backup og meta

သင်္ဘောစေ့လေးတွေကနေ ဒီလိုကောင်ကျိုးတွေ ရနိုင်ပါတယ်။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်္ဘောစေ့လေးတွေကနေ ဒီလိုကောင်ကျိုးတွေ ရနိုင်ပါတယ်။ ။

    သင်္ဘောသီးကို အာဟာရဓါတ်တွေ ကြွယ်ဝပြီး အရသာရှိလွန်းတဲ့ အသီးတစ်ခုအဖြစ် လူတိုင်းက လက်ခံထားကြတာပါ။ ဒီအတိုင်းပဲ အသီးမှည့်ကို စားစား၊ အစိမ်းကို သုပ်စားစား၊ မျက်နှာအသားအရေအတွက် ပေါင်းတင်တင် အဘက်ဘက်က အသုံးဝင်တဲ့ အသီးတစ်ခုပါ။ ဒါပေမယ် တော်တော်များများက သင်္ဘောသီး အသားကိုသာစားပြီး အစေ့ကို ပစ်လိုက်ကြတာများပါတယ်။ သူတို့ပစ်လိုက်တဲ့ အဲဒီ အစေ့လေးတွေဟာ ဆေးဘက်ဝင်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင် ။ ။

    ( ၁) အင်ဇိုင်းတွေ အများကြီးပါပါတယ်။

    သင်္ဘောသီး အစေ့မှာ ကိုယ်တွင်းက ကပ်ပါးကောင်တွေကို ဖယ်ရှားပေးတဲ့ proteolytic enzymes နဲ့ papain ဓါတ်တွေ အများကြီးပါတဲ့အတွက်ကြောင့် သန်ကောင်တွေကိုဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

    ( ၂ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

    သင်္ဘောစေ့မှာ အစာခြေစနစ်အတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ ပါတဲ့အပြင် အစာအိမ်တွင်း အစာခြေအက်ဆစ်ဓါတ်ကို ညီမျှအောင်ထိန်းထားပေးလို့ အစာအိမ်အချဉ်ပေါက်တာကို ကာကွယ်ပေးပါတယ်။

    ( ၃ ) ကိုယ်တွင်း အဆိပ်အတောက်ကို ဖယ်ရှားသန့်စင်ပေးပါတယ်။

    သင်္ဘောသီးရော သင်္ဘောသီး အစေ့ကရော ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စငေ်ပးနိုင်စွမ်းရှိလို့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အသီးတစ်ခုပါ။

    ( ၄ ) အသည်းရောဂါအတွက်လည်း သူက အထောက်ကူပေးပါသေးတယ်။

    အသည်းခြောက်တဲ့ ပြဿနာ ပြန်ကောင်းအောင် ကိုယ်တွင်းစနစ် ကြိုးစားနေတဲ့အချိန်မှာ သင်္ဘောသီးတို့ သင်္ဘောစေ့တို့ စားပေးရင့်မြန်မြန်အြပန်ောင်သွားပါလိမ့်မယ်။ သင်္ဘောသီးဖျော်ရည်ထဲ အစေ့ပါထည့်ကြိတ်တာဖြစ်ြ့ဖစ်၊ ဒိန်ချဉ်ထဲ သင်္ဘောစေ့လေး ထည့်စားတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။

    ( ၅ ) ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပါတယ်။

    ကိုယ်တွင်းမှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ( အထူးသဖြင့် e.coli) လို ဘက်တီးရီးယားမျိုးကို သင်္ဘောစေ့က အလွယ်လေးသတ်နိုင်မယ့်အပြင် အစာအဆိပ်သင့်တဲ့အခါမျိုးမှာလည်း အဆိပ်အတောက်တွေကို ပြေစေနိုင်တဲ့ အစွမ်းရှိပါတယ်။

    ( ၆ ) မျိုးပွားနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ။

    အာရှနိင်ငံတွေမှာ ကလေးလိုချင်ရင် သင်္ဘောသီးစားပေး၇တယ်ဆိုတဲ့ အဆိုတစ်ခုရှိပါတယ်။ သင်္ဘောသီးက အမျိုးသားတွေရဲ့ သုက်ပိုးထုတ်နိုင်စွမ်းကို မြင့်တက်စေတဲ့အပြင် အမျိုးသမီးတွေရဲ့ သားဥကြွေခြင်းကိုလည်း အားပေးပါတယ်၊.

    ( ၇ ) ကျောက်ကပ်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

    ကျောက်ကပ်ပျက်စီးတာ၊ ကျောက်ကပ်အဆိပ်သင့်တာနဲ့ ကျောက်ကပ်ရောင်တာစတဲ့ ပြဿနာတွေ ဖြေရှင်းဖို့အတွက် သင်္ဘောစေ့က ကူညီပေးဦးမှာပါ။

    ( ၈ )ကင်ဆာ ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်

    အားလုံးသိတဲ့အတိုင်း သင်္ဘောသီးဆိုတာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့အသီးတစ်ခုဆိုတော့ အစေ့ဖြစ်တဲ့ သင်္ဘောစေ့က ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်မယ်ဆိုတာ လုံးဝကို အသေအချာပဲနော်။

    ( ၉ ) ဝက်ခြံြပဿနာကိုလည်း ဖြေရှင်းပေးနိုင်မှာပါ။

    အခြားနည်းတွေလုပ်ကြည့်တာစုံနေပြီ။ ဝက်ခြံက ခုထိဒုက္ခပေးတုန်းဆိုတဲ့ သူတွေ သင်္ဘောရွက်နဲ့ သင်္ဘောစေ့လေးကို ကြိတ်ချေ၊ ရေလေးနည်းနည်းရောပြီး မျက်နှာပေါ် သုတ်လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ၁၀မိနစ်ကြာတဲ့အခါ ရေပြန်ဆေးချလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ပြီး သုံးနေကျ လိုရှင်းလေးပြန်လိမ်းထားလိုက်ပါ။ တစ်ပတ် တစ်ခါလောက် မှန်မှန်လုပ်ပေးရင် သင့်ဝက်ခြံ ပြဿနာ ကင်းရှင်းသွားမှာ အသေအချာပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement