခြင်းအား ကုသခြင်း၊ ဓါတ်ရောင်ခြည်ကုသခြင်း၊ သိုင်းရွိုက်ခွဲစိတ်ခြင်း စတဲ့အကြောင်းအရာပေါင်းစုံ ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ကနေထုန်လုပ်တဲ့ T3 T4 စတဲ့ဟော်မုန်းတွေဟာ ကျန်းမာရေးအပေါ် အရေးကြီးတဲ့ သက်ရောက်မှုရှိပါတယ်။ ဟော်မုန်းထုတ်လုပ်မှုကျဆင်းစေတဲ့ အခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်ခြင်း

မိမိကိုယ်ခံအားစနစ်ကနေ မိမိကိုယ်ခန္ဓါက တစ်သျှူးတွေကို ပြန်လည်တိုက်ခိုက်တတ်ခြင်း ဖြစ်ပါတယ်။ တခါတရံမှာ သိုင်းရွိုက်ဂလင်းပါ ပါဝင်တတ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများခြင်းအား ကုသခြင်း

သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု များလွန်းရင်လည်း ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းနဲ့ သိုင်းရွိုက်ဆန့်ကျင်ဆေး စတာတွေနဲ့ ကုသရပါတယ်။ ဒါပေမယ့် တခါတရံ ဒီလိုကုသမုဟာ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို ဖြစ်ပွားစေတတ်ပါတယ်။

သိုင်းရွိုက်ခွဲစိတ်ခြင်း

သိုင်းရွိုက်ဂလင်းရဲ့ အစိတ်အပိုင်းတွေ ခွဲစိတ်ဖယ်ရှားလိုက်ရင် ဟော်မုန်းထုတ်လုပ်မှု ကျဆင်းသွားနိုင်ပါတယ်။

ဓါတ်ရောင်ခြည်ကုသခြင်း

ဦးခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းက ကင်ဆာတွေကို ဓါတ်ရောင်ခြည်ကုသခြင်းဟာ သိုင်းရွိုက်ဂလင်းကိုပါ ထိခိုက်စေပြီး ဟော်မုန်းနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဆေးဝါးများ

ဆေးအများအပြားဟာ သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းမှာ အရေးပါပါတယ်။ စိတ်ကျန်းမာရေးအတွက်ပေးတဲ့ လစ်သီယမ်လိုဆေးမျိုး ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ပိုပြီးဖြစ်နိုင်ခြေများပါတယ်။

  • အသက်၆၀ကျော်သော အမျိုးသမီးများ
  • မိမိကိုယ်ခံအားက တိုက်ခိုက်သော ရောဂါရှိခြင်း
  • မိသားစုတွင်း သိုင်းရွိုက်ရောဂါရာဇဝင်ရှိခြင်း
  • လေးဘက်နာအဆစ်ရောင်ခြင်းကဲ့သို့ ကိုယ်ခံအားက ဆန့်ကျင်သော အခြားရောဂါများရှိခြင်း
  • ရေဒီယိုသတ္တိကြွအိုင်အိုဒင်းနှင့် သိုင်းရွိုက်ဆန့်ကျင်ဆေးများဖြင့် ကုသနေရခြင်း
  • လည်ပင်းနှင့်ရင်ဘတ်အား ဓါတ်ရောင်ခြည်ပေးခြင်း
  • သိုင်းရိွုက်ဂလင်းခွဲစိတ်ထားခြင်း

ကိုယ်ဝန်ရှိခြင်း၊ ၆လအတွင်း ကလေးမွေးထားခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။

သွေးစစ်ဆေးမှုဟာ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ အခြေအနေကို အတည်ပြုဖို့ ပြုလုပ်ပါတယ်။ အောက်ပါစစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။

  • TSH ဟော်မုန်းစစ်ဆေးခြင်း
  • T4 ဟော်မုန်းစစ်ဆေးခြင်း

အထက်ပါစစ်ဆေးခြင်းတွေဟာ ပုံမှန်ပဲဆိုရင် သိုင်းရွိုက်ဆန့်ကျင်တဲ့ ခုခံပစ္စည်း စစ်ဆေးခြင်းဟာ မိမိကိုယ်ခံအားက ပြန်တိုက်ခိုက်တဲ့ အခြေအနေ ရှိမရှိ သိစေနိုင်ပါတယ်။

ဟိုက်ပိုသဲလမတ်နဲ့ ပီကျူထရီဂလင်းတွေကို CT ၊ MRI ရိုက်ပြီး စစ်ဆေးကြည့်ခြင်းလည်း ပြုလုပ်နိုင်ပါတယ်။

Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ဖန်တီးထားတဲ့ သိုင်းရွုိက်ဟော်မုန်း levothyroxine ကို နေ့စဉ် သုံးစွဲရတတ်ပါတယ်။ ဒီသောက်ဆေးဟာ ဟော်မုန်းပမာဏကို ပြန်လည်မြင့်တက်စေပြီး သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။

ဆေးပမာဏ မှန်မမှန်သိရအောင် ၂လ၃လကြာရင် ဆရာဝန်ဟာ ပြန်လည်ချိန်းဆိုပြီး TSH ပမာဏကို စစ်ဆေးပါလိမ့်မယ်။

ဟော်မုန်းပမာဏများရင် အောက်ပါဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

  • အစားစားလွန်းခြင်း
  • အိပ်မပျော်ခြင်း
  • ရင်တုန်ခြင်း
  • ခြေတုန်လက်တုန်ဖြစ်ခြင်း

နှလုံးသွေးကြောရောဂါနဲ့ သိုင်းရွိုက်ဟော်မုန်း ဆိုးရွားစွာ ချို့တဲ့ခြင်းရှိရင် ဆေးပမာဏကို နည်းနည်းကနေစပြီး တဖြည်းဖြည်းမြှင့်သွားပါလိမ့်မယ်။ အောက်ပါဆေးတွေ ပါဝင်ပါတယ်။

  • သံဓါတ်အားဖြည့်ဆေးနှင်း သံဓါတ်ပါသော ဗီတာမင်များ
  • Cholestyramine
  • Aluminium hydroxide

ကုယ်လ်ဆီယမ်အားဖြည့်ဆေး

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက သိုင်းရွိုက်ဟော်မုန်းနည်းခြင်း အတွက် အထောက်အကူ ပြုသလဲ

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို မကာကွယ်နိုင်ပေမယ့် ရောဂါလက္ခဏာတွေကို သိရှိရင် အချိန်နဲ့တပြေးညီ ကုသနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ လက္ခဏာ မရှိသေးပေမယ့် ရောဂါဖြစ်နိုင်ခြေများတဲ့သူတွေကို ရောဂါအခြေအနေ စစ်ဆေးနိုင်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement