အခွံလေးတွေ စတာတွေဖြစ်ပါတယ်။
Ear wax : နားဖာချေးတွေဆိုတာ ပုံမှန်ဖြစ်နေကျအရာဆိုပေမယ့် အတွင်းမှာစုပြီး ခဲနေမယ်ဆိုရင် နားမကြားတာ နာကျင်တာတွေဖြစ်နိုင်ပါတယ်။ နားကေ ာ်တံကို အလွန်အသုံးပြုရင် သန့်ရှင်းရေးလုပ်တယ်ဆိုပေမယ့်တကယ်တော့ wax တွေနဲ့ ဆဲလ်အသေတွေကို အထဲထိထိုးထည့်သလိုဖြစ်နေပြီး ရောဂါဖြစ်စေပါတယ်။
အင်းဆက်များ
အင်းဆက်တွေဟာ နားလမ်းကြောင်းထဲကိုပျံပြီး ဒါမှမဟုတ် တွယ်ပြီးဝင်ရောက်လာနိုင်ပါတယ်။ ပုံမှန်အးာဖြင့် ကြမ်းပေါ်မှာအိပ်တာ ဒါမှမဟုတ် အပြင်မှာ camp ထွက်ပြီးအိပ်ကြတာဖြစ်ဖြစ် ဒါမျိုးဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကြောက်လန့်ဖို့လည်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ပိုးကောင်ရဲ့ တဝီဝီသံက အရမ်းကျယ်သလို အရမ်းလည်းနာကျင်တာကြောင့်ဖြစ်ပါတယ်။
ဖြစ်စေတတ်သောအကြောင်းများ
ဘယ်အရာတွေက နားအတွင်းပိုင်းပြင်ပအရာဝင်တာမျိုးဖြစ်စေတတ်သလဲ?
ဖြစ်စေတာတွေက အများကြီးရှိပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Foreign object in the ear canal (နားအတွင်းသို့ ပြင်ပ အရာဝတ္ထုများဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က အလင်းဆများတဲ့ otoscope ခေါ်ကိရိယာနဲ့ သင့်နားအတွင်းပိုင်းကို ကြည့်ရှူ ပါလိမ့်မယ်။ အဲ့အခါမှာ ပစ္စည်းကိုတွေ့ပြီး ဘယ်လိုအရာဆိုတာနဲ့ နားစည်ပေါက်ပြဲမှုရှိမရှိ ဆိုတာပါ သေချာစမ်းသပ်နိုင်မယ်ဖြစ်ပါတယ်။
Foreign object in the ear canal (နားအတွင်းသို့ ပြင်ပ အရာဝတ္ထုများဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
သေချာမမြင်ရရင် နားထဲကအရာကို ဖယ်ထုတ်ဖို့မ ကြိုးစားပါနဲ့။ အချို့အရာတွေက နားကိုအောက်စိုက်ထားရုံနဲ့ မြေဆွဲအားကြောင့် အလိုလို ထွက်ကျလာတတ်ပါတယ်။ ကလေးဆိုရင် မျက်နှာကို လူကြီးတွေကကိုင်ပေးထားပြီးနာရွက်အောကိစိုက်ကာ ငြင်သာစွာလှုပ်ဖို့ကြိုးစားကြည့် နိုင်ပါတယ်။ ဒါပေမယ့် ပစ္စည်းထွက်သွားဖို့အတွက် ကလေးကို အားနဲ့လှုပခါတာမျိုးလုံးဝမလုပ်ပါနဲ့ ။ ဝါဂွမ်းတွေ စက္ကူ တွေဆိုရင် သင့်လက် ဒါမှမဟုတ်ကိရိယာတွေသုံးပြီးဖယ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေဆီမှာ လိုတဲ့ကိရိယာအစုံရှိတဲ့ အတွက် ဝင်သမျှပစ္စည်းတော်တော်မျူးများကို ဆရာဝန်ထုတ်ပေးတာများပါတယ်။ ဘာလို့လဲဆိုတော့ ဆရာဝန်အကူအညီမယူပဲ မိမိဘာသာထုတ်ခဲ့ရင် ဒဏ်ရာတွေဖြစ်နိုင်လို့ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ဆရာဝန်က ရေနဲ့လောင်းချတာမျိုးနဲ့ လိုအပ်ရင် ချိတ်လေးကိုပါသုံးနိုငိပါတယ်။ ပြီးတော့ ထုတ်ပြီးချိန်မှာလည်း otoscope နဲ့ပြန်ကြည့်ပြီး ပုံမှန်ဖြစ်မဖြစ်စစ်ဆေးပါတယ်။ တကယ်လို့ အင်းဆက်တစ်ကောင်ဝင်နေတယ်ဆိုရင် သင့်လက်နဲ့ထိုးတာမျိုးမလုပ်ပါနဲ့ ။ ကိုက်တတ်လို့ပါ။ ဒီအခါ နားကိုအပေါ်အောက်ကို ခေါင်းမော့ထားပါ။ အင်ဆက်က သူ့ဘာသာထွက်သွားပါလိမ့်မယ်။ မထွက်ရင် ဆီတစ်မျိုးလောင်းထည့်ပါ။ အင်းဆက်သေသွားပါလိမ့်မယ်။ အဲ့အခါမှ ဆရာဝန်က ရေသန့်သန့်နဲ့ နားကိုဆေးချပြီး ပိုးကောင်ကိုထုတ်ယူပါလိမ့်မယ်။
နေထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ
နားအတွင်းပြင်ပပစ္စည်းဝင်တာကို ကူညီပေးနိုင်တဲ့ ဆေးနဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ
နားသန့်ရှင်းရေးလုပ်ဖို့အတွက် တစ်ရှူ းတွေ ပိုးပိတ်တွေ သွားကြားထိုးတံတွေ မသုံးပါနဲ့ ။ နားစည်ပေါက်တာရဲ့ အဓိကအကြောင်းရင်းက ဒီလိုပစ္စည်းတွေင်တာကြောင့်ဖြစ်ပါတယ်။
သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။