· စိတ်ပူပန်မှုလျော့ကျစေသောဆေးများ
IBS ရှိသူများတွင် အနည်းမျှသောလူများမှာသာ လက္ခဏာပြင်းပြင်းထန်ထန်ရှိတတ်ပါတယ။် တချို့လူတွေက စားသောက်မှု၊ နေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှုများလျှော့ချပြောင်းလဲခြင်းဖြင့် လကဏာတွေကို ကိုင်တွယ်ဖြေရင်းကြပါတယ်။ တချို့လူတွေကတော့ ဆွေးနွေးခြင်းနဲ့ ဆေးဝါးများလိုအပ်ပါတယ်။
လိုက်နာသင့်သောအချက်များ
IBS ဟာမှန်းထားလို့မရပါဘူး။ လက္ခဏာမပြဘဲ လပေါင်းများစွာနေပြီးမှ ရုတ်တရတ်ကြီးပေါ်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ IBS မှာ သက်သာရာရနည်းက ထိုရောဂါဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံးဆက်နွယ်နေတယ်ဆိုတာ သိထားဖို့ပဲဖြစ်တယ်။ အကောင်းဆုံးကုသမှုက နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြစ်တယ်။
တချို့သောစားစရာတွေက လက္ခဏာတွေကို ပိုဆိုးစေတတ်တယ်ဆိုရင် ထိုအစာကိုရှောင်သင့်တယ်။ စားပြီးချိန်မှ ဗိုက်အောင့်၊ ဗိုက်နာတတ်ပါက အစားစားရာမှာ နည်းနည်းနဲ့ခဏခဏစားကြည့်သင့်ပါတယ်။
IBS ရှိသူတွေဟာ အမျှင်ဓါတ်များများစားသင့်တယ။် အမျှင်ဓါတ်ဟာ ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်သလို ဝမ်းလျှောခြင်းကိုလည်းသက်သာစေနိုင်တယ်။ အစာကြေလွယ်တဲ့အမျှင်ဓါတ်ပါသောအစာတွေကတော့-
· အုတ်ဂျုံနဲ့လုပ်ထားသောအစာများ
· ငှက်ပျောသီး၊ ပန်းသီးကဲ့သို့ အသီးအနှံများ
· မုန်လာဥနီ၊ အာလူးကဲ့သို့ အမြစ်စာများ
· ပေါင်မုန့်
· စီရီယယ်
· အစေ့အစံများ
အစားအစာတွေအပြင် စားသောက်မှုပုံစံပါ ပြောင်းလဲသင့်ပါတယ်။ IBS လက္ခဏာတွေသက်သာစေဖို့-
· ပုံမှန်စားပါ၊ စားရာတွင်ဖြေးဖြေးစားပါ
· အစာအလွတ်မခံပါနဲ့၊ တစ်ခါနဲ့တစ်ခါကြားအချိန်အရမ်းမကြာစေပါနဲ့
· တစ်ရက်အရည် အထူးသဖြင့်ရေ၊ လက်ဖက်ရည်ကြမ်း အနည်းဆုံး ၈ ခွက်ခန့်သောက်ပါ။
· ကော်ဖီ၊ လက်ဖက်ရည်လျှော့သောက်ပါ။ အများဆုံးတစ်ရက် ၃ ခွက်ပဲသောက်ပါ။
· အယ်လ်ကိုဟော်၊ ဂတ်စ်ပါသောသောက်စရာများ လျှော့ပါ။
· အစာကြေခက်သော ကဆီဓါတ်ပါသောစားစရာများ လျှော့ပါ။
· လတ်ဆတ်သောအသီးအနှံကိုတစ်ရက်လျှင် သုံးအုပ်စုခန့်စားပါ။ တစ်အုပ်စုမှာ ပန်းသီး သို့ ဂရိတ်ဖရုသီးတစ်ဝက်ခန့်ဖြစ်တယ်။
· ဝမ်းသွားလေ့ရှိပါက သကြားမပါသော သကြားလုံး၊ သောက်စရာများ၊့ ဆီးချိုသွေးချိုနဲ့ ဝိတ်လျှော့သူများအတွက်ထုတ်ထားသော အစာများတွင်ပါတတ်သည့် ဖန်တီးထားသောအချို sorbitol ရှောင်ပါ။
· လေပွတတ်ပါက အုတ်ဂျုံဖြင့်ပြုလုပ်ထားသော အစာများစားကြည့်ပါ။
အူလှုပ်ရှားမှုဟာ ဦးနှောက်ကထိန်းချုပ်တာကြောင့် စိတ်ဖိစီးမှုများခြင်းဟာ IBS ကိုပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုလျှော့ချဖို့ လုံလောက်စွာအနားယူပါ။
IBS ဟာနာကျင်ရသလို စိတ်ကသိကအောက်လည်းဖြစ်ရပါတယ်။ လူအများစုဟာ စိတ်တို၊ စိတ်ဓါတ်ကျရပါတယ်။ ဒါကြောင့် ထိုရောဂါနဲ့ပတ်သတ်ပြီး နားလည်အောင်လေ့လာကာ သင့်လျောသောဆရာဝန်တစ်ယောက်နဲ့ ရင်းနှီးစွာတိုင်ပင်ပြီး သင့်ကိုယ်သင်လည်း စိတ်ဖိစီးမှုလျှော့ချရာမှာ သေချာပါဝင်လုပ်ဆောင်သင့်ပါတယ်။
မိမိနေ့စဉ်ဘဝကိုထိခိုက်လာသည်အထိ စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန်ခြင်းတွေကြုံလာပြီဆိုရင်တော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။ ထိုပြနာတွေဟာ ကုသမှုမပါဘဲ ကောင်းခဲပြီး ဆရာဝန်မှ စိတ်ဓါတ်ကျခြင်းအတွက်ဆေး၊ သို့ မိမိအပြုအမူဆိုင်ရာကုသမှု CBT ပေးပြီး IBS ကိုကိုင်တွယ်ဖြေရှင်းနိုင်အောင်ကူညီပေးပါလိမ့်မယ်။ သင့်လျော်တဲ့ ဆေးဝါးကုသမှု၊ စိတ်ပိုင်းဆိုင်ရာကုသမှုတွေနဲ့ IBS ရှိနေသည့်တိုင်အောင ်ပုံမှန်ဘဝကို တက်ကြွပြည့်ဝစွာနေနိုင်ပါလိမ့်မယ်။
IBS ဟာသင့်ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုမဟုတ်ဘဲ ကင်ဆာဖြစ်ခြင်း၊ တခြားရောဂါများဖြစ်ခြင်းနဲ့လည်း မသက်ဆိုင်နေပါဘူး။
Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။