backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း)


Dr. Sandy Kyaw မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) ကဘာလဲ။

မုန့်ချိုအိတ်ဆိုတာအစာအိမ်ရဲ့နောက်မှာရှိတဲ့ ကြီးမားတဲ့အဂါၤတစ်ခုဖြစ်ပါတယ်၎င်းက အစာခြေတဲ့ဟော်မုန်းနဲ့အန်ဇိုင်းတွေထုတ်ပေးပြီးအစာခြေရာမှာကူညီပါတယ်။ မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ခြင်းဆိုတာ မုန့်ချိုအိတ်မှာအရည်အိတ်လေး ဖြစ်ပေါ်နေခြင်းကို

ခေါ်ပါတယ်။ မုန့်ချိုအိတ်မှာအရည်အိတ်အများစုဟာကင်ဆာဖြစ်တာ

တော့သိပ်မရှိပါဘူးများသောအားဖြင့် ဘာလက္ခဏာမှမပြတတ်ပါဘူး။၎င်းတို့က ယေဘုယျအားဖြင့် တစ်ခြားပြသနာတွေအတွက်ပုံရိပ်ဖော်စမ်းသပ်နည်းတွေစမ်းရင်းနဲ့မှ တွေ့လာရတာများပါတယ်။ သင့်ဆရာဝန်က သင့်ရဲ့မုန့်ချိုအိတ်မှာဖြစ်တဲ့အရည်ကိုနမူနာယူစမ်းပြီးမှ ကင်ဆာဆဲလ်တွေပါမပါ ကြည့်မှာပါ။

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ခြင်းဟာအမျိုူးသားနဲ့အမျိုးသမီးကြားအတူတူဖြစ်ကြပါတယ်။ နှစ်စဉ်နဲ့အမျှမှာမုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်တာကိုအထူးပြုလေ့လာထားတဲ့ အထူးကုတွေက လူ၃၀၀ထက်မနည်း ဒီအခြေအနေနဲ့ရှိနေကြတယ်လို့ဆိုပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သိပ္ပံပညာရှင်တွေကမုန့်ချိုအိတ်အရည်တည်ခြင်းကိုကုသတာထက် ဒီတိုင်းမကုပဲဂရုတစ်စိုက်ကြည့်ပြီးနေတာဟာပဲအကောင်းဆုံးလို့ဆိုပါတယ်။ သို့သော်လည်းဒါတွေကို အန္တရာယ်ရှိတဲ့အချက်တွေကိုလျှော့ချခြင်းနဲ့ ပြုလုပ်လို့ရပါတယ်။

(တစ်ခြားအချက်အလက်တွေကိုသိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။)

လက္ခဏာများ

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ခြင်းရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ။

သင့်ဆီမှာဘာရောဂါလက္ခဏာတွေမှ သိပ်မတွေ့ရနိုင်ပါဘူး။ တစ်ခြားအကြောင်းတွေကြောင့် သင့်ရဲ့ဗိုက်ကိုပုံရိပ်ဖော်စမ်းသပ်နည်းတွေလုပ်ကြည့်ရင်းနဲ့မှ မကြာခဏတွေ့ရှိရတာမျိုးရှိပါတယ်။ တကယ်လို့ မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ခြင်းရဲ့ရောဂါလက္ခဏာတွေတွေ့ရမယ်ဆိုရင်တော့ ၎င်းတို့က

-ဗိုက်တအားနာခြင်းနဲ့နာတာကနောက်ကျောဘက်ကိုပါပြန့်နိုင်ပါတယ်။

-ဗိုက်အပေါ်ပိုင်းမှာအလုံးအကြိတ်လိုမျိုးစမ်းမိမှာပါ

-ပျ ို့အန်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောစီးစီးရောဂါရှာဖွေခြင်းနဲ့ကုသခြင်းကအခြေအနေတအားဆိုးခြင်းရယ်အခြားကျန်းမာရေးအရေးပေါ်အခြေအနေတွေကနေရပ်သွားဖို့တားနိုင်မှာပါ။ အဲ့ဒါကြောင့် အရမ်းဆိုးတဲ့အခြေအနေထိမရောက်ခင် ကာကွယ်နိုင်ဖို့ သင့်ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပါ။ သင်ကတကယ်လို့ မူးမေ့လဲကျခြင်း၊ဗိုက်တအားနာခြင်း၊သတိမေ့ချင်သလိုလိဖြစ်ခြင်း၊နှလုံးခုန်နှုန်းမြန်ခြင်း၊သွေးအန်ခြင်းတို့ တွေ့ကြုံခံစားရပါကအရေးပေါ်ဆေးအသင်းကိုဆက်သွယ်ပါ။

(သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။)

အကြောင်းရင်းများ

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ရတဲ့ အဓိကပုံစံနှစ်မျိုးရှိပါတယ်

Pseudocyst (ယောင်နေသောအရည်အိတ်မျိုး) နဲ့ true cysts(မယောင်သောအရည်အိတ်မျိုး)။ pseudocystsတွေကတော့ benign လို့ခေါ်တဲ့ အန္တရာယ်မပေးတတ်တဲ့အိတ်မျိုးဖြစ်ပြီး true cystsကတော့ benignလည်းဖြစ်နိုင်တယ် ကင်ဆာလည်းဖြစ်နိုင်ပါတယ်။

Pseudocystsကတော့ အစာခြေတဲ့အန်ဇိုင်းတွေထွက်တဲ့အတွက် အရမ်းအလုပ်လုပ်ပြီးမုန့်ချိုအိတ်ကိုသွားဆွတဲ့အတွက် နာကျင်တဲ့အခြေအနေတွေ တွေ့ကြုံရတတ်ပါတယ်။pseudocystsကဗိုက်ကိုထိခိုက်တဲ့ဒဏ်ရာတွေ ဥပမာကားအက်စီးဒင့်ဖြစ်တာတွေကနေရရှိတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အရက်အသောက်များခြင်းနဲ့ သည်းခြေကျောက်ရှိခြင်းတို့ကမုန့်ချိုအိတ်ယောင်ဖို့အတွက် အန္တရာယ်များစေတဲ့အချက်တွေဖြစ်ပါတယ်။ မုန့်ချိုအိတ်ယောင်ခြင်းကနေမုန့်ချိုအိတ်အရည်အိတ်ဖြစ်လာစေနိုင်တဲ့အန္တရာယ်ရှိတဲ့အချက်ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုက်မှာဒဏ်ရာရခြင်းကလည်းpseudocystsပိုဖြစ်စေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မုန့်ချိုအိတ်အရည်အိတ်ဖြစ်ခြင်းကိုအခုခေတ်မှာပုံရိပ်ဖော်နည်းပညာတွေတိုးတက်လာခြင်းကြောင့် အရင်ကထက်ပိုပြီးရောဂါရှာလို့ရလာတာကိုကျေးဇူုးတင်ရမှာပါ။ မုန့်ချိုအိတ်အရည်အိတ်ဖြစ်ခြင်းကိုအခြားပြသနာများအတွက်ဗိုက်ကိုဓါတ်မှန်ရိုက်ကြည့်ခြင်းတွေကနေရှာတွေ့တာများပါတယ်။ အဖြေရှာရှာမှာဒီအရည်အိတ်ကကင်ဆာဖြစ်သွားမလားဆိုတာကိုဆုံးဖြတ်ဖို့ကအဓိကအခက်အခဲအဖြစ်ရှိနေတာပါ။ အောက်မှာပြောပြမယ့် နည်းလမ်းတွေဟာရောဂါရှာဖွေဖို့နဲ့ကုသမှုပေးမှုတွေမှာမကြာခဏသုံးတဲ့နည်းတွေဖြစ်ပါတယ်။

-ကျန်းမာရေးနဲ့ပတ်သက်တဲ့နောက်ကြောင်းမေးမြန်းခြင်း။ အရင်ကဗိုက်မှာဒဏ်ရာရတာတို့ ဒါမှမဟုတ် မုန့်ချ ိုအိတ်ယောင်ခြင်းတို့ကpseudocyst ဖြစ်နိုင်ပါတယ်။

