အားဆေး မဖြစ်မနေသောက်ပေးမှ ကျန်းမာရေး ကောင်းမှာလား ဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ရှိတတ်ကြမှာပါ။ ကိုယ်ကလည်း စားလို့ကောင်း သောက်လို့ကောင်းတဲ့ အရွယ်၊ ကျန်းမာရေး ကလည်း ကောင်းနေတယ် ဆိုရင် အားဆေး မသောက်လို့ ရလား။ သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။
ဘယ်လိုအခြေအနေမျိုးလည်း ဆိုတော့ ကိုယ်က အစားရွေးလွန်းတယ်။ သက်သတ်လွတ်စားနေတယ်။ စားတော့စားတယ် အစားနည်းတယ်။ အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားအရွယ်တွေ၊ ရောဂါအခံတွေ ရှိတဲ့ အခြေအနေမျိုးမှာပေါ့။ ဒီလို လူမျိုးတွေမှာဆို နေ့စဉ် တစ်နေ့ ၃နပ် စားနေပေမယ့်လည်း ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့နေနိုင်ပါတယ်။
ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့တဲ့အခါ အောက်ပါ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ကိုယ်စားတာ ကတော့ စားတာပဲ ။ ဒါပေမယ့် ဒီလို ဗီတာမင် ချို့တဲ့တဲ့ လက္ခဏာတွေ ရှိနေပြီဆို ဘာလုပ်ရမှာလဲ။ ဒီ ဗီတာမင် တွေ အကုန်လုံးပြန်ရအောင် ကိုယ့်ရဲ့ စားသောက်မှုပုံစံကို ပြန်ညှိဖို့ လိုပါတယ်။ လတ်တလောမှာတော့ အားဆေးသောက်ပြီး ဖြေရှင်းထားကြတာပေါ့။
ရေရှည်မှာတော့ အားဆေးကိုချည်း အားမကိုးဘဲ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ကို အစားအစာကနေ ရနိုင်သလောက် ယူတာက အကောင်းဆုံးပါ။
ဒါပေမဲ့ တချို့တွေမှာတော့ အားဆေးကို တစ်သက်လုံး မှီဝဲသွားရမယ့် လူတွေလည်း ရှိပါတယ်။ သူတို့တွေကတော့ အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေ၊ အူလမ်းကြောင်း ခွဲစိတ်မှုခံယူထားလို့ ဗီတာမင်တချို့ မရနိုင်တော့တဲ့သူတွေ၊ အာဟာရပြည့်ဝအောင် မစားဖြစ်ကြတဲ့ သက်သတ်လွတ်စားသူတွေပေါ့။ (ဒီနေရာမှာ သက်သတ်လွတ်စားတိုင်း အာဟာရချို့တဲ့တာ မဟုတ်ပါဘူး။ အသီးအရွက်တွေကနေလည်း အာဟာရ ရနိုင်လို့ သက်သတ်လွတ်စားတိုင်း အားဆေးသောက်ဖို့ လိုတာတော့ မဟုတ်ပါဘူး။)
ဒါကြောင့် ပြန်ချုပ်ရရင် နေ့စဉ် ၃နပ် ပြည့်ဝအောင် စားနေပေမယ့် စားသောက်ပုံ မမှန်တဲ့အခါ၊ မလုံလောက်တဲ့အခါ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချိုတဲ့တတ်ပါတယ်။ ဒီအခါ ဗီတာမင်အစုံပါတဲ့ အားဆေးတစ်မျိုး မှီဝဲပေးဖို့ လိုပါတယ်။ အားဆေးတွေ သောက်နေပေမယ့် တစ်ဖက်ကလည်း အာဟာရပြည့်ဝအောင် စားသုံးပါ။ အစားအသောက်ကရတဲ့ အာဟာရက အားဆေးကရတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေထက် ပိုကောင်းပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။