ကြားဖူးကြတယ်မလား၊ သွေးပျစ်လို့ သွေးကျဲဆေးတွေသောက်နေရတယ်၊ သွေးခဲတာတွေ မဖြစ်အောင်လို့ သွေးကျဲဆေးတွေ ကြိုသောက်နေရတယ်ဆိုတဲ့အကြောင်းတွေကို။ သွေးခဲတယ်ဆိုတာကလည်း တကယ်ကို အန္တရယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုလေ။ သွေးခဲပြီး အဲဒီသွေးခဲလေးက သွေးကြောမှာ သွားပိတ်လိုက်တဲ့အခါ သွေးစီးဆင်းမှုရပ်သွားပြီး ကြွက်သားတွေ တစ်ရှူးတွေဆီ သွေးမရောက်တော့လို့ ပုတ်သွားတဲ့အဖြစ်အပျက်ကနေ အသက်ဆုံးရှုံးတဲ့အထိဖြစ်သွားတတ်တယ်မလား။ ဒီတော့ဒီလို အခြေအနေတွေကို ကြိုတင်ကာကွယ်ဖို့ သွေးကျဲဆေးတွေ ပေါ်လာရတော့တာပေါ့။
သွေးကျဲဆေးအမျိုးအစား ၂ မျိုးရှိပါတယ်။
- antiplatelet medicine – သွေးခဲတဲ့နေရာမှာ အဓိက တာဝန်ရှိတဲ့ platelet သွေးဆဲလ်လေးတွေ ပူးပြီးသွေးခဲ မဖြစ်အောင် ကာကွယ်ပေးတာ
- anticoagulant medicine – သွေးခဲခြင်းဖြစ်စဉ်ကို တားပေးတဲ့ သွေးကျဲဆေးဆိုပြီး ၂ မျိုးရှိပါတယ်။
ဘယ်လိုလူတွေက ဘယ်လို သွေးကျဲဆေး အမျိုးအစားကိုရွေးချယ်သင့်သလဲ။
Antiplatelet medicine – coronary artery disease ( နှလုံေးသွးကြောဆိုင်ရာရောဂါရှိတဲ့သူတွေ) peripheral vascular disease ( သွေးပြန်ကြောဆိုင်ရာ ပြဿနာရှိတဲ့သူတွေ) လေဖြတ်ဖူးသူတွေနဲ့ နှလုံးရောဂါ ခံစားနေရတဲ့သူတွေနဲ့ နှလုံးသွေးကြောပိုက်ထည့်ထားတဲ့ခွဲစိတ်မှု ခံယူထားသူတွေက antiplatelet medicine သွေးကျဲဆေး အမျိုးအစားသောက်သင့်ပါတယ်။
Anticoagulant medicine- လေဖြတ်နိုင်ဖို့ အလားအလာများနေတဲ့လူနာတွေ၊ atrial fibrillation (နှလုံးခုန်စည်းချက်မြန်) တဲ့ဝေဒနာခံစားရတဲလူနာတွေ၊ ဦးနှောက်တွင်းသွေးကြောတွေ ပိတ်သွားတဲ့လူနာတွေ၊ deep vein thrombosis (DVT) လို့ခေါ်တဲ့ အတွင်းပိုင်းသွေးပြန်ကြော သွေးခဲတဲ့ ဝေဒနာခံစားနေရတဲ့သူတွေ၊ cardiac bypass graft( နှလုံးသွေးကြော ခွဲစိတ်ကုသခြင်း)၊ angioplasty ( နှလုံသွေးကြောချဲ့ခြင်း) စတဲ့ ကုသမှုခံယူထားရတဲ့သူတွေ anticoagulant medicine သွေးကျဲဆေး အမျိုးအစားကို သောက်ရမှာဖြစ်ပါတယ်။
သွေးကျဲဆေးတွေရဲ့ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးတွေက ဘာတွေ များလဲ။
- သွေးယိြုခင်း – သွေးမခဲအောင်တားတဲ့ဆေးတွေဆိုတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးထွက်တာ၊ သွေးယိုတာတွေကတော့ အဖြစ်နိုင်ဆုံးပါ။
- Anticoagulants သွေးကျဲဆေးသောက်နေတဲ့သူတွေကတော့ ဦးနှောက်သွေးကြော အစာအိမ်သွေးကြော သွေးယိုတာ နဲ့ အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေမှာ ထိခိုက်မှု မရှိဘဲသွေးထွက်တာ၊ အညိုအမဲစွဲတာစတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အခြေအနေရောက်ရင် သွေးထွက်တာကိ ုပြန်ထိန်းနိုင်ဖို့ ဆေးပြန်သောက်ဖို့ လိုအပ်ပါတယ်။
