အကြားအာရုံကောင်းစေဖို့ လုပ်ဆောင်ပေးသင့်တာအချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 19, 2020 . 2 mins read
Share now

လူတွေရဲ့ လှုပ်ရှားလုပ်ဆောင်မှုတိုင်းက အမြင်၊အကြား၊အထိအတွေ့အာရုံတွေပေါ်မှာ အခြေခံတာပါ။ ဒီအာရုံတွေထဲက တစ်ခုခုသာ မကောင်းခဲ့ဘူးဆိုရင်နေ့စဉ်လှုပ်ရှားမှုမှာတော်တော်လေး ထိခိုက်မှာပါ။ ဒီတော့ အာရုံခံစားမှုတွေကာင်းဖို့က မဖြစ်မနေဂရုစိုက်ဖို့လိုမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါပဲ။ ဒီတစ်ခေါက်တော့ အကြားအာရုံေကာင်းစေဖို့အတွက် လုပ်ဆောင်သင့်တာလေးတွေကိုပြောပြပေးပါမယ်။

ဒီအချက်တွေကြောင့် အကြားအာရုံထိခိုက်စေနိုင်ပါတယ်

တစ်ခုခုမပြောခင် အရင်လုပ်ရတဲ့အလုပ်ကနားထောင်ရတာပါ။ နားလေးပဲခဏလောက် ပိတ်ထားကြည့်လိုက် ဘာပြောမှန်းမသိလို့ ဘယ်လိုတုံ့ပြန်ရမလဲ မသိဖြစ်သွားနိုင်တာသိပြီးဖြစ်မှာပါ။ ဒီတော့ အကြားအာရုံကိုကောင်းကောင်းဂရုစိုက်ဖို့ လိုအပ်မယ်ဆိုတာ အထွေအထူးတောင်ပြောနေစရာမလိုပါဘူး။

  • ဝက်သက်လိုမျိုးရောဂါပိုးကူးစက်ဖြစ်ပွားတာ
  • ကျယ်လောင်ဆူညံတဲ့အသံတွေ အမြဲနားထောင်နေရတာ
  • နားထိခိုက်နိုင်တဲ့ ဆေးတွေ အလွန်အကျွံသောက်မိတာ
  • အသက်အရွယ်ကြီးရင့်လာတာ
  • မွေးရာပါအကြားအာရုံမကောင်းတာ
  • အဖျားကြီးတာ
  • လေဖြတ်တာ
  • ဦးနှောက်မှာ အကျိတ်တွေဖြစ်တာကြောင့် အကြားအာရုံဆုံးရှုံးနိုင်ပါတယ်။

ဒါတွေအပြင်

  • တစ်ခုခုနဲ့နားစည်ကို ထိုးမိတာ
  • နားဖာချေးတွေပိတ်နေတာ
  • နားပိုးဝင်ကူးစက်တာ
  • နားအတွင်းပိုင်းအရိုးထိခိုက်မိတာ
  • နားထဲကိုပြင်ပအရာဝတ္ထုတစ်ခုခုဝင်တာတွေကြောင့်လည်း အကြားအာရုံထိခိုက်စေနိုင်ပါတယ်။

အကြားအာရုံကောင်းစေဖို့လုပ်ဆောင်ပေးသင့်တာအချို့

အကြားအာရုံကောင်းစေဖို့နဲ့ပြန်လည်သန်စွမ်းလာစေဖို့ အခုပြောပြမယ့် နည်းလမ်းလေးတွေကအထောက်အကူပြုပေးနိုင်မှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ပါဆိုလို့ Gym သွားခိုင်းတာမဟုတ်ပါဘူး။နေ့စဉ်ပုံမှန် တိတ်ဆိတ်တဲ့နေရာလေးမှာ ၁၅ မိနစ်လောက်လမ်းလျှောက်ပေးတာမျိုးက အကြာအာရုံကောင်းစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ မနက်ခင်းမှာနေရောင်နွေးနွေးလေးအေးအေးလေးကို တဝရှုသွင်းပြီး အကြားအာရုံကောင်းအောင် ကြိုးစားလိုက်ပါ။