-CT ရိုက်ကြည့်ခြင်း။ ဒီပုံရိပ်ဖော်နည်းလမ်းကနေမှ မုန့်ချိုအိတ်မှအရည်အိတ် ရဲ့ အရွယ်အစားတည်ဆောက်ပုံတွေကိုသိနိုင်ပါတယ်။

-MRI ရိုက်ခြင်း။ ဒီပုံရိပ်ဖော်နည်းကတော့ မုန့်ချိုအိတ်ကအရည်အိတ်ကိုအသေးစိတ်ပုံဖော်ကြည့်နိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်ချေ များတဲ့ အစိတ်အပိုင်းတွေများပါနေမလားဆိုတာထိ ကြည့်လို့ရပါတယ်။

-Endoscopic Ultrasound မှန်ပြောင်းထည့်ပြီးတီဗီဓါတ်မှန်ရိုက်ကြည့်ခြင်း။ ဒီနည်းကလည်း MRI လိုပဲအရည်အိတ်ကိုအသေးစိတ်ကြည့်လို့ရပါတယ်။ အရည်အိတ်ထဲကရရှိတဲ့အရည်ကိုဓါတ်ခွဲစမ်းသပ်ခြင်းနဲ့လည်းကင်ဆာဖြစ်နိုင်တဲ့လက္ခဏာတွေရှိနိုင်မလားဆိုတာသိနိုင်ပါတယ်။

သင့်ရဲ့အသက်အရွယ် ယောက်ကျားမိန်းမအရည်အိတ်ရဲ့တည်နေရာထူးခြားတဲ့လက္ခဏာတွေပေါ်မူတည်ပြီး ဆရာဝန်တွေက သင့်ဆီမှာဘယ်လိုအရည်အိတ်မျိုးရှိနေတယ်ဆိုတာပြောပြပေးနိုင်ပါတယ်။

-serous cystadenoma:ဒီအရည်အိတ်မျိုးကတော့ အနီးအနားက အင်္ဂါတွေကို ဖယ်ပစ်တဲ့အထိ ကြီးလာနိုင်ပြီး ဗိုက်နာခြင်းနဲ့ ဗိုက်တင်းခြင်းတွေကို ဖြစ်စေပါတယ်။

-mucinous cystadenoma:ဒီ ပုံစံကတော့ မုန့်ချိုအိတ်ရဲ့ အလည်ဘက် ဒါမှမဟုတ် အမြီးဘက် မှာဖြစ်တတ်ကြပြီး အသက်၄၀-၅၀ အရွယ် တွေမှာအများဆုံး တွေ့ရပါတယ်။mucinous cystadenomaက ကင်ဆာဖြစ်နိုင်တဲ့အခြေအနေရှိတဲ့အတွက် မကုသပဲထားပါက ကင်ဆာဖြစ်လာနိုင်ပါတယ်။

-intraductal papillary mucinous neoplasm:ဒီပုံစံကတော့ မုန့်ချိ ုအိတ်ရဲ့ လမ်းကြောင်း ဒါမှမဟုတ် သူ့ရဲ့ လမ်းကြောင်းခွဲတစ်ခုမှာ ကြီးထွားမှုဖြစ်ပါတယ်။ ၎င်းဟာလည်း ကင်ဆာဖြစ်နိုင်ပါတယ်။

-papillary cystic tumor:ဒီအရည်အိတ်မျိ ုးကတော့ များသောအားဖြင့် မုန့်ချိ ုအိတ်ရဲ့ အလယ်ဘက် ခန္ဓါကိုယ်ပိုင်းနဲ့ အမြီးဘက်မှာ အဖြစ်များပြီး အသက် ၃၅နှစ်အောက်

အမျိ ုးသမီးတွေမှာ အတွေ့ရများပါတယ်။

-cystic islet cell tumor:အများအားဖြင့် အခဲပုံစံဖြစ်တတ်ပြီး အရည်အိတ်လိုအပိုင်းလည်းပါဝင်တတ်ပါတယ်။ ဒီ အကြိတ်မျိးကတော့ ရှားပါတယ်။

