အဓိပ္ပါယ်ဖွင့်ဆိုချက်
Mesenteric lymphadenitis (အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်း) ကဘာလဲ။
အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်းဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဓိက အဖြစ်များတဲ့ ရောဂါတမျိုး ဖြစ်ပြီး ဝမ်းဗိုက်အတွင်းမှာရှိတဲ့ လင့်ဖ်အကြိတ်တွေကို ရောင်ရမ်းဖောင်းကားလာစေပါတယ်။ လင့်ဖ်အကြိတ်ဆိုတာဟာ ပဲစေ့အရွယ် သေးငယ်တဲ့ အင်္ဂါလေးတွေဖြစ်ပြီး လင်ဖိုဆိုက်လို့ခေါ်တဲ့ သွေးဖြူဥတမျိုး ပါဝင်ပါတယ်။