backup og meta

Gastric Perforation (အစာအိမ်ပေါက်ခြင်း)

Gastric perforation ဆိုတာဘာလဲ။

အစာအိမ်ပေါက်ခြင်းဟာ အစာအိမ်နံရံမှာ ရှိတဲ့ အပေါက်ကြောင့် အစာအိမ် ပေါက်သွားခြင်းကို ဆိုလိုပါတယ်။ အစာအိမ်နံရံမှာ အပေါက်ဖြစ်ရင် ဖြစ်နိုင်ပါတယ်။ appendicitis နဲ့ diverticultis အစရှိတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ထိခိုက်မိခြင်းတွေဖြစ်နဲ့ ဓါးထိုးခြင်း၊ သေနတ်ပစ်ခံရခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ပေါက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ သူဟာလည်း အစာအိမ်ပေါက်ခြင်း နဲ့ တူညီတဲ့ လက္ခဏာတွေကို ပြနိုင်ပါတယ်။

Gastric perforation ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Gastric perforation ဟာ အမျိုးသားရော၊ အမျိုးသမီးမှာပါ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ လူမျိုးတိုင်းမှာလည်း ဖြစ်နိုင်ပါတယ်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

Gastric perforation ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Gastric perforation ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ဗိုက်အလွန်နာခြင်း
  • တုန်ခြင်း
  • ဖျားခြင်း
  • ပျို့ခြင်း
  • အန်ခြင်း

အစာအိမ်ပေါက်ခြင်းနဲ့ peritonitis တွေဖြစ်မယ်ဆိုရင် ဗိုက်အလွန်နာနိုင်ပါတယ်။ နာကျင်မှုဟာ တစ်ယောက်ယောက်က ဗိုက်ကို ထိမိခြင်း၊ စမ်းကြည့်ခြင်း (သို့) လူနာ လှုပ်ရှားမှုတွေ ပြုလုပ်ရင် ပိုဆိုးနိုင်ပါတယ်။ လဲလျောင်းနေတဲ့အခါ သက်သာနိုင်ပါတယ်။ ဝမ်းဗိုက်ဟာ ပူနေနိုင်ပြီး မာနိုင်ပါတယ်။

အစာအိမ်ပေါက်ခြင်းရဲ့ ယေဘုယျလက္ခဏာတွေသာမက peritonitis ရဲ့ လက္ခဏာတွေကတော့

  • ပင်ပန်းခြင်း
  • ဆီးနည်းခြင်း၊ ဝမ်းနည်းခြင်း၊ လေမတက်ခြင်း
  • မောခြင်း
  • နှလုံးခုန်မြန်ခြင်း

ခေါင်းမူးခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်မှာ ဒီလက္ခဏာတွေ ရှိတယ်ဆိုရင် ကျန်းမာရေးကုသမှု ခံယူသင့်ပါတယ်။ အစာအိမ်ပေါက်ခြင်းဟာ အရေးပေါ်ကုသမှုလိုအပ်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီအခြေအနေဟာ အသက်အန္တရာယ် ရှိပါတယ်။ ပြန်ကောင်းနှုန်းဟာ ရောဂါစောစီးစွာတွေ့ရှိမှုနဲ့ ကုသမှုပေါ် မူတည်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက Gastric perforation ဖြစ်ပွားစေသလဲ။

အစာအိမ်ပေါက်ခြင်း ကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကတော့

  • အသက်ကြီးသူတွေမှာ ပိုအဖြစ်များတဲ့ အူအတက်ရောင်ခြင်း
  • အစာခြေ လမ်းကြောင်းရောဂါတစ်ခုဖြစ်တဲ့ diverticulitis
  • အစာအိမ်ကင်ဆာ
  • သည်းခြေ ကျောက်တည်ခြင်း
  • သည်းခြေအိတ် ရောဂါပိုးဝင်ခြင်း
  • အူရောင်ရောဂါတွေဖြစ်တဲ့ Crohn’s disease, ulcerative colitis
  • Meckel’s diverticulum ရောင်ခြင်း
  • အစာခြေလမ်းကြောင်း ကင်ဆာဖြစ်ခြင်း

အစာအိမ်ပေါက်ခြင်းဟာ အောက်ပါအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

  • ဗိုက်ကို ခိုက်မိခြင်း
  • ဝမ်းဗိုက်ကို ဓါးထိုးမိခြင်း၊ သေနတ်မှန်ခြင်း
  • ဝမ်းဗိုက်ခွဲစိတ်မှု
  • Aspirin, NSAID, steroids ဆေးတွေကြောင့် အစာအိမ် အနာဖြစ်ခြင်း

ပြင်ပ အရာဝတ္ထုတွေ စားမိခြင်း

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက Gastric perforation ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Gastric perforation ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဗိုက်ကို ခိုက်မိခြင်း
  • ဝမ်းဗိုက်ကို ဓါးထိုးမိခြင်း
  • ကင်ဆာ
  • Aspirin, NSAID, steroids ဆေးတွေကို မကြာခဏ သောက်သုံးခြင်း