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဘယ်လိုအရည်အိတ်ရှိသလဲဆိုတာပေါ်မူတည်မယ် အရွယ်အစား သူ့တို့ရဲ့ လက္ခဏာတွေ ဘာတွေက ရောဂါလက္ခဏာတွေကိုဖြစ်စေတာလဲ ဆိုတာတွေကြည့်ပြီး ဘယ်နည်းလမ်းနဲ့ကုသရမလဲဆိုတာ သင့်ဆရာဝန်က ဆုံးဖြတ် ပါ

လိမ့်မယ်။

-စောင့်ကြည့်ခြင်း၊ ရိုးရိုး ဘာဒုက္ခမှမပေးတဲ့ အရည်အိတ်ဆိုရင် အရမ်းပဲကြီးနေပါစေ ဘာမှ အနှောင့်အယှက်မပေးရင် သူ့ဘာသာ ဒီအတိုင်း ထားနိုင်ပါတယ်။serous cystadenoma က ကင်ဆာဖြစ်သွားတာရှားတဲ့အတွက် ရောဂါလက္ခဏာတွေမပြရင် ကြီးမလာဘူးဆိုရင် ဒီအတိုင်းထားနိုငပါတယ်။ ဒါပေမယ့် ဘယ်အရည်အိတ်ပဲဖြစ်ဖြစ် သေချာ ကြည့်ရှုစောင့်ကြည့်နေရပါမယ်။

-မြောင်းဖောက်ခြင်း၊ မုန့်ချိ ုအိတ်က အရည်အိတ်ကနေ ဒုက္ခပေးတဲ့ လက္ခဏာတွေရှိလာရင် ဒါမှမဟုတ် ကြီးလာခဲ့ပါက မြောင်းဖောက်ပြီး အရည်တွေစီးဆင်းစေလို့ရပါတယ်။ နည်းလမ်းက

တော့ ပျော့ပျောင်းတဲ့ ပြွန်ခပ်သေးသေးတစ်ခုကို (endoscope)ကို သင့်ပါးစပ်ကနေ သင့်အစာအိမ်နဲ့ အူသိမ်ထိဖြတ်ခိုင်းတာပါ။

ပြီးတော့ ဒီ ပြွန်လေးထည့်တာကို တီဗီ ဓါတ်မှန်မှာကြည့်လို့ရတဲ့ ကိရိယာလေးနဲ့ တွဲထားပြီး မုန့်ချိ ုအိတ်က အရည်အိတ်ကို အပ်လေးနဲ့ဖောက်ကာ အရည်တွေစီးစေတာပါ။ တစ်ခါတစ်လေမှာ

အရေပြားကနေ ဖောက်ချဖို့လိုအပ်ပါတယ်။

-ခွဲစိတ်ခြင်း:ခွဲစိတ်ခြင်းကတော့ အရမ်းကြီးမားတဲ့အရည်အိတ်မျိ ုးတွေ ဒါမှမဟုတ် serous cystadenoma လိုမျိ ုးတွေမှာ နာကျင်မှု

ဖြစ်လာရင် ဒါမှမဟုတ် တစ်ခြား ရောဂါလက္ခဏာတွေဖြစ်လာရင် ခွဲစိတ်ဖို့ အကြံပေးပါတယ်။ တစ်ခြား မုန့်ချ ိုအိတ်အရည်အိတ်တွေကလည်း ကင်ဆာ အန္တရာယ်ကို ကြောက်ရတာကြောင့် ခွဲစိတ်ပြီးထုတ်ပစ်ဖို့ ယေဘုယျအားဖြင့် လိုတတ်ပါတယ်။

လူနေမှု ဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။

မုန့်ချိုအိတ်အရည်အိတ်ဖြစ်ချိန်မှာ ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။

အရည်အိတ်ဖြစ်ခြင်းကို ကာကွယ်နိုင်မယ့် အသုံးဝင်မယ့် နည်းလေးတွေကတော့

-လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ဖို့မမေ့ပါနဲ့

-သင့်ကို သက်တောင့်သက်သာမဖြစ်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရှောင်ဖို့ကြိုးစားပါ။

-အနားယူဖို့နဲ့ နာလန်ထဖို့ကြိုးစားပါ။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement