ဖက်ယားရွက်ရဲ့ ဆေးဖက်ဝင်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ဖက်ယားရွက်ကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်းရှိနေနိုင်ပါတယ်။ ဆေးဖက်ဝင်တဲ့ဖက်ယားပင်ရဲ့ အကြောင်းလေးကို ဒီဆောင်းပါးလေးကနေတဆင့် လေ့လာကြည့်ဖို့ပြောပါရစေ။

ဖက်ယားရွက်

အရွက်နဲ့ပင်စည်မှာ အဆူးမွှေးသေးသေးေးလတွေရှိနေနိုင်ပါတယ်။မြောက်အမေရိက၊ ဥရောပနဲ့ အာဖရိကဒေသတွေမှာပေါက်ရောက်တတ်ကြပြီး လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကဆေးဖက်ဝင်အပင်တစ်ခုအဖြစ်အသုံးပြုလာခဲ့ကြတာပါ။ အရွက်နဲ့ပင်စည်ပေါ်က ဆူးလေးတွေကိုထိမိရင်ဖြစ်တဲ့ ခံစားမှုကို အစွဲပြုလို့ ဖက်ယားပင်လို့ခေါ်ဆိုခဲ့ကြတာပါ။

ဘယ်လိုဆေးဖက်ဝင်တာလဲ…….

ဖက်ယားပင်က သတိလက်လွတ်ကိုင်မိရင် လက်မှာ ယားတာ၊ ဆူးတာမျိုးဖြစ်နိုင်ပေမယ့်ဆေးဖက်ဝင်တဲ့ အာနိသင်တော့ရှိနေပါတယ်။
ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တယ်
ဖက်ယားရွက်က ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိသလို ဆီးကျိတ်ကြီးတာကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်တဲ့ ဆီူသွားရခက်တဲ့ပြဿနာကိုလည်း အကောင်းဆုံးသက်သာစေနိုင်ပါတယ်။
ဓါတ်မတည့်တာကို သက်သာစေနိုင်တယ်ဖက်ယားရွက်က ဝတ်မှုန်ကြောင့်ဖြစ်တဲ့ အဖျားရောဂါကို သက်သာစေနိုင်သလို ပတ်ဝန်းကျင်ကအရာတွေကြောင့် ဓါတ်မတည့်မှုဖြစ်ပြီး နှာချေတာ၊ နှာစေးတာ၊ မျက်လုံးယားတာလိုမျိုး ဓါတ်မတည့်မှုတွေကို သက်သာစေနိုင်ပါတယ်။အဆစ်နာတာတွေကို သက်သာစေနိုင်တယ်

သွေးတိုးကျစေနိုင်တယ်

ဖက်ယားရွက်ရဲ့နောက်ထပ်အာနိသင်တစ်ခုကသွေးတိုးကျစေနိုင်တာပါ။သွေးတိုးရောဂါကို သက်သာစေဖို့အတွက်လည်း ဖက်ယားရွက်ကို အရင်ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဖက်ယားရွက်ကို ချက်ပြုတ်ပြီး စားသုံးလို့လည်းရပါတယ်။

လေးဖက်နာရောဂါကို သက်သာစေနိုင်တယ်

လေးဖက်နာရောဂါရှိသူတွေအနေနဲ့လည်း လေးဖက်နာကြောင့်ဖြစ်တဲ့ အဆစ်နာတာတွေကို သက်သာစေဖို့ ဖက်ယားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ဖက်ယားရွက်မှာ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိတာကြောင့် အဆစ်အမြစ်တွေနာကျင်ရောင်ရမ်းတာကို သိသိသာသာသက်သာစေမှာပါ။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

ဖက်ယားရွက်ရဲ့နောက်ထပ်ကျန်းမာရေးအာနိသင်တစ်ခုက အစာခြေစနစ်ကို ကျန်းမာစေနိုင်တာပါ။ ဒါကြောင့် အစာအိမ်ရောဂါရှိတာ၊ အူလမ်းကြောင်းပြဿနာရှိသူတွေအနေနဲ့ ဖက်ယားရွက်ကို အသုံးပြုပေးလို့ရပါတယ်။

သွေးချိုဆီးချိုသက်သာစေနိုင်တယ်

လေ့လာချက်တွေအရ ဖက်ယားရွက်မှာပါဝင်နေတဲ့ အပင်ဒြပ်ပေါင်းတစ်ခုက ဆီးချိုသွေးချိုရှိသူတွေမှာသွေးတွင်းသကြားဓါတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ဖက်ယားရွက်ကို သဘာဝဆေးဖက်ဝင်အပင်တစ်ခုအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။

ဒါတွေပြင် ဖက်ယားရွက်က အနာသက်သာစေနိုင်သလို ဆီးရွှင်စေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ နာကျင်မှုကို သက်သာစေပြီး ခန္ဓါကိုယ်ကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

ဘယ်သူတွေနဲ့မသင့်တော်ဘူးလဲ…………

ဖက်ယားရွက်ကဆေးဖက်ဝင်တာမှန်ပေမယ့်လဒီအခြေအနေမျိုးမှာတော့ သတိထားဖို့ လိုမှာပါ။

  • ဖက်ယားပင်နဲ့ဓါတ်မတည့်တဲ့သူတွေ
  • ကိုယ်ဝန်ဆောင်တွေ
  • သွေးကျဲဆေးသောက်နေရသူတွေ
  • သွေးပေါင်ကျဆေးသောက်နေရသူတွေ
  • အဆစ်ရောင်တာတွေအတွက်ဆေးသောက်နေရသူတွေ ကတော့ ဖက်ယားရွက်နဲ့မသင့်တော်ပါဘူး။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

နားပေါက်အနာမကျက်ခင်မှာ ညစ်ပေတဲ့လက်နဲ့ ကိုင်မိရင်ဖြစ်စေ၊ နားဖောက်စဉ် အသုံးပြုတဲ့ကိရိယာ ညစ်ညမ်းရင်ဖြစ်စေ ဘက်တီးရီးယားများ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

စွန့်ချင်ပါလျက်နဲ့ အောင့်ထားမိတဲ့အခါ

တစ်ချို့အခြေအနေတွေမှာတော့ ဝမ်းသွားချင်စိတ်ကို တမင်ထိမ်းချုပ်ထားမိတတ်ပါတယ်။ ဝမ်းသွားချင်စိတ်ကို ထိမ်းချုပ်တာက မှန်ကန်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သွေးသန့်စေဖို့ ဒါတွေစားပါ။

ခန္ဓာကိုယ်က အလုပ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ သွေးတွေကို လိုအပ်ပါတယ်။ သွေးဆိုတဲ့နေရာမှာ အဆိပ်အတောက်ကင်းပြီး သန့်စင်တဲ့ သွေး ဖြစ်ဖို့က အရေးကြီးပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

သီဟိုဠ်စေ့မှာ အရိုးနဲ့သွေးကြောတွေကို ကျန်းမာစေတဲ့ copper၊ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ် ကြွယ်ဝတဲ့ သီဟိုဠ်စေ့ကို ဘေဘီလေးကို ကျွေးလို့ ရမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သွားနဲ့ခံတွင်းအကြောင်း တစေ့တစောင်း

သွားနဲ့ခံတွင်းအကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 4, 2020 . 2 mins read
တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 29, 2020 . 2 mins read
ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျချင်တယ်ဆိုရင်

ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read