ယောဂကစားပါ

ယောဂကကျန်းမာရေးအတွက်အထောက်အကူပြုတယ်ဆိုတာကတော့ အများကလက်ခံထားပြီးသားကိစ္စပါ။ယောဂကစားတာကြောင့်ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ အကြားအာရုံကောင်းစေတာကလည်း တစ်ခုအပါအဝင်ပါ။ယောဂကစားတာကြောင့် အကြားအာရုံနဲ့ ဦးနှောက်ကြားမှာ အကောင်းဆုံးချိတ်ဆက်ပေးနိုင်ပြီး အာရုံကြောတွေရဲ့လုပ်ဆောင်မှုကိုကောင်းမွန်စေနိုင်ပါတယ်။

ဗီတာမင်တွေပါအောင်စားသုံးပါ

အကြားအာရုံကောင်းစေဖို့အတွက်ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်၊ဇင့် နဲ့ ဗီတာမင် B တို့ပါဝင်အောင်စားသုံးရပါမယ်။ ဒါမှအကြားအာရုံအတွက်အရေးပါတဲ့ နားကို အကောင်းဆုံးကာကွယ်ပေးနိုင်ပြီး အကြားအာရုံကျန်းမာစေနိုင်မှာပါ။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်သူတွေဟာ သာမန်ထက် အကြားအာရုံဆုံးရှုံးနိုင်ခြေ ၂ ဆလောက်ပိုများနေပါတယ်။ဆေးလိပ်မျာပါတဲ့ နီကိုတင်းက နားအတွင်းပိုင်းမျာရှိတဲ့ ဆဲလ်တွေဆီသွေးစီးဆင်းရာက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် အကြားအာရုံကျန်းမာချင်ရင်ဆေးလိပ်ဖြတ်ပါ။

တရားထိုင်ပါ

ဆူညံသံတွေကင်းတဲ့နေရာမှာ တရားမှတ်တာက အကြားအာရုံကောင်းဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ တရားမှတ်တဲ့အခါ အသက်ပြင်းပြင်းရှုတာကသွေးစီးဆင်းမှုကောင်းစေပြီး ကိုယ်တွင်းအောက်ဆီဂျင်ပမာဏကိုတိုးစေနိုင်ပါတယ်။ အသံတစ်ခုခုကိုအာရုံစိုက်လို့ ဝင်သက်ထွက်သက်မှတ်ပြီး အသံလာရာဆီကိုအာရုံစူးစိုက်နားထောင်ပေးပါ။

သီချင်းတွေကို အသံကျယ်ကျယ်နားမထောင်ပါနဲ့

သီချင်းတွေကို အသံကျယ်ကျယ်နားထောင်တာက စိတ်လွတ်လပ်ပေါ့ပါးစေတယ်ဆိုပေမယ့် အရမ်းကျယ်လွန်းတဲ့အသံတွေက နားစည်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သီချင်းကြိုက်တယ်ဆိုရင်တောင် အသံအကျယ်ကြီးနားမထောင်ပါနဲ့။ နားကြပ်တပ်လို့နားထောင်တဲ့အခါ ပိုပြီး သတိထားပါ။ ဆူညံကျယ်လောင်တဲ့အသံတွေက အကြားအာရုံကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ကြွက်သားပြေလျော့စေမယ့်လေ့ကျင့်ခန်းပါ။

ရေးသားသူ Aye Thi Mon

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ  သက်ရောက်မှု ရှိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

အကြောဖြေလျှော့ လေ့ကျင့်ခန်းများ

အကြောဖြေလျှော့ တာကို တစ်နေ့တာရဲ့ လုပ်ဆောင်မှုမှာ မပါမဖြစ် ထည့်သွင်း လုပ်ဆောင်သင့်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read