သွေးကျဲဆေးသောက်နေတဲ့အချိန် ဘာတွေရှောင်စားရမလဲ။
- ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဘာဆေးမှ ကိုယ့်သဘောနဲ့ကိုယ်ေသောက်ပါနဲ့။ တိုင်းရင်းဆေး ဖြည့်စွက်အားဆေးတွေနဲ့ ဗီတာမင် ဆေးပြားတွေက သွေးကျဲဆေးတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတတ်တာကြောင့်ပါ။
သွေးကျဲဆေးသောက်နေချိန် ရှောင်ကိုရှောင်ရမယ့် အခြားအရာတွေကတော့
- အရက် – anticoagulants သွေးကျဲဆေးရဲ့ ဘေးထွက်ဆိုးကျိုး သွေးယိုခြင်းကို ပိုအားပေးတတ်တာကြောင့်ပါ။
- ဗီတာမင် K – ဗီတာမင် K အားဖြည့်ဆေးတွေ နေ့တိုင်းသောက်နေရတဲ့အခါ anticoagulants သွေးကျဲဆေး တစ်မျိုးဖြစ်တဲ့ warfarin ရဲ့ သွေးခဲစေတဲ့လုပ်ငန်းဆောင်တာကို နှောင့်ယှက်တတ်ပါတယ်။
- NSAID – ဒီ စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေက ကိုယ်တွင်းသွေးယိုခြင်း ပြဿနာကို ဖြစ်စေတတ်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဒါတွေကို သောက်သင့်ပါတယ်။
- တစ်ချို့ ပဋိဇီဝ ပိုးသတ်ဆေးတွေဟာ သွေးယိုခြင်းပြဿနာတွေကို ဖြစ်စေတတ်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဆေးသောက်တာမျိုးတွေ လုပ်သင့်ပါတယ်။
- တိုင်းရင်းဆေးတွေဖြစ်တဲ့ ginkgo biloba, garlic, chamomile တို့ဟာ anticoagulants သွေးကျဲဆေးတွေနဲ့ အတူတွဲသောက်ဖို့ မသင့်တဲ့ တိုင်းရင်းဆေးတွေပါ။
သွေးကျဲဆေးသောက်နေချိန် ဘာတွေကို ဆင်ခြင်ရဦးမလဲ။
- ထိခိုက်စေမယ့် ပြင်းထန် အားကစားနည်းတွေကို မကစားပါနဲ့။
- မုတ်ဆိတ်ရိတ်တဲ့အခါမျိုးတွေ မထိခိုက်မိအောင်သတိထားပါ။
- သွားတိုက်ရင်လည်း နူးညံ့တဲ့သွားပွတ်တံ အမျိုးအစားတွေကို ရွေးချယ်ပါ။
- ဖိနပ်အမြင့် ၊ ချောတဲ့ ဖိနပ်တွေ မဝတ်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာမရအောင် အတတ်နိုင်ဆုံ းထိန်းထားပါ။
- သွေးကျဲဆေးတွေက ရင်သွေးလေးကို ထိခိုက်စေတတ်တာကြောင့် သွေးကျဲဆေးသောက်နေချိန် ကိုယ်ဝန် မရအောင်လို့ ကိုယ်နဲ့ အဆင်ပြေမယ့် သန္ဓေတားနည်းတစ်ခုခု ရွေးချယ်ပြီးသုံးပါ။
- ခရီးသွားတဲ့အခါတွေမှာလည်း သွေးကျဲဆေးတွေ ဆောင်သွားဖို့ မမေ့ပါနဲ့။ ဆေးတွေကို အချိန်မှန်သောက်ပါ။
- ခွဲစိတ်မှုတစ်ခုခု လုပ်ရတော့မယ်၊ သွားနှုတ်ရတော့မယ်ဆိုတိုင်းဆရာဝန်ကို သွေးကျဲဆေးတွေ သောက်နေရတယ်ဆိုတာ ပြောပြပါ။
- နောက်ပြီး ကိုယ့်ကျန်းမာရေးနဲ့ သွေးဆဲလ်အခြေအနေတွေကိုသိဖို့ ဆရာဝန်ရက်ချိန် းပြည့်တိုင်း ပြန်သွားပြပါ။
- ကိုယ့်သဘောနဲ့ကိုယ် ဆေးကို ရပ်လိုက်တာ၊ သတ်မှတ်ရက်ထက်ကျော်ပြီး ဆက်သောက်နေတာမျိုးတွေ လုံးဝ မလုပ်ပါနဲ့။ ။
[embed-health-tool-bmi]