အဓိပ္ပါယ်ဖွင့်ဆိုချက်
Ulcer (အနာဖြစ်ခြင်း) ကဘာလဲ။
Ulcer ဆိုတာဟာ အနာဖြစ်ခြင်း တစ်မျိုးပါ။ peptic ulcers ဆိုတာကတော့ အစာအိမ်နဲ့ duodenum လို့ခေါ်တဲ့ အူ အပေါ်ပိုင်း တွေမှာ အနာဖြစ်တာကို ခေါ်ပါတယ်။ အဲဒီ peptic ulcer တွေက အဖြစ်များပါတယ်။
Ulcer (အနာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အနာဖြစ်ခြင်းဟာ တော်တော် အဖြစ်များပါတယ်။ ဘယ်အသက်ရွယ်မှာ မဆိုဖြစ်နိုင်ပါတယ်။ ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချ ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်လိုက်နိုင်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Ulcer (အနာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အစာအိမ်၊အူအနာ ဖြစ်ခြင်းရဲ့ အဓိကရောဂါ လက္ခဏာတွေကတော့
- အစာ စားသောက်နေချိန်မှာ ကောင်းနေပြီး စားပြီး ၁ နာရီ၊ ၂နာရီ ကြာမှ ဆိုးလာခြင်း၊နာခြင်း၊ မသက်မသာ ဖြစ်ခြင်း။( အူအပေါ်ပိုင်း အနာ)
- အစားအစာ စား၊သောက်ရင် နာခြင်း (အစာအိမ်အနာ)
- အစာအိမ်နာခြင်းကြောင့် ညဘက် အိပ်ပျော်နေတာတောင်နိုးလာရခြင်း။
- ဗိုက်ပြည့်သလို ခံစားရခြင်း။
- လေးလံတဲ့ခံစားချက်ဖြစ်ပေါ်ခြင်း၊ အစာအိမ်နားမှာ လောင်ကျွမ်းနေသလို(သို့) အနည်းငယ်နာကျင်ခြင်း။
- အန်ခြင်း။
- မမျှော်လင့်ဘဲ ကိုယ်အလေးချိန်ကျဆုံးခြင်း။
အပေါ်မှာ ဖော်မပြထားတဲ့ ရောဂါ လက္ခဏာတွေ လည်းရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတစ်ခုခုနဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။