အဓိပ္ပါယ်ဖွင့်ဆိုချက်
Anosmia (Loss Of Sense Of Smell) ( အနံ့ခံအာရုံပျက်ယွင်းခြင်း) ကဘာလဲ။
အနံ့ခံအာရုံပျက်ယွင်းတယ် ဆိုတာဟာ သင့်နှာခေါင်းက အနံ့ခံအာရုံဆုံးရှုံးသွားတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် နှာခေါင်းပိုင်းဆိုင်ရာ ရောဂါ (သို့) ဦးနှောက်ထိခိုက်မှု တစ်ခုခုမှာ ဖြစ်ပွားတတ်ပြီး အချို့သောသူတွေကတော့ မွေးရာပါ အနံ့ခံအာရုံပျက်ယွင်းနေတတ်တာ ဖြစ်ပါတယ်။
လူတစ်ဦးရဲ့ အနံ့ခံအာရုံကို ဖြစ်စဉ်အချို့နဲ့ ထိန်းချုပ်ထားပါတယ်။ ပထာမဦးစွာ အရာဝတ္ထုတစ်ခုကထွက်ပေါ်လာတဲ့ မော်လီကျူးတစ်ခု (ဥပမာ – ပန်းတစ်ပွင့်ရဲ့ ရနံ့) ဟာ နှာခေါင်းတွင်းမှာ အများဆုံးတွေ့ရတဲ့ အနံ့ဦးနှောက်ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။
အဆိုပါ အနံ့ဦးနှောက်ဆဲလ်တွေကတဆင့် အနံ့အာရုံကို သတ်မှတ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းကို သတင်းအချက်အလက်တွေပေးပို့ပါတယ်။ ဒီလိုဖြစ်စဉ်ကို အနှောက်အယှက်ပေးတဲ့ မည်သည့်အရာမဆို (ဥပမာ – နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ (သို့) အနံ့ဦးနှောက်ဆဲလ်များ ပျက်စီးခြင်း) ဟာ အနံ့အာရုံဆူုံးရှုံးမှုကို ဖြစ်စေတတ်ပါတယ်။
ယေဘုယျအားဖြင့် အနံ့ခံစွမ်းရည်ဟာ အရသာခံစွမ်းရည်ပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ အနံ့အာရုံမရှိခဲ့ရင် ကျွန်ုပ်တို့ရဲ့ လျှာမှာရှိတဲ့ အရသာခံဖုတွေဟာ အရသာအနည်းငယ်ကိုသာ ခံစားသိရှိနိုင်မှာဖြစ်ပြီး ဘဝကိုယ်ရည်ကိုယ်သွေးအပေါ် သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။
Anosmia (Loss Of Sense Of Smell) ( အနံ့ခံအာရုံပျက်ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အဖြေကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါ။ အနံ့အာရုံနဲ့ပတ်သက်တဲ့ပြသနာ ခံစားနေရသူတွေကို တိတိကျကျမေးမြန်းဖော်ပြထားတဲ့ စာရင်းဇယားတွေ မရှိသေးလို့ပဲ ဖြစ်ပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။