ဖြစ်နိုင်ခြေရှိတဲ့ အချက်တစ်ခုရှိခြင်းဟာ အစာအိမ်ပေါက်ခြင်း ဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဖြစ်နိုင်တဲ့ အချက်တွေဟာ ရောဂါဖြစ်နှုန်းကို ဒီအချက်မရှိတဲ့သူတွေထက် ပိုမြင့်တက်စေတယ်လို့ ဆိုလိုခြင်းသာ ဖြစ်ပါတယ်။ အချို့အချက်တွေကတော့ ပိုအရေးကြီးပါတယ်။

ဖြစ်နိုင်တဲ့အချက် မရှိခြင်းဟာလည်း ရောဂါမဖြစ်ဘူးလို့ မဆိုလိုပါဘူး။ သင့်ကျန်းမာရေးစောင့်ရှောက်သူနဲ့ ဒီအချက်တွေကို ဆွေးနွေးဖို့ အရေးကြီးပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Gastric perforation ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

အစာအိမ်ပေါက်ခြင်းကို အတည်ပြုခြင်းမှာ အောက်ပါအချက်တွေပါဝင်ပါတယ်။

  • ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း
  • စစ်ဆေးမှု ပြုလုပ်ခြင်း
  • သွေးစစ်ဆေးခြင်း (သွေးဖြူဥ တက်ခြင်းကို သိရှိရန်)
  • ဝမ်းဗိုက်၊ ရင်ဘတ် X-rays ရိုက်ခြင်း
  • ဝမ်းဗိုက် CT ရိုက်ခြင်း

အချို့အခြေအနေတွေမှာ တူညီတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။ သင့်ကျန်းမာရေးဆရာဝန်က မှန်ကန်တဲ့ ရောဂါတွေ့ရှိမှုအတွက် အခြားရောဂါတွေကို ဖယ်ထုတ်ဖို့ စစ်ဆေးမှုတွေကို ထပ်မံပြုလုပ်နိုင်ပါတယ်။

Gastric perforation ကို ဘယ်လိုကုသလဲ။

အစာအိမ်ပေါက်ခြင်းဟာ အသက်အန္တရာယ်ရှိတ့ အခြေအနေတစ်ခုဖြစ်ပြီး ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။

အောင်မြင်စွာ ခွဲစိတ်နိုင်မှုဟာ ပေါက်တဲ့နေရာ၊ အရွယ်အစားနဲ့ ပေါက်တဲ့ကြာချိန်တွေပေါ် မူတည်ပါတယ်။ ရောဂါကို စောစောသိရှိပြီး ကုသနိုင်လေလေ ရလဒ်ကောင်းမွန်လေလေပဲဖြစ်ပါတယ်။

အစာအိမ်ပေါက်ခြင်းဟာ ဝမ်းဗိုက်အတွင်းကို အစာတွေ စိမ့်ထွက်ခြင်းကိုကန့်သတ်ဖို့အတွက် ခွဲစိတ်မှု ချက်ခြင်း လိုအပ်ပါတယ်။

ခွဲစိတ်မှုဟာ အပေါက်ကို ပြင်ဆင်ခြင်း၊ ရောဂါပိုးဝင်ခြင်းကို လျှော့ချခြင်းတွေကို ကူညီပေးနိုင်ပါတယ်။။ အချို့အခြေအနေမှာတော့ မကောင်းတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ဖြတ်တောက်ရနိုင်ပါတယ်။

တကယ်လို့ အူဖြတ်ရရင် အူကို ကိုယ်ခန္ဓါ ပြင်ပကို ခဏထုတ်ထားခြင်း ပြုလုပ်ပြီး ကိုယ်ခန္ဓါပြင်ပသို့ စွန့်ထုတ်ခြင်း ကောင်းအောင်ပြုလုပ်နိုင်ပါတယ်။ ဝမ်းဗိုက်နံရံကို အူထုတ်ထားတာဖြစ်ပါတယ်။ အူကနေ စွန့်ထုတ်လိုက်တဲ့ ဝမ်းတွေဟာ ဝမ်းဗိုက်ကို ဆက်ထားတဲ့ အိပ်ထဲ ဝင်သွားမှာဖြစ်ပါတယ်။

ရှားပါးတဲ့ အစာအိမ်ပေါက်ခြင်းတွေမှာ အပေါက်ဟာ ပိတ်သွားပြီး ပိုးသတ်ဆေးသောက်ခြင်းနဲ့တင် လုံလောက်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Gastric perforation ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Gastric perforation ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • အာဟာရပြည့်ဝစွာ စားသောက်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်လျှော့သောက်ခြင်း
  • ဆေးသုံးခြင်းကို ရှောင်ကျဉ်ခြင်း
  • တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Gastric perforation. http://www.healthline.com/health/gastrointestinal-perforation#Complications6. Accessed November 14, 2016.
Gastric perforation. https://en.wikipedia.org/wiki/Gastrointestinal_perforation#Signs_and_symptoms. Accessed November 14, 2016.
Gastric perforation. https://www.ncbi.nlm.nih.gov/pubmed/22730417. Accessed November 14, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!



Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement