backup og meta

ဘယ်အချိန်မှာ အသည်းကိုသန့်စင်ရမလဲ


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘယ်အချိန်မှာ အသည်းကိုသန့်စင်ရမလဲ

အသည်းသည် ခန္ဒါကိုယ်၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သာ်လည်း လူအတော်များများသည် အသည်းနှင့်ပက်သက်သည့်ရောဂါလက္ခဏာများကို အသည်းကြောင့်ဖြစ်ကြောင်း သတိမပြုမိကြပါ။

အောက်ပါ သတိပေးချက် ၅ချက် သည် သင့်အသည်းနှင့်ပက်သက်ပြီး လျစ်လျူမရှုသင့်သော အချက်များဖြစ်သည်။

သင့်အသည်းသည် ကပ်ပါးပိုးကောင်များ၊ ဘက်တီးရီးယားများ၊ ဆေးများ၊ ဓါတုဗေဒပစ္စည်းများပါဝင်သော အစားသောက်များစသည် ခန္ဒါကိုယ်ကို အန္တရာယ်ရှိစေမည့်အဆိပ်အတောက်များကိုသန့်စင်ပေးသောနေရာဖြစ်သည်။၎င်းသည် သကြားဓါတ်၊ ခန္ဒါကိုယ်အတွက်လိုအပ်သောဗီတာမင်နှင့် သတ္တုဓါတ်များကိုသိုလှောင်ရာနေရာလည်းဖြစ်သည်။ ထို့ကြောင့် သင့်အသည်းသည် သန့်စင်မှုပြုလုပ်ပေးနေမှသာလျှင် သူ့လုပ်ငန်းများကိုကောင်းမွန်စွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။

သင့်အသည်းတွင် ပြသနာတစုံတရာရှိပါကအောက်ပါ လက္ခဏာများခံစားရနိုင်ကြောင်းအရင်သိရှိထားရမည်။

ဆီများသောအစားအစာများကိုကောင်းမွန်စွာမချေဖျက်နိုင်ခြင်း

အသည်းသည် အဆီကိုချေဖျက်နိင်ရန် အစာချေရည်တမျိုး (သည်းခြေရည်) ကိုထုတ်ပေးသည်။ အဆီကိုချေဖျက်နိုင်မှ အရိုးများအတွက်လိုအပ်သောဗီတာမင်ဒီကဲ့သို့သောဓါတ်မျိုးကိုရရှိနိုင်မည်ဖြစ်သည်။

သင့်အသည်းသည် ဆီများကိုကောင်းစွာမချေနိုင်တော့သည့်အခါ အသားတွင်အဆီဖုများထွက်လာခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်းနှင့် အဝလွန်ခြင်းတို့ဖြစ်လာနိုင်ပါသည်။

အစာမကြေလေပွခြင်း

၎င်းလက္ခဏာကို NASH ဟုခေါ်သောအရက်ကြောင့်မဟုတ်သောအသည်းရောင်ခြင်းဖြစ်သောလူနာများတွင်တွေ့ရသည်။ အသည်းသည် သင့်ဝမ်းဗိုက်ထဲတွင် အတိုင်းအတာတခုအထိနေရာယူထားသဖြင့် အသည်းကြီးလာလျှင် သင်သည် ပြည့်အင့်ခြင်း၊ ဗိုက်ကယ်ခြင်းတို့ကိုခံစားလာရပါသည်။

ကိုယ်အလေးချိန်အလွန်အကျွံတက်လာခြင်း

လေ့ကျင့်ခန်းလုပ်နေရင်းအစားအသောက်ထိန်းနေရင်းကပင် ကိုယ်အလေးချိန်အလွံအကျွံတက်လာလျှင် အသည်းပြဿနာကြောင့်ဖြစ်တတ်သည်။ အသည်းမကောင်းတော့သောအခါ အင်ဆူလင်ဟော်မုန်းထုတ်ခြင်း၊ အဆီများကိုချေဖျက်ခြင်းနှင့် သကြားဓါတ်ထိန်းညှိခြင်းတို့ ကောင်းမွန်စွာမလုပ်ဆောင်နိုင်တော့သောကြောင့် ဝလာရခြင်းဖြစ်သည်။ ကိုယ်အလေးချိန်မထိန်းနိုင်လျှင် သင့်အရိုးများ၏သိပ်သည်းဆလျော့နည်းကာအရိုးကျိုးလွယ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။

အရက် ဘီယာမသောက်သုံးသော်လည်းဗိုက်ရွှဲလာခြင်း

အသည်းရောင်လာပြီးအလုပ်ကောင်းစွာမလုပ်နိုင်တော့သောအခါ ထိုသို့ဖြစ်တတ်သည်။ အသည်းကြောင့်ဗိုက်ရွှဲခြင်းသည် ရိုးရိုးဝ၍ဗိုက်ပူခြင်းများနှင့် ပုံစံမတူဘဲဗိုက်အပေါ်ပိုင်းတွင် အဆီများစုဝေးလာခြင်းဖြစ်သည်။

အမြဲတမ်းအိုက်စပ်စပ်ဖြစ်နေပြီးချွေးထွက်လွန်းခြင်း

၎င်းသည် အသည်းမှ ဟော်မုန်းထုတ်လွှတ်မှုမညီမျှခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ အသည်းသည် ခန္ဓါကိုယ်၏အပူချိန်ကိုထိန်းညှိပေးသောဦးနှောက်ရှိနေရာ (Hypothalamus) နှင့် ဆက်စပ်နေပြီး Hypothalamus သည် အရိုးများကိုထိခိုက်စေသော Cortisol ဓါတ်ကိုထုတ်ပေးခြင်းဖြင့် ဟော်မုန်းများကိုထိန်းချုပ်ပေးသည်။

အချုပ်ဆိုရသော် ဈေးကွက်ထဲတွင် သင့်ကိုကိုယ်အလေးချိန်ကျစေပြီးကျန်းမာစေမည်ဟုအာမခံကာမက်လုံးပေးရောင်းချနေသောဆေးများစွာရှိပါသည်။ သို့သော် အချို့သောဆေးများသည် သင့်ကို အန္တရာယ်ရှိစေနိင်သောကြောင့် သင့်ကိုယ်အလေးချိန်ကျဆင်းစေရန် သေချာစွာစိစစ်ပြီးမှရွေးချယ်ပါ။ အသည်းကိုအဆိပ်အတောက်သန့်စင်ပေးနိုင်သောအစားအစာများကိုရွေးချယ်စားသုံးခြင်းဖြင့် ကျန်းမာသက်ရှည်စွာနေထိုင်နိုင်ရန် အကြံပြုလိုက်ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement