- သင့်အသည်းကိုထိခိုက်စေသော ဆေးဝါးများကို မသုံးပါနှင့်။
သင့်တွင် အသည်းရောင် ရောဂါ ရှိလျှင် အခြား ရောဂါများအတွက် ပေးသော ဆေးဝါးများသည် သင့်ကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဆရာဝန် မညွှန်ကြားဘဲ မိမိဘာသာ ဆေးဝယ်သောက်ခြင်းကို ဂရုစိုက်သင့်သည်။ အသည်းရောင် နေပါလျှင် အသည်းက ဆေးများကို အဆင့်ဆင့်ဖျက်ဖို့ရာ ခက်ခဲပါသည်။ ထို့ကြောင့် ဆေးဆိုင်မှ ကိုယ့်ဘာသာ ဆေးဝယ် မသောက်မီ ဆရာဝန်ကို မေးမြန်းပါ။(သို့) ဆေးဝါး ကျွမ်းကျင် ပညာရှင်ကို မိမိသောက်နေသော ဆေးများ အကြောင်း မေးပါ။
- သင်၏အလေ့အကျင့်များကို ပြောင်းလဲပါ။
သင့်ကျန်းမာရေး ကောင်းမွန်ပြီး အသည်းရောင် လက္ခဏာများကို ကာကွယ်နိုင်ရန် မကောင်းသော အလေ့အကျင့်များကို ပြောင်းလဲပါ။ ဆေးလိပ်ဖြတ်ခြင်း၊ နေ့စဉ် လေ့ကျင့်ခန်း လုပ်ခြင်းနှင့်အတူ ဆရာဝန်ညွှန်ကြားသော အားဆေး မှီဝဲခြင်းတို့ကို ပြုလုပ်ပါ။ ဆရာဝန် မညွှန်ကြားဘဲ သံဓါတ်ပါသည့် ဆေးများကို မသုံးစွဲပါနှင့်။
ထို့ပြင် ကောင်းမွန်သော သွားကျန်းမာရေးက သွားပြဿနာ မှတဆင့် ရောဂါပိုး ဝင်ခြင်းကို လျှော့ချပေးသည်။
သင် ကာကွယ်ဆေး ထိုးပြီးပြီဆိုသည်ကို သေချာအောင် လုပ်ပါ။ တုပ်ကွေး ကာကွယ်ဆေး၊ အသည်းရောင် ရောဂါ အေ နှင့် ဘီ ကာကွယ်ဆေး၊ အဆုတ်ရောင် ရောဂါ ကာကွယ်ဆေး တို့ကို ထိုးဖြစ်အောင် ထိုးပါ။ သင်ဘယ်အချိန်တွင် ကာကွယ်ဆေး တစ်ခေါက် ပြန်ထိုးဖို့ လိုအပ်လည်း ဆိုသည်ကို ဆရာဝန်အား မေးဖို့မမေ့ပါနှင့်။
- အကာအကွယ်မသုံးဘဲ လိင်မဆက်ဆံပါနှင့်။
အကာအကွယ် သုံးခြင်းက အသည်းရောင် ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ အသည်းရောင် ရောဂါ ဘီ နှင့် စီသည် လိင်မှတဆင့် ကူးစက်နိုင်သောကြောင့် အကာအကွယ် မရှိဘဲ လိင်ဆက်ဆံပါက ရောဂါကူးနိုင်ခြေ ပိုများစေပါသည်။
အသည်းရောင် ရောဂါ ကာကွယ်ဆေးများ အကြောင်း ဆရာဝန်ဆီတွင် မေးမြန်း၍ သင်နှင့် သင့်အဖော်ကို ကာကွယ်နိုင်ရန် အကောင်းဆုံး နည်းလမ်းကို ဆွေးနွေးနိုင်သည်။
ကျန်းမာသော လူနေမှုပုံစံက သင့်ရောဂါ အတွက် အံ့အားသင့်ဖွယ် အကျိုး သက်ရောက်မှုများ သယ်ဆောင်လာ နိုင်ပါသည်။ ထိုကောင်းကျိုးတွေ ရရှိဖို့ သင် ယခုပဲ စတင် ပြောင်းလဲလိုက်ပါတော့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။